ကော့တီရာဇမဟာဝိဟာရ
ကော့တီရာဇမဟာဝိဟာရ | |
---|---|
කෝට්ටේ රජ මහා විහාරය | |
![]() The Stupa and ruined stone pillars at the Vihara premises | |
အချက်အလက်များ | |
တည်နေရာ | Sri Jayawardenepura Kotte, Sri Lanka |
ကိုဩဒိနိတ် | 06°52′51.5″N 79°54′17.3″E / 6.880972°N 79.904806°Eကိုဩဒိနိတ်: 06°52′51.5″N 79°54′17.3″E / 6.880972°N 79.904806°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Colombo |
စီရင်စု | Western Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument (17 May 2013) |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
ကော့တီရာဇမဟာဝိဟာရ ( သီဟိုဠ်: කෝට්ටේ රජ මහා විහාරය)သည် သီရိလင်္ကာနိုင်ငံ၊ အနောက်ပိုင်းစီရင်စု၊ Sri Jayawardenepura Kotte တွင် တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကော့တီလမ်းမ၏ Pita Kotte လမ်းဆုံတွင် တည်ရှိသည့် သမိုင်းဝင်အဆောက်အဦ Pita Kotte Gal Ambalama အနီးတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းကို ၂၀၁၃ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အစိုးရဂေဇတ်အမှတ် ၁၈၁၁ တွင် ကြေညာခဲ့သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]ကော့တီရာဇမဟာဝိဟာရကျောင်း၏ သမိုင်းကြောင်းသည် ကော့တီဘုရင့်နိုင်ငံလက်ထက်ကာလက ဖြစ်သည်။ ဘုရင် Parakumbha VI (1415-1467) အုပ်စိုးစဉ်က ကျောင်းတော်တည်ဆောက်မှုများသည် တော်ဝင်နန်းတော်မှ ထောက်ပံ့အားပေးမှုကြောင့် အလုံးစုံ ပြီးစီးခဲ့ပြီး ဖြစ်သည်။ ဘုရင်ကြီးသည် ကျောင်းတော်ကို သူ၏ တော်ဝင်နန်းတော်နှင့် နီးကပ်အောင် တည်ဆောက်ခဲ့သည်။ ထိုသို့တည်ဆောက်ခြင်းမှာ သူသည် သံဃာ့အဖွဲ့အစည်းအား လိုအပ်သည့် အမှုကိစ္စများ ပြုလုပ်ပေးနိုင်ရန် ဖြစ်သည်။[၂]
ဒတ်ချ်လူမျိုးများ အုပ်ချုပ်သည့်ကာလတွင် ကျောင်းတော်သည် လုံးဝအဖျက်ဆီး ခံခဲ့ရသည်။ Ven. Pilane Buddha Rakkitha thero သည် ဖျက်ဆီးခံခဲ့ရသည့် ကျောင်းတော်အပျက်ကို တွေ့ရှိပြီးနောက် ၁၈၁၈ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ သို့သော်လည်း မူလကျောင်းတော်၏ တည်ဆောက်မှုအများစုနှင့် အနုပညာလက်ရာများည်အဖျက်ဆီးခံရခြင်း၊ ထို့အပြင် နိုင်ငံခြားသားတို့က ယူဆောင်သွားခြင်းများကြောင့် အပျက်အစီးအကြွင်းအကျန် အနည်းငယ်သာ ကျန်ရှိတော့သည်။ ကျန်ရှိနေခဲ့သည်မှာ လက်ရှိစေတီတော်၊ Katharagama Devalaya ရုပ်တု အစိတ်အပိုင်များနှင့် ကျောင်းတော်ပရဝုဏ်အတွင်းရှိ ကျန်ရှိနေခဲ့သည့် ကျောက်တိုင်အချို့ ဖြစ်သည်။[၂]
စာပေ
[ပြင်ဆင်ရန်]
Aththaragama Bandara Rajaguru ရေးသားခဲ့သည့် စာအုပ်ဖြစ်သည့် Vihara Asna (Nam Potha) တွင် ကော့တီရာဇမဟာဝိဟာရအကြောင်းကို ဖော်ပြထားသည်။ ထိုစာအုပ်သည် Kandyan ခေတ်ကာလက စာအုပ်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံရှိ အရေးပါသည့် ဗုဒ္ဓဘာသာနေရာများအကြောင်းကို စုဆောင်းမှတ်တမ်းတင်ထားသည့် စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ကော့တီကျောင်းတော်သည် Oth Pilima geya နှင့် Jayawardenepura Kotte Shanmuga Devalaya ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ Parakumbha VI တည်ခဲ့သည့် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးသည့် ကျောင်းတော်နှင့် ၎င်း၏ အရှေ့ဘက်တွင် တည်ရှိသည့် ကျောင်းတော်များ ဖြစ်ကြသည်ဟု ယုံကြည်ရသည်။ ထိုကျောင်းတော်၏ ဘေးတွင် ကော့တီခေတ်က ကဗျာစာပေ (Sandesha Kavya) ကို ဖော်ပြထားသည်။
ပန်းချီ
[ပြင်ဆင်ရန်]
ကော့တီဝိဟာရရှိ ဗုဒ္ဓရုပ်ပွားတော်သီတင်းသုံးရာ ကျောင်းတွင် အခန်းနှစ်ခန်း ပါဝင်သည်။ အတွင်းဘက်အခန်း၏ နံရံတွင် Kandyan ခေတ်ကာလ ဆေးရေးပန်းချီများဖြင့် ရေးဆွဲထားသည်။ အပြင်ဘက်အခန်းတွင်မူ မကြာသေးမီအချိန်ကာလတစ်ခုက ခေတ်ပေါ်ပန်းချီများဖြင့် ရေးဆွဲထားသည်။ အတွင်းဘက်အခန်း၌ ဝင်ပေါက်နှစ်ခု ရှိပြီး Makara Thorana (နဂါးပေါင်းကူး) ဖြင့် ထွင်းထုကာ ကာရံထားရှိသည်။ ဗစ်တိုးရီးယားဘုရင်မ၏ ပုံတူပန်းချီကို ညာဘက်ဝင်ပေါက်တံခါးတွင် ရေးဆွဲထားပြီး ခြင်္သေ့နှစ်ကောင်းပုံလည်း ပါဝင်သည်။
Dalada Perahera
[ပြင်ဆင်ရန်]နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓ၏ သွားဓာတ်တော်ကို လှည့်လည်ကာ အပူဇော်ခံသည့်ပွဲ ပြုလုပ်ပြီး ကော့တီဝိဟာရက စီမံခန့်ခွဲရသည်။ ထိုလှည့်လည်အပူဇော်ခံပွဲကို Weedagama Maithree Thero ၏ အကြံပေးချက်အရ ဘုရင် Parakumbha VI က ၁၄၁၅ ခုနှစ်တွင် စတင်ခဲ့သည်။ [၃]ကော့တီဘုရင့်နိုင်ငံပြိုလဲပြီးနောက်တွင် ဤလှည့်လည်ပွဲသည်လည်း ရပ်တန့်ခဲ့ရသည်။ ၁၉၀၁ ခုနှစ်တွင် Ven. Embulgama Wimalatissa Theroက ပွဲတော်ကို တစ်ဖန်ပြန်လည်စတင်ခဲ့သည်။[၄]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- "PART I : SECTION (I) — GENERAL Government Notifications" (17 May 2013). The Gazette of the Democratic Socialist Republic of Sri Lanka 1811. Archived 22 June 2019 at the Wayback Machine.
- Kotte Rajamaha Viharaya – කෝට්ටේ රජමහා විහාරය
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gazette 1811 & 17 May 2013, p. 423.
- ↑ ၂.၀ ၂.၁ Amarasekara၊ Janani (13 March 2011)။ Kotte Raja Maha Vihara steeped in history။ Sunday Observer (Sri Lanka)။ 27 March 2017 တွင် ပြန်စစ်ပြီး။
- ↑ Gunawardhana၊ A.M. (6 September 2013)။ Sri Dalada Perahera of Sri Jayawardenapura Kotte။ The Island (Sri Lanka)။ 30 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
- ↑ Sri Dalada Perahera of Sri Jayawardenapura Kotte။ kotterajamahaviharaya။ 9 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။