ကူးသန်းပင်

ဝီကီပီးဒီးယား မှ

ကူးသန်းပင်သည် အထက်နှင့် အောက် မြန်မာပြည် မိုးပါးသောဒေသများတွင်ပေါက်သော တောသစ်ပင်ကြီး တစ်မျိုးဖြစ်သည်။ အမြင့်ပေ ၈ဝ မှ ၉ဝ အထိ၊ ပင်စည်လုံးပတ် ၇ ပေမှ ၈ ပေအထိရှိ၍ အများအားဖြင့် ဖြောင့်မတ် ရှည်လျားသည်။

သစ်သား၏အရောင်မှာမွဲပြာ၍ အသားပွကာ ကြမ်းသယောင် ရှိသည်။ အသားသေအောင်ပြုလုပ်ရန်လွယ်ကူသော်လည်း ကြာရှည် ခံနိုင်ရည်မရှိချေ။

ကူးသန်းသားသည် မီးခြစ်လုပ်ရန် သင့်လျော်သော အသားမျိုးဖြစ်၍၊ ကလေးကစားစရာ၊ ဝက်မှင်ဘီးခုံ၊ လှည်းထမ်းပိုးနှင့် ထင်းရှူးသေတ္တာကဲ့သို့ အပေါစားသေတ္တာများပြုလုပ်ရန် အသုံး ဝင်သည်။ အခေါက်ကိုမူ အဖျားဖြတ်ဆေးများဖော်စပ်ရာ၌အသုံးချသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)