ကူဇကိုမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကူဇကိုမြို့

Cusco
Cuzco/Cusco(စပိန်)
Qusqu/Qosqo (ကွေးချာ)
မြို့
Cusco, Peru.png
နိုင်ငံပီရူးနိုင်ငံ
ဒေသကူဇကို
ခရိုင်ကူဇကို
ကူဇကိုမြို့တော်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ပီရူး
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၂၇၃
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကူဇကိုမြို့ သည် ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း အင်န်ဒီးစ် တောင်တန်းများ၏ အူရူးဘမ်ဘာတောင်ကြား အနီးတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ကူဇကိုဒေသ နှင့် ကူဇကို ခရိုင်၏ မြို့တော် လည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၄၂၈,၄၅၀ ဦး ရှိသည်။ ကူဇကိုနော့တ် ၏ အရှေ့စွန်းတွင် တည်ရှိပြီး ၎င်း၏ အမြင့်မှာ ၃,၄၀၀ m (၁၁,၂၀၀ ft) မျှ ရှိသည်။

ထိုဒေသသည် အင်ကာဧကရာဇ်နိုင်ငံတော်၏ မြို့တော် အဖြစ် ၁၃ ရာစု မှ ၁၆ ရာစု စပိန်တို့ သိမ်းပိုက်အောင်မြင်သည့် အချိန် အထိရှိခဲ့သည်။ ၁၉၈၃ တွင် ကူဇကိုအား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် "ကူဇကို မြို့တော်" အမည်ဖြင့် ထည့်သွင်းခဲ့သည်။ အဓိက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး တစ်နှစ်လျှင် ဧည်သည့် ၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။ ပီရူး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပီရူး၏ သမိုင်းဝင်မြို့တော် အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Constitución del Perъ de 1993။ Pdba.georgetown.edu။ 22 July 2009 တွင် ပြန်စစ်ပြီး။