ကူကီးလူမျိုးတို့၏ နောက်ခံ သမိုင်းအကျဉ်း
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ကူကီးလူမျိုးများအနေဖြင့် မိမိတို့လူမျိုးများမှာ ရှေးပဝေသဏီအချိန်က khul (ဂူ) မှ တဆင့် ဆင်းသက် လာခဲ့သော Pu.Songthu ၏ မျိုးဆက်များဖြစ်ကြသည်ဟု သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက် ဆုပ်ကိုင်ယုံ ကြည်လာခဲ့ကြသည်။
ကူကီးလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဟန်လင်း (Hatlen) တို့မှတဆင့် အထက်ချင်း တွင်းမြစ်၏ အနောက်ဘက်ကမ်းဒေသများ၊ ချင်းတောင်တန်းမြောက်ပိုင်းဒေသများ၊ နာဂတောင်တန်းဒေသ များ၊ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အသံ ပြည်နယ်ရှိ Karbi-Anglong ဒေသများအတွင်း ရှေးအကျဆုံး ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည့် ဌာ နေတိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။
ကူကီးလူမျိုးတို့သည် ရှေးပဝေသဏီကပင် ကိုယ်ပိုင်နယ်မြေဒေသ(Zale'n-gam)တွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဘိုးစဉ်ဘောင်ဆက် လွတ်လပ်အေးချမ်းစွာ ရပ်တည်နေထိုင်လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။ ကူကီးလူမျိုးတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော နယ်မြေများမှာ အရှေ့ဘက်တွင် အထက်ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတလျှောက်၊ ကလေးကဘော်ဒေသမှ နာဂတောင်တန်းဒေသ အထိနှင့် ချင်းတောင်တန်းမြောက်ပိုင်းဒေသတို့ ပါဝင်သည်။ အနောက်ဘက်တွင် မဏိပူရပြည်နယ်ရှိ တောင် တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အာသံပြည်နယ်ရှိ Karbi-Anglong ဒေသ တို့ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း (၆,၀၀၀)ကျော် ကျယ်ပြန့်သည်။
ကူကီးလူမျိုးတို့သည် ပြည့်စုံကြွယ်ဝသော ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် တရားစီရင်ထုံးများကိုလည်း သီးခြားပိုင်ဆိုင်ခဲ့ကြပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်တို့ တွင် မည်သည့်လူမျိုးခြားကိုမျှ အားကိုးမှီခိုခြင်းမရှိဘဲ သမိုင်းစဉ်တလျှောက်လုံး လွတ်လပ်စွာ ရပ်တည်လာခဲ့ ကြသည်။ ကူကီးလူမျိုးတို့သည် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေများအတွင်း သက်ဆိုင်ရာမျိုးနွယ်စု (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ စီမံအုပ်ချုပ်မှု အောက်တွင် စည်းလုံးညီညွတ်စွာဖြင့် စိုးရိမ်ကြောင့်ကျခြင်းမရှိဘဲ လွတ်လပ်စွာ ရပ်တည်လာခဲ့ကြသည်မှာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်သိမ်းပိုက်မှု မခံရမီအချိန်ထိပင်ဖြစ် သည်။
ကူကီးလူမျိုးတို့သည် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေများကို ဝင်ရောက်ကျူးကျော်ရန်ပြုလာသော နယ်ချဲ့ အင်္ဂလိပ်တို့၏ ကျူးကျော်မှုများကို အကြိမ်ကြိမ် ဆန့်ကျင်တွန်းလှန်ခဲ့ကြရာ ပထမကမာ္ဘစစ်အတွင်း ဖြစ်ပွားခဲ့ သော Anglo-Kuki War အင်္ဂလိပ်-ကူကီးစစ်ပွဲ (၁၉၁၇-၁၉) မှာ ဒေသတွင်း အကြီးကျယ်အပြင်းထန်ဆုံးသော စစ်ပွဲကြီး ဖြစ်ခဲ့သည်။ ၎င်း Anglo-Kuki War အင်္ဂလိပ်-ကူကီးစစ်ပွဲ (၁၉၁၇-၁၉) သည် အာရှတစ်ခွင်၌ ဗြိတိ သျှနယ်ချဲ့တို့၏ ကျူးကျော်မှုများကို ခုခံတော်လှန်ခဲ့ကြသည့် အကြီးကျယ်ဆုံးနှင့် အပြင်းထန်ဆုံးသော သ မိုင်းဝင်စစ်ပွဲ ကြီးများအနက် တခုအပါအဝင်ဖြစ်ခဲ့သည်။
နယ်စားပယ်စားများဖြစ်ကြသော ကူကီးအကြီးအကဲ (Haosa)ဟွောင်ဆာများသည် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှု အပေါ်တွင် ခုခံတိုက်ခိုက်သင့် မတိုက်ခိုက်သင့် ဆုံးဖြတ်ရန် တမျိုးသားလုံးကို ကိုယ်စားပြုသည့် အစည်းအဝေးများကို ဒေသအတွင်းရှိ Chahsat, Longjaနှင့် Jampiတို့တွင် သုံးကြိမ်တိုင်အောင် ပြုလုပ် ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးပွဲများမှ (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ ဆုံးဖြတ်ချက်များအ ရ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ကို အမိမြေမှ စစ်ကြောင်း(၄)ကြောင်းဖြန့်ကျက်ကာ ခုခံတွန်းလှန်တိုက် ခိုက်ကြရန် သဘောတူညီခဲ့ကြသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ကူကီးဘိုးဘွားပိုင်မြေကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ရန် ဗြိတိသျှ စစ်ဗိုလ် ချုပ် Lieutenant General Sir. Henry D.U.Keary အား ဦးဆောင်စေခဲ့ပြီး ၎င်း၏ ဦးဆောင်မှုအောက်တွင် ဗိုလ်မှူးချုပ် Brigarial Macquidအား စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ကာ ၎င်းတို့ လက်အောက်ခံကိုလိုနီစစ်တပ် များဖြစ်ကြသော Burma Military Police (၃၂၀၀) နှင့် Assam Rifle (၂၆၀၀) အပါအဝင် စစ်သည်တော် စုစုပေါင်း (၇၆၅၀)နှင့် စစ်အရာရှိ (၂၀၈)တို့အား ကူလီ(၈၃၀၀) ကျော်တို့နှင့်အတူ ထိုးစစ်ဆင်စေခဲ့ကြသည်။
ထိုစစ်ပွဲကြီးသည် ၁၉၁၇ မှ စ၍ ၁၉၁၉ ခုနှစ်အထိ သုံးနှစ်တိုင်အောင်ကြာရှည်ခဲ့ပြီး ပြင်းထန်သော စစ်ပွဲ များနှင့်အတူ အင်္ဂလိပ်နယ်ချဲ့စစ်တပ်မှ ကူကီးလူမျိုးများ၏ လယ်ယာကောက်ပဲသီးနှံများကို မီးရှို့ဖျက်ဆီးပစ် ခြင်း၊ အိမ်မွေးတိရိစာ္ဆန်ဟူသမျှကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အိမ်ရာနှင့် စပါးကျီဟူသမျှကို မီးရှို့ဖျက်ဆီးပစ် ခြင်း၊ အရပ်ဘက်ပြည်သူများ၏ စားနှပ်ရိက္ခါသယ်ယူပို့ဆောင်မှုများကို ပိတ်ဆို့တားဆီးခြင်း၊ မြို့ရွာများကို မီး ရှို့ဖျက်ဆီးပစ်ခြင်း၊ စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်ဘက်ပြည်သူများနှင့် သက်ကြီးရွယ်အို ကလေးသူငယ် များပါ မချန်ဘဲ ကျားမ-မရွေး ညှာတာမှုကင်းမဲ့စွာဖြင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်းစေဘဲ ကမ်းကုန်အောင် ရက် စက်ခြင်း၊ ကူကီးစစ်သည်များ၏ သားသမီးများနှင့်မိဘများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း အစ ရှိသော ညှာတာမှုကင်းမဲ့ပြီး ရက်စက်ယုတ်မာသည့် စစ်ဆင်ရေးနည်းမျိုးစုံကို ကျင့်သုံးခဲ့ကြသောကြောင့် ကူ ကီးလူမျိုးတို့သည် ဆိုးဝါးစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။
ထို့အပြင် လူအင်အား၊ စစ်အင်အား၊ လက်နက်အင်အားများစွာမမျှတ၍ ကူကီးလူမျိုးများသည် အလွန် ပင် အခက်အခဲဖြစ်ခဲ့ကြရသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ကူကီးခေါင်ဆောင်များမှာ ပြည်သူများကို ငဲ့ညှာ ရင်း တစုံတရာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းမျှ မရှိဘဲ အညံ့ခံခဲ့ကြသောကြောင့် ၁၉၁၉ခုနှစ် နှစ်ကုန်ပိုင်း တွင် ကူကီးလူမျိုးများနှင့် ကူကီးဘိုးဘွားပိုင်မြေသည် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်တို့၏ အင်ပါယာအစိတ်အပိုင်း တခုအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရလေသည်။
ဤစစ်ပွဲတွင် စစ်ရှုံးခဲ့သော ကူကီးခေါင်းဆောင် Haosa ဟွောင်ဆာများကိုလည်း နေရာခွဲခြားကာ အ နောက်ဘက်ဒေသတွင် နေထိုင်ကြသည့် ကူကီးစော်ဘွားများ ဖြစ်ကြသော....
(1). Pu. Cheng Ja Pao Chief of AiSan (2). Pu. Kho Tin Thang Chief of YamPi (3). Pu. Lun Kho Mang Chief of ChahSat (4). Pu Tin Tong Chief of LaiJang (5). Pu. Pa Kang Chief of HengLep (6). Pu. En Ja Khup Chief of ThenJang (7). Pu. Ngul Khup Chief of LonPi (8). Pu. Hem Ja Son Chief of TingKai (9). Pu. Mang Kho On Chief of LoiBol (10).Pu. Let Thang Chief of GoBoh (11).Pu. Lun Kho Mang Chief of ChongJang (12).Pu. Sem Chung Chief of UKha
တို့ကို အိန္ဒိယပိုင် အက်ဒမန်ကျွန်း အကျဉ်းထောင်တွင် လည်းကောင်း၊ အရှေ့ဘက်ဒေသတွင် နေထိုင်ကြသည့် စစ်ခေါင်းဆောင် ကူကီးစော်ဘွားများ ဖြစ်ကြသော....
(13).Pu. Hao Kho Pao Chief of MolVaiLup (14).Pu. Ja Lhun Chief of MolVom (15).Pu. Kam Ja Hen Chief of PhaiLenJang (16).Pu. Kon Dem Chief of SaChih (17).Pu. Let Ja Hao Chief of KhoMunNom (18).Pu. Let Kho Thang Chief of KhoTuh (19).Pu. Noh Jang Chief of SaiSem (20).Pu. Sem Kho Lun Chief of PhaiSat (21).Pu. Son Kho Pao Chief of TuiSom (22).Pu. Tong Kho Lun Chief of PhaiLenJang (23).Pu. Tu Kih Chief of TongLhang (24).Pu. Vum Ngul Chief of TuJang
တို့ကို မြန်မာနိုင်ငံရှိ တောင်ကြီးအကျဉ်းထောင်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးအကျဉ်းချထားခဲ့ကြ သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် စစ်ရှုံးနိမ့်ခဲ့ကြသဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသော ကူကီးမျိုးချစ် Haosa ဟွောင်ဆာ စစ်ခေါင်းဆောင်များကို သေဒဏ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှခဲ့ကြသည်။ ကျန်ရှိ သော ကူကီးတော်လှန်ရေးသမားများကိုလည်း ဟုမ္မလင်း၊ ခနီး္တ၊ အင်ဖား စသည်တို့တွင် ထောင်ချခြင်း၊ အ လုပ်ကြမ်းများ ပြုလုပ်ခိုင်းခြင်းဖြင့် ရက်ရက်စက်စက် အပြစ်ပေးခဲ့ကြသည်။
စစ်ပြီးဆုံးပြီးနောက်ပိုင်းတွင် အစဉ်အလာအရ အုပ်ချုပ်ရေးနယ်မြေတခုအတွင်း ဆက်စပ်တည်ရှိနေ သော ကူကီးနယ်မြေကို (၂) ပိုင်းခွဲကာ အနောက်ဘက်ခြမ်းကို အိန္ဒိယအုပ်ချုပ်ရေးနယ်မြေ အတွင်းတွင်၎င်း၊ အရှေ့ဘက်ခြမ်ကို မြန်မာအုပ်ချုပ်ရေးနယ်မြေ အတွင်းတွင်၎င်း ထည့်သွင်းအုပ်ချုပ်ခဲ့ကြသည်။ ထို့အပြင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကူကီးလူမျိုးများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲရန်နှင့် အမျိုးသားရေးလက္ခဏာရပ် များ ပပျောက်တိမ်ကောစေရန် ကူကီးလူမျိုးများအတွင်း သွေးခွဲအုပ်ချုပ်ရေးစနစ်ကျင့်သုံးလာခဲ့ကြရာ ကူကီး လူမျိုးများသည် ဘက်ပေါင်းစုံမှ နိမ့်ကျလာခဲ့ကြသည်။
အိန္ဒိယအုပ်ချုပ်ရေးနယ်မြေအတွင်း သွတ်သွင်းခြင်းခံခဲ့ရသည့် ကူကီးနယ်မြေများကို မဏိပူရနှင့် အာသံ တို့၏ အုပ်ချုပ်မှုအောက်တွင် ထပ်မံခွဲခြားကာ ထည့်သွင်းအုပ်ချုပ်စေခဲ့သည်။ မြန်မာအုပ်ချုပ်ရေးနယ်မြေ အ တွင်းတွင် သွတ်သွင်းခြင်းခံခဲ့ရသည့် ကူကီးနယ်မြေများအနက် အထက်ပိုင်းဒေသရှိ JouJang Haosa ဟွောင်ဆာ ပိုင်ဖြစ်သော ရွာပေါင်း (၃၀) ရွာခန့်အပါအဝင် နာဂတောင်တန်းနှင့် ဟုမ္မလင်းမြို့နယ်တို့ကို ခနီး္တခ ရိုင်အုပ်ချုပ်ရေးနယ်မြေများ အဖြစ်လည်းကောင်း၊ ကလေးကဘော်ဒေသများအပါအဝင် အလယ်ပိုင်းဒေသ များကို မော်လိုက်ခရိုင်အုပ်ချုပ်ရေးနယ်မြေများ အဖြစ်လည်းကောင်း၊ HengJang Haosa ဟွောင်ဆာ ပိုင်ဖြစ် သော ရွာပေါင်း (၁၅) ရွာခန့်အပါအဝင် အောက်ပိုင်းကူကီးနယ်မြေများကို ချင်းတောင်တန်းချုပ်ရေးနယ်မြေအ ဖြစ်လည်းကောင်း အစိတ်စိတ် အမြွှာမြွှာ အပိုင်းပိုင်းဖြစ်အောင် ထပ်မံခွဲခြား၍ အုပ်ချုပ်စေခဲ့သည်။
ဤသို့ ထပ်မံခွဲခြားထားခြင်း ခံခဲ့ကြသောကြောင့်လည်း လူနည်းစုကူကီးလူမျိုးများမှာ ပို၍ လူနည်းစုဘဝ အဖြစ်သို့ ရောက်ရှိခဲ့ကြကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ပို၍ အောက်ကျနောက်ကျဖြစ်ခဲ့ကြရပြီး ပို ၍ပင် နစ်နာဆုံးရှုံးခဲ့ကြရလေသည်။ ထိုအကြားတွင်ပင် စစ်ရှုံးနိမ့်ခဲ့ကြသော ကူကီးလူမျိုးများအပေါ် အပြစ် ပေးသည့်အနေဖြင့် ဒေသအတွင်းရှိ တမူး-ကလေးလမ်း၊ တမူး-တုံဟဲလမ်း၊ တမူး-အင်ဖာလမ်း များအပြင် အင်ဖာကို ဗဟိုပြု၍ ချူရာကျန်ပူ၊ အုပ်ခွန်၊ တမင်လောင်၊ ဆယ်နာပတီ စသော လမ်းမကြီးများကို ဖောက်လုပ် စေခဲ့သည်။
ထို့ကြောင့်လည်း ကူကီးလူမျိုးများသည် နယ်ချဲ့အင်္ဂလိပ်တို့အား အမိမြေမှ တွန်းလှန်တိုက်ထုတ်ရန် အ ခွင့်ကောင်းကို စောင့်မျှော်ခဲ့ကြသည်။ ဤသို့ဖြင့် (၁၉၃၉-၁၉၄၅) ဒုတိယကမာ္ဘစစ်ကြီး ဖြစ်ပေါ်လာသောအခါ Pu. PaKang ၏ ဦးဆောင်မှုဖြင့် ကူကီးလူမျိုးများသည် ဂျာပန်တို့နှင့် မဟာမိတ်ပြုကာ နယ်ချဲ့အင်္ဂလိပ်တို့ အား ထပ်မံ၍ တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ အတူတကွလက်တွဲ၍ နယ်ချဲ့အင်္ဂလိပ်တို့အား တိုက် ထုတ်ရန်နှင့် ကူကီးလူမျိုးများ ယခင်ပိုင်ဆိုင်ခဲ့ကြသော နယ်မြေများကို ပြန်လည်ပိုင်ဆိုင်စေရမည် ဟူသော သဘောတူညီမှုများကြောင့် ကူကီးလူမျိုးများသည် ဂျာပန်တို့နှင့် မဟာမိတ်ပြုခဲ့ကြခြင်းဖြစ်သည်။ ထိုဒုတိယ ကမာ္ဘစစ်ကြီးတွင်ပင် နယ်ချဲ့အင်္ဂလိပ်တို့ပါဝင်သော မဟာမိတ်တို့ဘက်မှ စစ်ပွဲကို အောင်နိုင်ခဲ့သောကြောင့် ကူကီးလူမျိုးများ၏ လွတ်လပ်မှုရည်မှန်းချက်သည်လည်း ဒုတိယကမာ္ဘစစ်ကြီးနှင့်အတူ မှေးမှိန် ကွယ်ပြောက် ခဲ့ရလေသည်။
ကမ္ဘာ့စစ်ပွဲကြီး နှစ်ခုအတွင်း ကူကီးလူမျိုးများမှ ဆင်နွဲခဲ့သော နယ်ချဲ့တော်လှန်ရေးသမိုင်းဖြစ်ရပ်မှန်များ သည် မြန်မာနိုင်ငံ၏ နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးသမိုင်းတွင် ဖျောက်ဖျက်မေ့ပျောက်ခြင်း ခံခဲ့ရ သော်လည်း အိန္ဒိယနိုင်ငံ၏ နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးသမိုင်းတွင် ကူကီးလူမျိုးတို့၏ အခန်း ကဏ္ဍအား ထင်ရှားစွာ မှတ်တမ်းတင်ခဲ့ကြသည်ကို တွေ့ရှိရပေသည်။
ဤသို့ဖြင့် ကမ္ဘာ့အကြီးဆုံးစစ်ပွဲများဖြစ်သော ပထမကမာ္ဘစစ်နှင့် ဒုတိယကမာ္ဘစစ်များတွင် နယ်ချဲ့အင်္ဂ လိပ်အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့ကြသော ကူကီးလူမျိုးများအပေါ်တွင် အင်္ဂလိပ်အစိုးရသည် နားလည် ရန်မကြိုးစားဘဲ ရန်သူသဖွယ်သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း သမိုင်းစဉ်တလျှောက်လုံး ကူကီးဘိုး ဘွားပိုင်နယ်မြေများဖြစ်သော ကူကီးနယ်မြေများကို ပိုင်ရှင်ကူကီးလူမျိုးများ၏ ဆန္ဒမပါဘဲ လွတ်လပ်သော အန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ဝေစုအစိတ်အပိုင်းများအဖြစ် ခွဲဝေး၍ သွတ်သွင်းပေးအပ်ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကူကီးနယ်မြေများအား အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ဝေစုအစိတ်အပိုင်းများ အဖြစ် ပါဝင်ရန် နယ်စပ်ဒေသများ၏ သဘောထားကို မေးမြန်းစုံစမ်းသော အစည်းအဝေးများ၌ ကူကီးလူမျိုး များကို ပါဝင်ကိုယ်စားပြုစေခဲ့သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေး အကြိုကာလ မြန်မာနိုင်ငံနှင့် သက်ဆိုင် သော နယ်စပ်ဒေသများ၏ သဘောထားကို မေးမြန်းစုံစမ်းသော မေမြို့စုံစမ်းရေးကော်မရှင်တွင် အထက်ပိုင်း ကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu. SomThong, Pu. NgamJam, Pu. JaVumMi တို့သည်၎င်း၊ အောက်ပိုင်း ကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu.LetSo, Pu. OnKhoMang, Pu. NgamKhoThan တို့သည်၎င်း အသီးသီးပါဝင် တက်ရောက်ကာ မြန်မာပြည်မနှင့် ပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
Pu. SomThongဦးဆောင်သော ကိုယ်စားလှယ်များသည် မြန်မာပြည်ထောင်စုနှင့် ပူးပေါင်းရန်၊ တိုင်း ပြုပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်ရန်၊ အခြားလူမျိုးစုငယ်တို့ ကဲ့သို့ပင် ခွဲထွက်ခွင့်ရှိရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပမ်းဆက်သွယ်ရေးတို့ကို အလျှင်အမြန် အရေးယူ ဆောင်ရွက်ပေးရန် အပြင် ဗြိတိသျှအစိုးရမှ ဤလိုအပ်ချက်များကို ရရှိစေရန်အတွက် ကြီးကြပ်ကွတ်ကဲသူအဖြစ် တာဝန်ယူပြီး အသိ သက်သေအဖြစ် လက်မှတ်ထိုးရန်တို့ ပါဝင်သော စာတမ်းကို မေမြို့စုံစမ်းရေးကော်မရှင်တွင် တင်သွင်းခဲ့ကြ သည်။ အစည်းအဝေးများ၌ပင် ကူကီးလူမျိုးများသည် လူမျိုးအလိုက်ကိုယ်စားပြု၍ တက်ရောက်ဆွေးနွေးခွင့် မရှိဘဲ နယ်မြေဒေသများကိုသာ ကိုယ်စားပြုဆွေးနွေးခဲ့ကြရသောကြောင့် ကူကီးကိုယ်စားလှယ်များသည် မိမိ တို့အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြသည်ကို တွေ့ရှိရသည်။
အခြားတဖက်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကမ္ဘာ့စစ်ပွဲကြီး နှစ်ခုအတွင်း မိမိတို့အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့ကြသော ကူကီးလူမျိုးများအား လက်စားချေတုံ့ပြန်သော အနေဖြင့် နယ်ချဲ့အင်္ဂလိပ်အ စိုးရသည် လွတ်လပ်ရေးအကြိုကာလများ၌ ကျင်းပပြုလုပ်ခဲ့သော ဌာနေတိုင်းရင်းသားလူမျိုးစုတို့၏ ဘဝလုံ ခြုံမှုကို အာမခံချက်ရရှိစေမည့် မြန်မာနိုင်ငံ ပင်လုံညီလာခံနှင့် အိန္ဒိယနိုင်ငံ Sillong Accord တို့တွင်မူ ပါဝင် ကိုယ်စားပြုခွင့် မပေးဘဲ လျစ်လျူရှုထားခဲ့သည်။ ထိုကဲ့သို့သော နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လုပ်ဆောင်ချက် များသည် ကူကီးလူမျိုးများ၏ အမျိုးသားရပိုင်ခွင့်များအား ပိုမိုဆုံးရှုံးစေခဲ့ပြီး ယနေ့ထက်တိုင် ကူကီးလူမျိုးများ အတွက် ခါးသီးသော လူမှုအနိဋ္ဌာရုံများကိုသာ ရင်ဆိုင်ကြုံတွေ့ နေစေခဲ့သည်။
ထိုအခြေအနေများကို ရင်ဆိုင်နေကြရသည့်တိုင်အောင် ကူကီးလူမျိုးများသည် နယ်ချဲ့အင်္ဂလိပ်လက် အောက်မှ အမြန်ဆုံးလွတ်မြောက်လိုမှုကိုသာ ရှေ့တန်းတင်ခဲ့ကြသောကြောင့်လည်း ဗမာ့လွတ်လပ်ရေးခေါင်း ဆောင်များ၏ လုပ်ရပ်မှန်သမျှကို ယုံကြည်စွာထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်သော အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ အစိတ်အပိုင်းများအဖြစ်ပါဝင်သော ကူကီးနယ်မြေများနှင့် ကူကီးလူမျိုးများသည် ဒေသ တိုင်းတွင် လူနည်းစုအဖြစ်သို့ ကျရောက်ခဲ့ကြရသည့်အပြင် နယ်ချဲ့အင်္ဂလိပ်ကိုလိုနီဘဝထက်ပင် ပို၍ လွတ် လပ်မှုအနှစ်သာရများ ကင်းမဲ့ဆိတ်သုန်းနေခဲ့ရသည်ကို ယနေ့အထိ ဖြစ်ပျက်နေသော အခြေအနေများ အရ တွေ့ရှိနိုင်ပေသည်။
မြန်မာနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ
[ပြင်ဆင်ရန်]ဖ၊ဆ၊ပ၊လ ခေတ် ကူကီးလူမျိုးများ၏ အခြေအနေ။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (ဖ၊ဆ၊ပ၊လ) အစိုးရ ခေတ်တွင် လွတ်လပ်ရေးအကြိုကာလ မေမြို့စုံစမ်းရေး၌ ကူကီးကိုယ်စားလှယ်များနှင့် (ဖ၊ဆ။ ပ၊လ) ခေါင်း ဆောင်များ၏ သဘောတူညီချက်များကို လုံးဝ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းပင် မရှိခဲ့ချေ။ ပို၍ ဆိုးရွားသည်မှာ ကူကီးလူမျိုးများ၏ မြေယာပိုင်ဆိုင်ခွင့်များကို ရုပ်သိမ်းပစ်ခဲ့ခြင်းနှင့် ကူကီးလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအရ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့ကြသည့် Haosa ဟွောင်ဆာ(စော်ဘွား) အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ကြခြင်းသည် (ဖ၊ဆ၊ပ၊လ) အစိုးရခတ်အတွင်း ကူကီးလူမျိုးများအတွက် အ လွန်ကြီးမားလှသော ဆုံးရှုံးမှုကြီးတရပ်ပင်ဖြစ်သည်။ ကူကီးလူမျိုးတို့၏ Haosa ဟွောင်ဆာအုပ်ချုပ်ရေး စနစ် ကို ဖျက်သိမ်းပစ်ခြင်းသည် ကူကီးလူမျိုးများ၏ စည်းလုံးညီညွတ်မှုများကို ဖော်ဆောင်ဦးဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်မှုစနစ်ကို ဖျက်သိမ်းပစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကူကီးလူမျိုးများအတွင်း စည်းလုံးညီ ညွှတ်သော ဦးဆောင်မှုကို ပေးနိုင်သည့် ခေါင်းဆောင်များ ကင်းမဲ့ခဲ့သည်ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး တို့တွင် နှစ်ပေါင်းများစွာ လေလွှင့်နောက်ကျခဲ့ကြရသည်။
ဦးနု၏ (ဖ၊ဆ၊ပ၊လ) အစိုးရခတ်တွင် ကူကီးနယ်မြေဒေသများအတွင်း ဗမာပြည်မမှ ဗမာလူမျိုးများကို ပြည် တော်သာစီမံကိန်းအမည်ဖြင့် စတင်အခြေချနေထိုင်စေခဲ့သည့်အပြင် ကူကီးနယ်မြေဒေသများတလျှောက်လုံး တွင် ဗုဒ္ဓဘာသာဘုရားစေတီများ တည်ဆောက်ခြင်နှင့် ဗုဒ္ဓဘာသာဘုန်းကြီးများကို စေလွှတ်ကာ သာသနာ ပြုစေခြင်များကို ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ဗမာလူမျိုးများနှင့် ဗုဒ္ဓဘာသာကို အခြေချစေခြင်းအားဖြင့် ကူ ကီးနယ်မြေဒေသများအတွင်းတွင် မဟာလူမျိုးကြီးဝါဒကို စတင်ခဲ့သည်။
ဦးနု၏ (ဖ၊ဆ၊ပ၊လ) အစိုးရခေတ်တွင် ကူကီးတိုင်းရင်းသားများသည် ဘဝအာမခံချက် မရရှိကြသည့်အ ပြင်၊ လွတ်လပ်ရေးအကြိုကာလက ကူကီးလူမျိုးများအပေါ် ပေးထားခဲ့သော ကတိများကိုပင် ချိုးဖောက်၍ လျစ်လျူရှုထားခဲ့ကြကြောင်း တွေ့ရှိရသည်။
တော်လှန်ရေးကောင်စီအစိုးရခေတ်နှင့် မ၊ဆ၊လ အစိုးရခေတ် ကူကီးလူမျိုးများ၏ အခြေအနေ။ ။ ဗိုလ်ချုပ် နေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ချင်းလူမျိုးခေါင်းဆောင် ဒုဗိုလ်မှူးကြီးဗန်ကူလ်၏ သ ဘောတူညီချက်ဖြင့် ကူကီးလူမျိုးတို့၏ ဘိုးဘွားပိုင်နယ်မြေများကို သိမ်းပိုက်နိုင်ရန်အတွက် ဌာနေတိုင်းရင်း သားကူကီးလူမျိုးများအား မတရားအပြစ်ရှာကာ ၁၉၆၇ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ခါတော်မီစစ် ဆင်ရေးဖြင့် ကူကီးပြည်သူ (၂၀,၀၀၀) ကျော်ကို ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေမှ ပြည်နှင်ဒဏ်ပေးခဲ့ကြခြင်း ဖြင့် အမျိုးသားလက္ခဏာရပ်များ လုံးဝကင်းမဲ့စေသည့် အပြုအမူများကို ကူကီးတိုင်းရင်းသားများအပေါ် ကျူး လွန်ခဲ့ကြသည်။ ခါတော်မီစစ်ဆင်ရေးတွင် ကူကီးရွာပေါင်း (၄၀) ကျော်အား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ ကူကီးရွာ (၁၅) ရွာခန့်ကို အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း၊ လယ်ယာမြေပေါင်းများစွာ၊ ဆန်စပါး၊ ကျွဲနွားအစ ရှိသော အိမ်မွေးတိရိစာ္ဆန်များနှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများစွာကိုပါ မတရားအတင်း သိမ်းပိုက်ခဲ့ကြ သည်။
ကူကီးနယ်မြေဒေသအတွင်းတွင် ဗမာရွာသစ်များကို တည်ထောင်ပြီး ပြည်နှင်ဒဏ်ခံရသော ကူကီးလူ မျိုးများ၏ အိုးအိမ်လယ်ယာမြေများ၊ ကျွဲနွားများကို ပိုင်ဆိုင်စေရန်နှင့် ကူကီးလူမျိုးများကို ဝါးမျိုးရန်အတွက် ဗ မာပြည်မရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဗမာလူမျိုးများကို ကူကီးနယ်မြေဒေသအတွင်းသို့ ဝင်ရောက်အခြေချစေ သည့် မဟာစီမံကိန်းများကို ချမှတ်အကောင်အထည် ဖော်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီအစိုးရသည် ပြည်သူ့လုပ်အားနေရာချထားရေးစခန်း(ပ၊လ၊န)များကို ကူကီးဒေသတွင် ဖွင့်လှစ်ကာ ထိုစီမံကိန်းများ အောင် မြင်စေရန်နှင့် ကူကီးနယ်မြေဒေသအတွင်း ဝင်ရောက်အခြေချနေထိုင်သော ဗမာလူမျိုးများအတွက် မြို့သစ် အမည်ရှိသော မြို့တစ်မြို့ကိုပါ တည်ထောင်ပေးခဲ့သည်။ ထို့အပြင် ဗမာလူမျိုးများအတွက် ရေမီး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့အပြင် လယ်ယာမြေများ၊ အိုးအိမ်များနှင့် ကျွဲနွားအိမ်မွေးတိရိစာ္ဆန်များကိုပါ စီမံဆောင် ရွက်ပေးခြင်းများကြောင့် ကူကီးနယ်မြေဒေသအတွင်းတွင် ဗမာလူမျိုးများမှာ နေ့ချင်းညချင်း အစုလိုက်အပြုံ လိုက် ရွေ့ပြောင်းဝင်ရောက် နေထိုင်လာခဲ့ကြသည်။ ထိုသို့ ဗမာလူမျိုးများ ပိုမိုများပြားလာသည်နှင့်အမျှ ဗမာ ယဉ်ကျေးမှုများ၊ ဗမာစကားများနှင့်အတူ ဗမာလူမျိုးကြီးဝါဒပါ ပိုမိုလွှမ်းမိုးလာခဲ့သည်။
တော်လှန်ရေးကောင်စီအစိုးရနှင့် မ၊ဆ၊လ အစိုးရလက်ထက်တွင် ကူကီးနယ်မြေဒေသအတွင်းရှိ ကူကီး ရွာများ၏ အမည်များကို မှတ်မိရန် ခဲယဉ်းသည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာအမည်များကို အစားထိုး ပြီး အတင်းအကျပ် မှည့်ခေါ်စေခဲ့သည်။ ဥပမာအားဖြင့် Valpabung ကို ချောက်နက်ကြီး၊ Lallim ကို နှံမွန်း တား၊ Joumun ကို ဘုက္ကန်၊ Twisaa ကို ကံမ္မကြီး၊ Twi-khal ကို ကျွန်းတောရေရှင်၊ Teijang ကို ကျွန်းပင် သာ၊ Khengjang ကို ကွေ့ကြီး၊ Haipijang ကို ရေနန်း၊ Jangngouphai ကို ရေအေး၊ Munnomjang ကို ကု လားကုန်း စသည်ဖြင့် ကူကီးရွာပေါင်း (၁၀၀) ကျော်ကို ကူကီးအမည်မှ ဗမာအမည်များအဖြစ် ပြောင်းလဲမှည့် ခေါ်စေခြင်းဖြင့် ကူကီးလူမျိုးများအပေါ် တိုက်ရိုက်စော်ကားခဲ့ကြသည်။
မ၊ဆ၊လ အစိုးရခေတ်တလျှောက်လုံးတွင် အာဏာပိုင်တို့သည် အုပ်ချုပ်ရေး၏ ဗဟိုဒေသများအဖြစ် ကူ ကီးနယ်မြေဒေသအတွင်းရှိ ဗမာရွာများကိုသာ ရွေးချယ်သတ်မှတ်ခဲ့ကြခြင်း၊ ကူကီးရွာများအကြား ကွက်ကျား တည်ရှိသော ဗမာရွာသစ်များကို အုပ်စုကောင်စီရုံး၊ အုပ်စုတရားရုံး ရုံးစိုက်ရာနေရာများအဖြစ်၎င်း ရွေးချယ် သတ်မှတ်ခဲ့ကြခြင်း၊ ပညာရေးနှင့်သက်ဆိုင်သော စာသင်ကျောင်းများကို ဗမာရွာများတွင် အဓိကရွေးချယ် ထားရှိခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သောမြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေး ခန်းများကို ဗမာရွာများတွင်သာ အဓိကရွေးချယ်ထားရှိခြင်းတို့ဖြင့် လူမျိုးရေးဘက်လိုက် အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးကာ ဗမာလူမျိုးများ၏ လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်သော အုပ်ချုပ်ရေးစနစ်ဖြစ်ရန် စနစ်တကျ အကွက် ချ စီမံခဲ့ကြသည်။
မ၊ဆ၊လ ခေတ်တွင် ကူကီးလူမျိုးများ၏ လယ်ယာမြေများနှင့် ပိုင်ဆိုင်မှုအများအပြားကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်ခြင်း၊ လယ်ယာမြေလုပ်ငန်းများတွင် အဓိကအားထား၍ အသက်မွေးဝမ်းကျောင်းရသော ပြည်သူ များ၏ လယ်ယာထွက်သီးနှံ့များကို လွတ်လပ်စွာရောင်းချခွင့် မပြုခြင်း၊ လူကြီးတစ်ဦးလျှင် စပါးတင်း(၂၀) နှင့် ကလေးများအတွက် စပါး(၁၀) တင်းနှုန်းဖြင့် သတ်မှတ်ကာ ပိုလျှံသော စပါးများကို အစိုရအဝယ်ဒိုင်များတွင် ပြင်ပပေါက်ဈေးထက် (၆) ဆမျှလျှော့နည်းသော အဖိုးငွေဖြင့် မတရားဝယ်ယူသိမ်းပိုက်ခဲ့ခြင်း အစရှိသော လုပ်ရပ်များဖြင့် လယ်ယာမြေနှင့် လုပ်အားအပေါ် ဂုတ်သွေးစုပ်ခြယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ဦး နေဝင်း၏ မ၊ဆ၊လ အစိုးရခေတ်တလျှောက်လုံးတွင် ကူကီးပြည်သူများ၏ စီးပွားရေးအခြေအနေမှာ လွန်စွာ ပင် ချွတ်ခြုံကျခဲ့သည်။
(န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရခေတ် ကူကီးလူမျိုးများ၏ အခြေအနေ
[ပြင်ဆင်ရန်](န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရသည် "မြေမျို၍ လူမျိုးမပြုန်း လူမျိုမှ လူမျိုးပြုန်းသည်" ဟူသော ဆိုရိုးစကားကို ဆုပ်ကိုင်ရင်း ကူကီးမြေနှင့် ကူကီး လူမျိုးများကို ဗမာလူမျိုးများမှ ပိုမိုဝါးမျိုးနိုင်ရန်အတွက် လူမျိုးကြီးဝါဒကို ဆက်လက်၍ အကောင်အထည် ဖော်လာခဲ့သည်။ (န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရလက် ထက်တွင် ကူကီးပြည်သူများကို ပိုမိုဖိနှိပ်အုပ်ချုပ်ရန်အ တွက် နယ်စယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအမည်ဖြင့်
(၁)။ ကူကီးဒေသတွင် ဗမာရွာများကို ဆက်လက် တည်ဆောက်လာခြင်း၊ (၂)။ ကူကီးဒေသတွင် နေရာအနှံ့အပြား၌ ရဲဘက်စခန်းများကို ဆောက်လုပ်ခြင်း၊ (၃)။ ကူကီးဒေသတွင် တပ်စခန်းများကို ပိုမိုတိုးချဲ့ဆောက်လုပ်လာခြင်း၊ (၄)။ ကူကီးဒေသတွင် လမ်းများဖောက်လုပ်ခြင်း၊ (၅)။ ကူကီးဒေသတွင် မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်ခြင်း၊ (၆)။ ကူကီးဒေသတွင် အစားထိုး သစ်ပင်များကို စိုက်ပျိုးစေခြင်း၊ (၇)။ ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း၊ (၈)။ ကူကီးဒေသတွင် ထမံသီရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၊ (၉)။ ကူကီးနယ်မြေ၏ အစိတ်အပိုင်းအချို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်းသတ်မှတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကူကီးဒေသတွင် ဗမာရွာများကို ဆက်လက် တည်ဆောက်လာခြင်း
[ပြင်ဆင်ရန်]ကူကီးမြေနှင့် ကူကီးလူမျိုး များကို ဝါးမျိုနိုင်ရန်အတွက် ကူကီးဘိုးဘွားပိုင်နယ်မြေအတွင်းတွင် ဆရာစံ၊ ဗန္ဒုလ၊ အောင်ယျေဇ၊ သံယော ဇဉ်၊ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ ရန်တို်င်းအောင်၊ ရန်ငြိမ်းအောင် အစရှိသော ဗမာရွာများကို တည်လာခဲ့ကြ သည်။ ထိုသို့ ဗမာရွာများတည်ရာတွင် ဗမာရွာများအတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်းများကို ကူကီး လူမျိုးများအား ခွဲတန်းချပေးကာ စိုက်ထုတ်စေခြင်း၊ ဗမာရွာများအတွက် တစ်နှစ်စာဖူလုံမည့် ရိက္ခါများကို ထောက်ပံ့စေခြင်း၊ ဗမာရွာများအတွက် လယ်ယာမြေများနှင့် ကျွဲနွားများကို ကူကီးလူမျိုးများထံမှ မတရား သိမ်းယူခြင်း၊ ဗမာရွာများအတွက် လိုအပ်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးရန် အတင်းအဓမ္မ လုပ်အား ပေးရခြင်းများကို ပြုလုပ်ခဲ့ ကြရသည်။
ပို၍ဆိုးဝါးသည်မှာ ကူကီးရွားများကို ဖျက်ဆီးပြစ်ကာ ထိုနေရာများတွင် ဗမာရွာများတည်ခြင်း၊ ကူကီးရွာ များအကြား ဗမာရွာများတည်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း ပင်ဖြစ်သည်။ ဥပမာအားဖြင့် ကူကီးရွာဖြစ်သော Nungkam ရွာရှိ ပြည်သူများကို အတင်းအဓမ္မနှင်ထုတ်၍ ရွာနှင့် ရွာရှိ ဘုရားကျောင်းကန်များ၊ အိမ်ရာအ ဆောက်အဦးများ၊ အိမ်ထောင်ပရိဘောဂများအား မြေထိုးစက်ဖြင့် ဖျက်ဆီးပစ်ကာ ဆရာစံအမည်ရှိသော ဗမာရွာကို တည်ခဲ့ကြသည်။ မူလနေထိုင်သူများဖြစ်သော ကူကီးလူမျိုးများကို ပြန်လည်နေထိုင်လိုလျှင် ဗုဒ္ဓ ဘာသာအဖြစ် ကူးပြောင်းမှသာ နေထိုင်ခွင့်ပေးခဲ့ကြခြင်းဖြင့် ဘာသာရေးအရပါ ဝါးမျိုးလွှမ်းမိုးရန် ပြုလုပ်စီမံ ခဲ့ကြသည်။
ကူကီးဒေသတွင် နေရာအနှံ့အပြား၌ ရဲဘက်စခန်းများကို ဆောက်လုပ်ခြင်း
[ပြင်ဆင်ရန်]စစ်အစိုးရလက်ထက် တွင် ကူကီးပြည်သူများကို ဒုက္ခရောက်ရှိစေသည့် အခြားစီမံကိန်းတခုမှာ ကူကီးဒေသအတွင်းရှိ သနန်၊ မြို့ သစ်၊ ဗန္ဒုလ၊ အောင်ယျေဇ၊ ဝက်ရှု၊ ထင်းဇင်နှင့် ရာဇဂြိုဟ်တို့တွင် ဘဝသစ်စခန်းဟု ခေါ်ဆိုသော ရဲဘက်အ ကျဉ်းစခန်းများကို ဆောက်လုပ်ခဲ့ကြခြင်းပင်ဖြစ်သည်။ ကူကီးပြည်သူများအား ထိုရဲဘက်အကျဉ်းစခန်းများမှ အကျဉ်းသားများနှင့်အတူ မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်စေခြင်း၊ ပြုန်းတီးနေသော သစ် တောများတွင် အစားထိုးသစ်ပင်များကို စိုက်ပျိုးရန် လုပ်အားပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများကို လုပ် ဆောင်စေခဲ့ကြသည်။
ရာဇဝတ်မှုဖြင့် ရဲဘက်အကျဉ်းစခန်းသို့ ရောက်ရှိလာသော ရဲဘက်အကျဉ်းသားများကို သက်တမ်းစေ့ သောအခါ ကူကီးဒေသအတွင်း အခြေချနေထိုင်စေခြင်း၊ ထိုရဲဘက်အကျဉ်းသားဟောင်းများ အခြေချနေထိုင် နိုင်ရန် ကူကီးလူမျိုးများထံမှ မတရားသိမ်းယူသော လယ်ယာမြေများနှင့် ကျွဲနွားများကို ပိုင်ဆိုင်စေခြင်း၊ သံ ယောဇဉ် အမည်ရသော ရွာကိုတည်ပေးခြင်းများကို ပြုလုပ်၍ ပစ္စုပန်နှင့် အနာဂတ်တွင် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်ကာ ပဋိပက္ခများနှင့် ဒုက္ခများရောက်စေရန် စီမံဆောင်ရွက်ခဲ့ကြသည်။
ကူကီးဒေသတွင် တပ်စခန်းများကို ပိုမိုတိုးချဲ့ဆောက်လုပ်လာခြင်း
[ပြင်ဆင်ရန်]စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် တွင် ကူကီးနယ်မြေအတွင်းရှိ တမူး၊ ခမ်းပတ်၊ ဘုက္ကန်၊ ဝိသုတ်၊ ကွန်းတောင်း၊ ဆရာစံ၊ မင်းသာ၊ မြို့သစ်၊ မွလ်နွေးလ်၊ အောင်ဇေယျ စသည်တို့အပြင် အထက်ချင်းတွင်းမြစ်ရိုးတလျှောက်၌ ထမံသီအထိ တပ်စခန်း များကို ပိုမိုတိုးချဲ့တည်ဆောက်လာခဲ့ခြင်းဖြင့် ကူကီးလူမျိုးများအား ပိုမိုဆင်းရဲဒုက္ခရောက်စေခဲ့သည်။ ထိုတပ် စခန်းများ တည်ဆောက်ရန်အတွက် ကူကီးလူမျိုးများအား လုပ်အားပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း၊ ငွေ အားစိုက်ထုတ်စေခြင်းများအပြင် ၎င်းတပ်စခန်းများ၏ စားဝတ်နေရေးကိစ္စရပ်များကိုပါ တာဝန်ယူရခြင်းများ ကြောင့် ကူကီးလူမျိုးများ၏ ဘဝမှာ ပို၍ပင် ဆင်းရဲကျပ်တည်းလာခဲ့ကြရသည်။
နောက်ဆက်တွဲအဖြစ် စစ်အစိုးရ၏ စစ်တပ်များဖြစ်သော ခလရ (၈၉)၊ (၂၂၈)၊ (၅၂) တို့အပြင် စစ် ထောက်လှန်ရေး (၁၇) နှင့် အခြားသော ဌာနပေါင်းစုံတို့၏ မတရားဆက်ကြေးကောက်ခံခြင်း၊ နှောက်ယှက် ခြင်း၊ ဖိနှိပ်ညှင်းဆဲ အနိုင်ကျင့်ခြင်း၊ လုပ်အားပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ ရိုက်နှက် ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများကို ကူကီးပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ခံစားကြရကာ ဘဝလုံခြုံရေး မှာလည်း ပို၍ပင် ကင်းမဲ့လာခဲ့ကြရသည်။
===ကူကီးဒေသတွင် လမ်းများဖောက်လုပ်ခြင်း===
စစ်အစိုးရလက်ထက်တွင် ဆက်သွယ်မှုလွယ်ကူစေရန် ဟူသော အကြောင်းပြချက်ဖြင့် ဒေသအနှံ့အပြား၌ လမ်းဖောက်လုပ်ခြင်းနှင့် တံတားများတည်ဆောက်ခြင်း စ သော စီမံကိန်းများကို ဆောက်ရွက်ကာ၊ ထိုစီမံကိန်းများ အောင်မြင်ရန်အတွက် ကူကီးလူမျိုးများအား မတ ရား အတင်းအဓမ္မလုပ်အားပေး စေခိုင်းခဲ့ကြသည့်အပြင် ငွေအား၊ ကျွဲနွားလှည်း စသည်တို့ကိုလည်း အခ ကြေးငွေမပေးဘဲ နေ့စဉ်ရက်ဆက် စိုက်ထုတ်စေခဲ့ကြသည်။
စစ်အစိုးရခေတ်တွင် ကူကီးပြည်သူများကို ဖောက်လုပ်စေခိုင်းခဲ့ကြသည့် လမ်းများမှာ သနန်-တုံဟဲလမ်း၊ ထမံသီ-ခန္တီးလမ်း၊ ထမံသီ-လေရှီးလမ်း၊ ဖိုင်လင်း-မွလ်နွေးလမ်းများနှင့် ထိုလမ်းတလျှောက်ရှိ တံတားများအ ပြင် ဒေသအတွင်းရှိ တမူးမော်လိုက်လမ်း၊ ကျွန်းတောရေရှင်မှ ဖိုင်လင်းအထိလမ်းများအပြင် တမူးမှ ကလေး၊ ကလေးဝမြို့အထိ လမ်းများကို ဖောက်လုပ်စေခိုင်းခဲ့ကြသည်။
ကူကီးဒေသတွင် မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်ခြင်း
[ပြင်ဆင်ရန်]စစ်အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် ၎င်းတို့တည်ခဲ့သော ဗမာရွာသစ်များတွင် နေထိုင်သူများအတွက် ကီးပြည်သူများအား အ တင်းအဓမ္မလုပ်အားပေးစေခိုင်းကာ ဒေသအတွင်းရှိ မြေရိုင်းသစ်တောများကို ခုတ်ထွင်ရှင်းလင်းစေပြီး ထိုနေ ရာမြေများကို လယ်ယာမြေများအဖြစ် ဖော်ထုတ်စေခဲ့သည်။ စစ်အစိုးရ၏ ဒေသဆိုင်ရာ အာဏာပိုင်များသည် မြေရိုင်းသစ်တောများကို ခုတ်ထွင်ရှင်းလင်းရာမှ ရရှိလာ သော အဖိုးတန်သစ်များကို ခိုးထုတ်ရောင်းချ၍ ကိုယ်ကျိုးရှာခဲ့ကြသည်။ ထိုမျှမကဘဲ လယ်ယာမြေများအဖြစ် ဖော်ထုတ်ရရှိလာ လယ်ယာမြေများကို ဗမာရွာသစ်များရှိ ဗမာလူမျိုးများကို ပိုင်ဆိုင်စေခြင်း၊ အချို့ကို အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များထံ ရောင်းချပိုင်ဆိုင်စေခြင်းများကိုပင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကူကီးဒေသတွင် အစားထိုး သစ်ပင်များကို စိုက်ပျိုးစေခြင်း
[ပြင်ဆင်ရန်]စစ်အစိုးရသည် ကူကီးဒေသအတွင်းရှိ သစ်တောများမှ အဖိုတန်သစ်များကို အစီးအတားမရှိထုတ်ယူခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် အိန္ဒိယနိုင်ငံသို့ ခိုးထုတ်ရောင်းချခြင်း၊ ဒေသအတွင်းရှိ သစ်စက်ပိုင်ရှင်များနှင့် သစ်ကုန်သည်များထံ တရားမဝင်ရောင်းချခြင်း များကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြရာ ကူကီးဒေသရှိ သစ်တောများမှာ ပြုန်းတီးခဲ့ရသည်။ ထိုပြုန်းတီးခဲ့သော သစ်တောများတွင် အစားထိုးသစ်ပင်များစိုက်ပျိုးရန် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ငွေကြေးအကူအညီဖြင့် စီမံကိန်းများကို ဆောင်ရွက်ခဲ့ကြသော်လည်း၊ ထိုစီမံကိန်းများ ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ကူကီးပြည်သူများအား အတင်းအဓမ္မလုပ်အားပေးစေခိုင်း၍ စိုက် ပျိုးစေခဲ့ကြသည်။
ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း
[ပြင်ဆင်ရန်]မြန်မာ န၊ဝ၊တ/ န၊အ၊ဖ စစ် အစိုးရသည် ကူကီးလူမျိုးများ၏ ဘဝလုံခြုံမှု ပိုမိုကင်းမဲ့စေရန်နှင့် ဆင်းရဲဒုက္ခအမျိုးမျိုးရောက်ရှိစေရန်အတွက် အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များဖြစ်သော UNLF, PLA, PREPAK, KCP, KYKL, MPLF အစရှိသော သူပုန်အ ဖွဲ့များကို မြန်မာနိုင်ငံအတွင်းရှိ ကူကီးနယ်မြေများတွင် အခြေစိုက်၍ လှုပ်ရှားစေခဲ့သည်။ မြန်မာစစ်တပ်နှင့် အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များသည် ဒေသအတွင်းရှိ ပြည်သူများအား ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခြင်း၊ မ တရားဆက်ကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရိုက်နှက်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ကို အမြဲပင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ပြည်သူများနေ့စဉ်အသုံးပြုသွားလာနေသော နေရာများတွင် မိုင်းထောင်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ လူနေရပ်ကွက်များအတွင်း အရေအတွက် ထောင်သောင်းချီ၍ရှိသော လက်နက်ခဲယမ်းမီးကျောက်များကို သို ဝှက်ထားရာမှ မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားစေခြင်း၊ ငွေစက္ကူအတုများပြုလုပ်ခြင်း၊ လက်နက်နှင့် မူးယစ် ဆေးဝါးအရောင်းအဝယ်လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ကြခြင်းများကြောင့် ဒေသအတွင်း နေထိုင် ကြသော ပြည်သူများ၏ ဘဝလုံခြုံမှုကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက် ရှိနေသည်။
ပို၍ ဆိုးရွားသည်မှာ မြန်မာစစ်တပ်၏ ပံ့ပိုးကူညီမှုများဖြင့် အိန္ဒိယခွဲထွက်ရေး ကသဲသူပုန်အဖွဲ့များသည် ကူကီးရပ်ရွာများအတွင်းတွင်၎င်း၊ ကူကီးရပ်ရွာများကို နောက်ခံထားရှိ၍၎င်း အိန္ဒိယစစ်တပ်နှင့် ဖြစ်စေ ကူကီး အမျိုးသားတပ်မတော်နှင့် ဖြစ်စေ တိုက်ပွဲများဖြစ်ပွားရန် စနစ်တကျ ဖန်တီးလုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့် မြန်မာစစ်တပ်နှင့် မြန်မာစစ်အစိုးရမှ နိုင်ငံရေးခြံစည်းရိုးအဖြစ်ထားရှိသော အိန္ဒိယခွဲထွက်ရေးသူပုန် အဖွဲ့များ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ဒေသတွင်းရှိ ပြည်သူလူထု၏ ဘ ဝလုံခြုံမှုမှာ နေ့စဉ်နှင့်အမျှ ပို၍ပင် ဆိတ်သုဉ်းကင်းမဲ့လာခဲ့ရသည်။
ကူကီးဒေသတွင် ထမံသီရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ခြင်း
[ပြင်ဆင်ရန်]အိန္ဒိယနှင့် မြန်မာစစ် အစိုးရတို့သည် လျှပ်စစ်ဓာတ်အား မီဂါဝပ် (၁,၂၀၀) ထုတ်လုပ်မည့် ထမံသီရေကာတာစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤထမံသီရေကာတာစီမံကိန်းအား အကာင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကူကီးကျေးရွာ(၃၅) ရွာ အပါအဝင် ပြည်သူပေါင်း (၄၅,၀၀၀)ကျော် နေထိုင်နေသော ကျေးရွာပေါင်း (၅၂) ရွာခန့်မှာ ရေလွှမ်းမိုးကာ လယ်ယာမြေဧက ပေါင်းများစွာနှင့်အတူ အိုးအိမ်ပေါင်းမြောက်မြားစွာကိုပါ လက်လွတ်ဆုံးရှုံးရမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ သစ်တောကြီးများနှင့် ၎င်းသစ်တောများကို မှီတင်းနေထိုင် ကြသည့် တောရိုင်းတိရစာ္ဆန်များကိုပါ များစွာထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ ထို့ကြောင့်လည်း ထမံသီရေ ကာတာစီမံကိန်းကို ရပ်တန့်ဖျက်သိမ်းရန်အတွက် ပြည်တွင်းပြည်ပရှိ ကူကီးအဖွဲ့အစည်းများနှင့် ပြည်သူများ သည် အိန္ဒိယနှင့် မြန်မာစစ်အစိုးရတို့အား ထောက်ပြကန့်ကွက်ခဲ့ကြသည်။
အိန္ဒိယနှင့် မြန်မာစစ်အစိုးရတို့သည် ပြည်သူလူထု၏ ထောက်ပြကန့်ကွက်မှုများကို လျစ်လျူရှု၍ ထမံသီ ရေကာတာစီမံကိန်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် Leivomjang ရွာနှင့် တဇုန်းရွာရှိ ပြည် သူများကို အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။ အိုးအိမ်၊ လယ်ယာမြေများစွာ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ၎င်း ကျေးရွာ (၂) ရွာမှ ရွာသူရွာသား (၃,၀၀၀) ကျော်မှာ တစ်အိမ်ထောင်လျှင် လျော်ကြေးငွေ ၅,၀၀၀ ကျပ်သာရ ရှိခဲ့ကြသည်။ ထို့အပြင် အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ခွင့် မရရှိကြဘဲ မိုင်(၄၀) ကျော်ကွာဝေးသော ရွှေပြည်အေး ပြောင်းရွှေ့ရေးခွင်၌သာ အတင်းအဓမ္မပြောင်းရွှေ့နေထိုင်စေခြင်းကို ခံခဲ့ကြရသည်။
ကူကီးနယ်မြေ၏ အစိတ်အပိုင်းအချို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်းသတ်မှတ်ခြင်း
[ပြင်ဆင်ရန်]Anglo-Kuki War ( ၁၉၁၇-၁၉) အင်္ဂလိပ်-ကူကီးစစ်ပွဲအပြီး မြန် မာအုပ်ချုပ်ရေးနယ်မြေအတွင်း သွတ်သွင်းခြင်းခံခဲ့ရသည့် ကူကီးနယ်မြေများအနက် အထက်ပိုင်းဒေသရှိ Jou Jang Haosa ဟွောင်ဆာ ပိုင်ဖြစ်သော ရွာပေါင်း (၃၀) ခန့်အပါအဝင် နာဂတောင်တန်းနှင့် ဟုမ္မလင်းမြို့နယ် တို့ကို ခနီး္တခရိုင်အုပ်ချုပ်ရေးနယ်မြေများ အဖြစ်သတ်မှတ်ခဲ့သည်။ Jou Jang Haosa ဟွောင်ဆာ၏ ပိုင်နက်နယ်မြေများဖြင့် ဖွဲ့စည်းထားသည့် လေရှီးမြို့နယ်ကို စစ်အစိုးရ လက်ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထည့်သွင်းသတ်မှတ် ခြင်းသည် ကူကီးလူမျိုးအတွက်အမျိုးသားရေးအရ ကြီးမားလှသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ ဤသို့ဖြင့် နယ် ချဲ့အင်္ဂလိပ်ကိုလိုနီခေတ်မှ ယနေ့ခေတ်တိုင်အောင် အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့မှ ကူကီးလူမျိုးများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲရန်နှင့် အမျိုးသားရေးလက္ခဏာရပ်များ ပပျောက်တိမ်ကောစေရန်အတွက် ကူကီး ဘိုးဘွားပိုင်နယ်မြေများကို အစိတ်စိတ်အမြွှာမြွှာ အပိုင်းပိုင်းဖြစ်အောင် ခွဲခြား၍ အုပ်ချုပ်ခဲ့ကြသည်။ ဤသို့ ထပ်မံခွဲခြားထားခြင်း ခံခဲ့ကြသောကြောင့်လည်း လူနည်းစုကူကီးလူမျိုးများမှာ ပို၍ လူနည်းစုဘဝအဖြစ်သို့ ရောက်ရှိခဲ့ကြကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ပို၍နစ်နာဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့၏ လျစ်လျူရှုထားမှု၊ ဖိနှိပ်ချုပ် ချယ်မှုနှင့် ကာကွယ်စောင့်ရှောက်ခြင်းကင်းမဲ့မှုများကြောင့် ကူကီးလူမျိုးတို့၏ ဘဝအခြေအနေများသည် လုံခြုံ မှု ကင်းမဲ့ခဲ့ကြရသည့်အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အောက်ကျနောက်ကျဖြစ်နေခဲ့ကြရသည်။ ထို့ကြောင့်လည်း ကူကီးလူမျိုးတို့အနေဖြင့် မိမိတို့၏ မူလအမျိုးသားရပိုင်ခွင့် အခွင့်အရေးများကိုပြန်လည် ရရှိ ရန်၊ ကူကီးလူမျိုးတို့၏ ဘဝလုံခြုံမှုကို အာမခံနိုင်မည့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ကူကီးအမျိုးသားပြည်နယ် ထူထောင်နိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ကြရန် သန္နိဋ္ဌာန်ချခဲ့ကြ သည်။
ဤသို့ဖြင့် ကူကီးအမျိုးသားပြည်နယ်ထူထောင်ရန် ကူကီးခေါင်းဆောင်များနှင့် မျိုးချစ်လူငယ်များသည် (၁၉၈၈) ခုနှစ် ဖေဖဝါရီလ (၂၄) ရက်နေ့တွင် ကူကီးအမျိုးသား အစည်းအရုံး/ ကူကီးအမျိုးသားတပ်မတော် (KNO/ KNA) ကိုလည်းကောင်း၊ (၁၉၉၃) ခုနှစ် ဒီဇင်္ဘာလ (၁၃) ရက်နေ့တွင် ကူကီးကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (KSDF) ကိုလည်းကောင်း၊ (၂၀၀၀) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကူကီးအမျိုးသမီး များဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး (KWHRO) ကိုလည်းကောင်း၊ (၂၀၀၄) ခုနှစ် ဇွန်လ (၅) ရက်နေ့ တွင် ကူကီးအမျိုးသား ကွန်ဂရက် (KPC) ကိုလည်းကောင်း အသီးသီး ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် အရပ်သားအစိုးရ အသွင်ဖြင့် ပြောင်းလည်း အုပ်ချုပ်လာခဲ့ရာ ၂၀၁၁ ခုနှစ်မှစပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အပစ်အ ခတ်ရပ်စဲရေးကာ ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ကူကီးလူမျိုးတို့ ၏ အမျိုးသားရပိုင်ခွင့် တောင်းဆိုမှုများကိုမူ မြန်မာအုပ်ချုပ်သူ အစိုးရအဆက်ဆက်နည်းတူ လျစ်လျူရှုမြဲ ပင် ဖြစ်သည်။
လက်ရှိ မြန်မာအစိုးရသည် ကူကီးဒေသတွင် အိန္ဒိယခွဲထွက်သူပုန်အဖွဲ့များအား ဆက်လက်၍ ခိုလှုံတပ်စွဲ စေသည့်အပြင် အများပြည်သူ နေ့စဉ်အသုံးပြုသွားလာနေသော နေရာများ၊ လမ်းတံတားများကို အိန္ဒိယခွဲ ထွက်သူပုန်အဖွဲ့များမှ မိုင်းထောင်ဗုံးဖောက်တိုက်ခိုက်ခြင်း၊ လူနေရပ်ကွက်များအတွင်း ပေါက်ကွဲစေနိုင်သော လက်နက်ခဲယမ်းမီးကျောက်များ၊ မူးယစ်ဆေးဝါးများကို သိုဝှက်ထားရှိကာ အရောင်းအဝယ်ပြုခြင်းနှင့် ဆက် ကြေးကောက်ခံခြင်းများကို ဆက်လက်လုပ်ကိုင်လျက် ရှိနေသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ခြင်း ပင် မရှိခဲ့ချေ။ ပို၍ဆိုးရွားသည်မှာ လာဘ်ပေးလာဘ်ယူမှုများအပြင် ငွေစက္ကူအတုများ၊ လက်နက်နှင့် မူးယစ် ဆေးဝါးအရောင်းအဝယ်လုပ်ငန်းများတွင် ဒေသအတွင်းရှိ အစိုးရဝန်ထမ်းများ၏ ပါဝင်ပတ်သက် လုပ်ကိုင်မှု များပင်ဖြစ်သည်။
အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ
[ပြင်ဆင်ရန်]Anglo-Kuki War (1917-19) အပြီး အိန္ဒိယအုပ်ချုပ်ရေးနယ်မြေအတွင်း ကျရောက်ခဲ့ရသော ကူကီးနယ် မြေများသည် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိသောအခါတွင်လည်း အိန္ဒိယပိုင်းနက်အတွင်း ဆက်လက်၍ သွတ် သွင်းခြင်းခံခဲ့ရသည်။ ထိုဒေသများမှာ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ အသံပြည်နယ်ရှိ Karbi-Anglong ဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများနှင့် Tripura ပြည်နယ်၏ အချို့ဒေသ အစိတ်အပိုင်းများ ဖြစ်သည်။
၁၉၅၀ ခုနှစ်ကျော်ကာလများတွင် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိသွားသည့် ကူကီးလူ မျိုးများသည် လွတ်လပ်မည့် မီဇိုးနိုင်ငံတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးနယ်မြေများအားလုံးပူးပေါင်း ပါဝင် နိုင်ရန်အတွက် မီဇိုးလူမျိုးများနှင့် မဟာမိတ်ပြုကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုမဟာမိတ်အဖွဲ့ကို မီဇိုးအမျိုးသား
တပ်ဦး(MNF)မှ ဦးဆောင်ကာ ထိုအဖွဲ့တွင် ကူကီးဘက်မှ Pu.LalKhoHenသည် Sennator အဖွဲ့ဝင်အဖြစ် ၎င်း၊ Pu.DemKhoSehသည် ဒု-စစ်ဦးစီးချုပ်အဖြစ်၎င်း ဦးဆောင်ကာ စစ်ရေးအကူအညီများ ရယူရန် တရုတ် ပြည်သို့ သွားရောက်ခဲ့ကြသည်။ ထို့အပြင် အခြားထိပ်တန်းခေါင်းဆောင်ပိုင်းတွင် Pu.PaoKhoSei, Pu.TN Haokip, Pu.PumKam တို့နှင့် ကူကီးတော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားပါဝင်ခဲ့ကြပြီး အသက်၊သွေး၊ချွေး မြောက်မြားစွာကို ပေးဆပ်ခဲ့ကြသည်။
သို့ရာတွင် (MNF) ကို ဦးဆောင်သည့် Laldenga နှင့် မီဇိုအမျိုးသားများသည် ၎င်းတို့၏ တော်လှန်ရေး ဖြစ်သော လွတ်လပ်မည့် မီဇိုးနိုင်ငံထူထောင်ရေးပန်းတိုင်သည် ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သိရှိလာ သောအခါ အိန္ဒိယဝန်ကြီးချုပ် India Gandhi နှင့် အပေးအယူပြုလုပ်ကာ မီဇိုရမ်းပြည်နယ်ကိုသာ ရယူထူ ထောင်ခဲ့ကြသည်။ ဤသို့ဖြင့် ကူကီးလူမျိုးတို့၏ ကူကီးတော်လှန်ရေးနှင့် ကူကီးပိုင်နယ်မြေများသည် မဟာ မိတ်တို့၏ တော်လှန်ရေးကတိသစ္စာ ဖောက်ဖျက်ခဲ့မှုကြောင့် ကျရှုံးခြင်းနှင့်အတူ ချန်ရစ်ခြင်းခံခဲ့ရသည်။
အိန္ဒိယနိုင်ငံသည် ကမာ္ဘ့ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်နှင့်အညီ ၎င်းနိုင်ငံသားများသည်လည်း ထိုက် လျော်သော ဒီမိုကရေစီ၏ အခွင့်အရေးအသီးအပွင့်များကို ခံစားကြသည်။ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံအ တွင်းရှိ ကူကီးလူမျိုးများသည် ယနေ့တိုင် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေအားလုံးကို စုစည်းပြီး ပြည်နယ်တစ် ပြည်နယ်အဖြစ် မထူထောင်နိုင်ကြသေးသော်လည်း ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် အတင့်အသင့် တိုးတက်မှုရှိပြီး ဘာသာရေးတို့တွင်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်များကို ရရှိကြပေသည်။ သို့သော်လည်း အင်္ဂလိပ်လက်ထက်မှစ၍ အုပ်ချုပ်သူအစိုးရအဆက်ဆက်၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် ကူကီးလူမျိုးများအ တွင်း စည်းလုံးညီညွှတ်မှုများ ပြိုကွဲကာ မျိုးနွယ်စုအချင်းချင်း ပြိုင်ဆိုင်မှုများဖြစ်သာ ရှုပ်ထွေးနေခဲ့ကြသည်။
Kuki National Assembly ၏ ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံသမ္မတMr.Sanjeeva Reddyနှင့် New Delhi မြို့တော်၌ ၁၉၆၀ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးကာ ကူကီးပြည်နယ်ထူထောင်းရေးအတွက် အရေးဆိုခဲ့ကြ သည်။ ကူကီးလူမျိုးများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော ကူကီးနယ်မြေများအား အုပ်ချုပ်သူ အိန္ဒိယအစိုးရမှ ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်မပြုခဲ့သောကြောင့် ကူကီးလူမျိုးများအတွက် ကမာ္ဘတည် သရွေ့မေ့ပျောက်မရနိုင်သော အလွန်ဆိုးရွားလှသော လူမှု့အနိဋ္ဌာရုံများကို တွေ့ကြုံခံစားခဲ့ကြရသည်။ အိန္ဒိယ နိုင်ငံမှ ခွဲထွက်ရန်လက်နက်ကိုင်တိုက်ပွဲဝင်နေသော Tangkhul နာဂလူမျိုးသူပုန် (NSCM-IM) တို့၏ (၁၉၉၂- ၉၇) ခုနှစ်အတွင်း အပြစ်မဲ့ ကူကီးပြည်သူ (၁,၀၀၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများ၊ ကူကီးမြို့ ရွာပေါင်း (၃၆၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုများ၊ ကူကီးလူမျိုး လူဦးရေ (၅၀,၀၀၀) ကျော်အား စစ်ဘေးဒုက္ခ သည်များအဖြစ် ရောက်ရှိစေခဲ့မှုများအပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား အကြီးအကျယ်သတ်ဖြတ်မှုများ နှင့် နိုင်ငံရေး ပဠိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
ထို့အပြင် နယ်မြေပိုင်ဆိုင်မှုများကို အကြောင်းပြု၍ နာဂလူမျိုးများ၊ ကသဲလူမျိုးများ၊ အာသံလူမျိုးစုများနှင့် လူမျိုးရေးအဓိကရုဏ်းများ မကြာခဏဖြစ်ပွားကာ ငြိမ်းချမ်းမှု အလွန်ကင်းမဲ့လှသည်။ ကူကီးလူမျိုးများ၏ ဘိုး ဘွားပိုင်နယ်မြေများကို ပြန်လည်ရယူပိုင်ဆိုင်ရန် ကူကီးအဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် လူငယ်များနှင့် ပြည်သူများသည် ယခုအချိန်တွင် စိတ်အားထက်တန်စွာဖြင့် ကူကီးပြည်နယ်ထူထောင်နိုင်ရန်အတွက် တော် လှန်တိုက်ပွဲဝင်လျက် ရှိနေကြသည်။
တချိန်က တော်လှန်ရေးရည်မှန်းချက်ဖြင့် လက်တွဲမဟာမိတ်ပြုခဲ့သည့် မီဇိုးလူမျိုးများသည် မီဇိုးရမ်းပြည် နယ်ကို ထူထောင်ကြကာ တော်လှန်ရေးအသီးအပွင့်များကို ဝေဆာစွာခံစားနေကြချိန်တွင် ၎င်းတို့နှင့် မဟာ မိတ်ပြုလက်တွဲခဲ့သော ကူကီးလူမျိုးတို့မှာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် ခါးသီးနာကြည်းဖွယ်ကောင်းလှသော တော်လှန်ရေးအတွေ့အကြုံများနှင့်အတူ အဖိနှိပ်ခံဘဝတွင် ရုန်းကန်နေခဲ့ကြရသည်။