ကိုလံဘိုတောင်ပိုင်းသင်ကြားရေးဆေးရုံ

ဝီကီပီးဒီးယား မှ
Colombo South Teaching Hospital
Ministry of Health, Sri Lanka
Map
ကိုလံဘိုတောင်ပိုင်းသင်ကြားရေးဆေးရုံ သည် Colombo District တွင် တည်ရှိသည်
ကိုလံဘိုတောင်ပိုင်းသင်ကြားရေးဆေးရုံ
Sri Lanka Colombo District
ပထဝီဝင်ဆိုင်ရာ
တည်နေရာB229 Hospital Rd, Kalubowila, Dehiwala, Sri Lanka
ကိုဩဒိနိတ်6°52′02″N 79°52′36″E / 6.86722°N 79.87667°E / 6.86722; 79.87667ကိုဩဒိနိတ်: 6°52′02″N 79°52′36″E / 6.86722°N 79.87667°E / 6.86722; 79.87667
အဖွဲ့အစည်း
ဂရုစိုက်မှုစနစ်Public
ငွေကြေးအထောက်အပံ့အစိုးရဆေးရုံ
ဆေးရုံအမျိုးအစားသင်ကြားရေး
နှီးနွယ် တက္ကသိုလ်University of Sri Jayewardenepura
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနYes
ကုတင်အရေအတွက်1,110[၁]
သမိုင်းကြောင်း
တည်ထောင်ခဲ့ဇူလိုင် ၂၊ ၁၉၆၀; ၆၃ နှစ် အကြာက (၁၉၆၀-၀၇-02)
လင့်များ
ဝက်ဘ်ဆိုဒ်csth.health.gov.lk

ကိုလံဘိုတောင်ပိုင်းသင်ကြားရေးဆေးရုံ (ကလုဘိုဝီလဆေးရုံ ဟုလည်းခေါ်) သည် သီရိလင်္ကာနိုင်ငံ၊ ကလုဘိုဝီလမြို့တွင် တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် တုပ်ကွေးရောဂါကို ကုသပေးသည်။ နိုင်ငံတွင် ဒုတိယအကြီးဆုံးဆေးရုံ ဖြစ်သည်။ သင်ကြားရေးအတွက် ရည်ရွယ်သည့်ဆေးရုံတစ်ခုဖြစ်ပြီး ခုတင်ပေါင်း ၁၁၁၀ ခု ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကလုဘိုဝီလဆေးရုံကို ဝန်ကြီးချုပ် Sirimavo Bandaranaike က ၁၉၆၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နယ်မြေဆေးရုံတစ်ခုအဖြစ် စတင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် သင်ကြားရေးဆေးရုံအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ လက်ရှိတွင် ကိုလံဘိုအမျိုးသားဆေးရုံပြီးပါက ဤဆေးရုံသည် နိုင်ငံတွင် ဒုတိယအကြီးဆုံးအစိုးရပိုင်ဆေးရုံ ဖြစ်သည်။ ဆေးရုံ၌ ခုတင် ၁၁၁၀ ခု ရှိသည်။ တစ်နှစ်လျှင် အတွင်းလူနာ ၁၅၀၀၀၀ ဦးနှင့် အပြင်လူနာ ၇၅၀၀၀၀ ဦးကို ကုသမှုများ ပေးလျက်ရှိသည်။ Sri Jayewardenepura တက္ကသိုလ်၏ ဆေးသိပ္ပံဌာန၏ သင်ကြားရေးဆေးရုံအဖြစ်လည်း လုပ်ဆောင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. About Us (in en-US)။ 2021-05-11 တွင် ပြန်စစ်ပြီး။
  2. University of Sri Jayewardenepura Faculty of Medicine။ 25 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။