မာတိကာသို့ ခုန်သွားရန်

ကိုလုံး ကသီဒရယ် ဘုရားရှိခိုးကျောင်း

ဝီကီပီးဒီးယား မှ
ကိုလုံး ကသီဒရယ် ဘုရားရှိခိုးကျောင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဂျာမနီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii , iv
ကိုးကား ၂၉၂
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၉၆  (၂၀ကြိမ်မြောက်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုလုံး ကသီဒရယ် ဘုရားရှိခိုးကျောင်း ( ဂျာမန်: Kölner Dom တရားဝင်အမည်။ Hohe Domkirche Sankt Petrus , အင်္ဂလိပ်: စိန့်ပီတာ ၏ ကက်သီဒါရယ် ဘုရားရှိခိုးကျောင်း) သည် ဂျာမနီ နိုင်ငံ မြောက် ရိုင်း-ဝက်စ်ဖေးလယား ရှိ ကိုလုံးမြို့တွင် ရှိသော ကက်သလစ် ကသီဒရယ် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည်။ ထိုဘုရားကျောင်းသည် ကိုလုံး ၏ ဂိုဏ်းချုပ်ဘစ်ရှော့ ဘုန်းတော်ကြီး ကျောင်းထိုင်ရာနှင့် ကိုလုံး ဘစ်ရှော့လက်အောက် ဂိုဏ်းအုပ် ၏ အုပ်ချုပ်ရေး နေရာဖြစ်သည်။ ၎င်းသည် ဂျာမန် ကက်သလစ်ဘာသာ နှင့် ဂေါသစ် ဗိသုကာပညာ၏ ထင်ရှားသော အထိမ်းအမှတ် အဆောက်အဦး တစ်ခု ဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာအမွေအနှစ်နေရာ [] အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေညာခဲ့သည်။ [] ၎င်းသည် ဂျာမနီနိုင်ငံ၏ လည်ပတ်သူ အများဆုံး အထင်ကရနေရာ ဖြစ်ပြီးတစ်နေ့လျှင်ပျမ်းမျှလူ ၂၀,၀၀၀ ကိုဆွဲဆောင်သည်။ ၁၅၇ မီတာ (၅၁၅ ပေ) မျှမြင့်သဖြင့် ဘုရာရှိခိုးကျောင်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ထိပ်ချွန်နှစ်ခု ရှိသော ဘုရားရှိခိုးကျောင်းဖြစ်သည်။ ဥရောပ၌ အမ်း မင်စတာ ပြီးလျှင် ဒုတိယအမြင့်ဆုံးသော ဘုရားရှိခိုးကျောင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အမြင့်ဆုံး ဘုရားရှိခိုးကျောင်း ဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. UNESCO World Heritage Sites, Cologne Cathedral Whc.unesco.org။ 15 August 2010 တွင် ပြန်စစ်ပြီး။
  2. Cologne Cathedral 11 February 2016 တွင် ပြန်စစ်ပြီး။
  3. Kölner Dom 2019-05-13 တွင် ပြန်စစ်ပြီး။