ကိုရိုးကွန့်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာစာရေးဆရာ ကိုရိုးကွန့်

မန္တလေးမြို့မှ စာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၅၅-ခုနှစ်တွင် အဖ ဦးသောင်းစိန်၊ အမိ ဒေါ်ခင်အေးတို့က ညောင်ဦးမြို့နယ်၊ ထောင့်ကြီးရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးခင်မောင်ဦး ဖြစ်သည်။ ၁၉၈၄-ခုနှစ်၊ မေလထုတ် စန္ဒာမဂ္ဂဇင်းပါ ကြိုဆိုပါသည်ဝတ္တုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ပထမဦးဆုံး စာအုပ်မှာ စိန်လွန်တူးသမား၏ အဖွင့်အပိတ်တံခါးနှင့် အခြားဝတ္တုတိုများ ဖြစ်၍ စာပေဗိမာန် စာမူ ပထမဆု(၁၉၈၄)၊ အမျိုးသားစာပေဆု(၁၉၈၇) များ ရရှိခဲ့သည်။ မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်၊ သက်တန့်ရောင် ဂျာနယ် စီစဉ်သူအဖြစ် လုပ်ကိုင်သည်။ ရန်ကုန်၌ နေထိုင်ပြီး အော်ပီကျယ်၏ အစ်ကို ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ် ၏ မန္တလေးအဘိဓာန်