ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Coronavirus disease 2019
(COVID-19)
Synonyms
  • 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းရောဂါ
  • Novel coronavirus pneumonia[၁]
  • ဝူဟန် အဆုတ်ရောင်ရောဂါ[၂][၃][၄][၅]
Symptoms of coronavirus disease 2019 (cropped).png
ရောဂါလက္ခဏာများ
အသံထွက်
Specialtyလတ်တလော အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါ [၆]
လက္ခဏာများဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း[၇]
Complicationsအဆုတ်ရောင်ခြင်း ARDS၊ ကျောက်ကပ်ပျက်စီးခြင်း
အကြောင်းရင်းSARS-CoV-2
စမ်းသပ်နည်းPCR testing, medical imaging
ကုသခြင်းရောဂါလက္ခဏာပေါ်မူတည်၍ ကုသခြင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (COVID-19) သည် ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကြောင့် ဖြစ်ပွားသော[၈] ကူးစက်ရောဂါဖြစ်သည်။[၉][၁၀][၁၁] SARS ဗိုင်းရပ်စ်နှင့် နီးကပ်စွာ ဆက်နွယ်သော ဗိုင်းရပ်စ် ဖြစ်သည်။ ရောဂါသည် ၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု၏ အကြောင်းရင်းဖြစ်သည်။[၁၂][၁၃] ၎င်းသည် ချောင်းဆိုးခြင်းသို့မဟုတ် နှာချေခြင်းတို့တွင် လေကြောင်းမှ ထွက်သောအသက်ရှုလမ်းကြောင်းဆိုင်ရာ အစက်များမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေသည်။[၁၄][၁၅] ထိတွေ့မှုမှ ရောဂါလက္ခဏာများ စတင်ချိန်အထိ ယေဘုယျအားဖြင့် ၂ ရက်မှ ၁၄ ရက်အကြား ဖြစ်သည်။[၁၆][၁၇] လက်ဆေးခြင်း၊ ချောင်းဆိုးနေသော သူများနှင့် ‌ဝေးဝေးနေခြင်း၊ အခြားသူများ၏ မျက်နှာနှင့်ထိတွေ့ခြင်း‌မှ ရှောင်ကျဉ်ခြင်းများဖြင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ရန်အကြံပြုထားသည်။[၁၈] ချောင်းဆိုးသောအခါ မိမိ၏နှာခေါင်းနှင့်ပါးစပ်ကို တံတောင်ဆစ်ကွေးဖြင့်ဖုံး၍ ချောင်းဆိုးရန်လည်း အကြံပြုထားသည်။[၁၈]

လူတို့သည် ရောဂါလက္ခဏာ အနည်းအကျဉ်း သို့မဟုတ် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။[၇][၁၉][၂၀] ရောဂါဖြစ်ပွားမှုများသည် နျူမိုးနီးယား အဆုတ်ရောင် ရောဂါ နှင့် ကိုယ်တွင်းကလီစာများ ပျက်ယွင်းမှုကို ဖြစ်စေနိုင်သည်။[၁၂][၁၃] ‌ယင်းဗိုင်ရပ်အား တိကျသော ဗိုင်းရပ်စ်ကုသမှု၊ ရောဂါလက္ခဏာအား ကုသရန်အစီစဉ်များ၊ အထောက်အကူပြုစောင့်ရှောက်မှုနှင့်စမ်းသပ်မှုဆိုင်ရာစီမံချက်များပါဝင်သော ကာကွယ်ဆေးများမရှိပါ။[၂၁] ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းသည် ၁% မှ ၃% ကြားရှိသည်။[၂၂][၂၃]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ယူအက်စ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က ဗိုင်းရပ်စ်ပိုးသယ်ဆောင်နေသည်ဟု သံသယရှိသူများကို ခွဲစိတ်ခန်းသုံးမျက်နှာဖုံးကို အသုံးပြုရန်နှင့် ကိုယ်တိုင် ဆေးခန်းသို့ တိုက်ရိုက်သွားပြီး ဆေးကုသမှုခံယူခြင်းထက် ဆရာဝန်အား အိမ်ခေါ်၍ကုသရန် အကြံပေးသည်။ သံသယဖြစ်ဖွယ် ရောဂါကူးစက်ခံထားရသူတစ်ဦးအား ပြုစုစောင့်ရှောက်သူများအတွက် မျက်နှာဖုံးများအသုံးပြုရန်ကိုလည်း အကြံပြုသည်။ အများပြည်သူအတွက် မျက်နှာဖုံးအသုံးပြုခြင်းအတွက်ကိုမူ အကြံမပေးချေ။[၂၄][၂၅] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ကြေငြာခဲ့သည်။[၂၆][၂၇] ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်၊ ဟောင်ကောင်၊ အီရန်၊ အီတလီ၊ ဂျပန်၊ စင်ကာပူနှင့်တောင်ကိုရီးယားတို့သည် ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေသော ဒေသများ ဖြစ်သည်။[၂၈]

ရောဂါလက္ခဏာများ[ပြင်ဆင်ရန်]

ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများသည်ရောဂါလက္ခဏာမပြနိုင်သို့မဟုတ်ဖျားနာခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အရေးပေါ်ရောဂါလက္ခဏာများတွင်အသက်ရှူရခက်ခဲခြင်း၊ အမြဲတမ်းရင်ဘတ်နာခြင်းသို့မဟုတ်ဖိအား၊ ရှုပ်ထွေးခြင်း၊ နိုးထခြင်းနှင့်မျက်လုံးပြာပြာတို့ပါ ၀ င်သည်။ ဤရောဂါလက္ခဏာများရှိပါက ချက်ချင်းဆေးကုသမှုခံယူရန် အကြံပြုသည်။ အများအားဖြင့်တော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်တတ်သည်။ အော့အန်ခြင်းနှင့် ၀ မ်းလျှောခြင်းကဲ့သို့သောရောဂါလက္ခဏာများကို ရာခိုင်နှုန်းအမျိုးမျိုးဖြင့် တွေ့ရှိရသည်။ တရုတ်နိုင်ငံရှိအချို့သောကိစ္စရပ်များသည် အစပိုင်းတွင် ရင်ဘတ်တင်းခြင်းနှင့် တုန်ခါခြင်းတို့သာဖြစ်သည်။ Anosmia (အနံ့ဆိုးပျောက်ဆုံးခြင်း) နှင့် dysgeusia (အရသာ၏အဓိပ္ပာယ်ကိုပုံပျက်ခြင်း) သည်အထူးသဖြင့် အခြားလက္ခဏာများမရှိသော ရောဂါလက္ခဏာများကို ဖော်ပြသည်။ အချို့တို့၌ ရောဂါသည် အဆုတ်ရောင်ရောဂါ၊ အင်္ဂါစုံများစွာ ရှုံးနိမ့်မှုနှင့် သေခြင်းသို့ တိုးတက်လိမ့်မည်။

ကူးစက်ရောဂါများတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း လူတစ်ဦးသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် အချိန်မှစ၍ ပေါက်ဖွားသည့်ကာလဟု လူသိများသည့်လက္ခဏာများ ပေါ်ပေါက်လာသည့် အချိန်မှစ၍ နောက်ကျနိုင်သည်။ COVID-19 အတွက်ပေါက်ဖွားသည့်ကာလသည်ပုံမှန်အားဖြင့် ငါးရက်မှ ခြောက်ရက်အထိရှိသော်လည်း ၂ ရက်မှ ၁၄ ရက်အထိရှိနိုင်သည်။ ရောဂါလက္ခဏာများ ဖြစ်ပေါ်သောလူများ၏ ၉၇.၅% သည်ရောဂါကူးစက်ခံရပြီး ၁၁.၅ ရက်အတွင်းတို့ ဖြစ်သည်။

အကြောင်းများ[ပြင်ဆင်ရန်]

ရောဂါဗိုင်းရပ်သည် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ coronavirus 2 (SARS-CoV-2) ကြောင့်ဖြစ်သည်။ ၎င်းကို ယခင်က ၂၀၁၉ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) အဖြစ် ရည်ညွှန်းကိုးကားထားသည်။ ၎င်းသည်ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ မျက်ရည်စက်များမှ တစ်ဆင့်လူအများအကြား ကူးစက်ပျံ့နှံ့သည်။ ဗိုင်းရပ်စ်ပျက်စီးမှုနှုန်းကို စုံစမ်းစစ်ဆေးသည့် လေ့လာချက်တွင် ကြေးနီပေါ်တွင် ၄ နာရီ၊ ကတ်ထူပြားတွင် ၂၄ နာရီ၊ သံမဏိတွင် ၇၂ နာရီနှင့်ပလပ်စတစ်ဖြင့် ၇၂ နာရီကြာပြီးနောက် ဗိုင်းရပ်စ်ပိုးမတွေ့ရှိနိုင်ပါ။ သို့သော်ရှာဖွေတွေ့ရှိမှုနှုန်းသည် ၁၀၀% သို့မရောက်ရှိနိူင်ပါ။ မျက်နှာပြင်အမျိုးအစားနှင့်မတူပါ (ရှာဖွေတွေ့ရှိမှုပမာဏသည် aerosols အတွက်လေထု၏တစ်လီတာလျှင် ၃.၃၃ × ၁၀၀.၅ TCID50၊ ပလပ်စတစ်၊ သံမဏိနှင့်ကတ်ထူပြားအတွက်အလယ်အလတ်မီလီတာ ၁၀၀.၅ TCID50 နှင့်တစ်မီလီတာလျှင် ၁၀၁.၅ TCID50) ကြေးနီများအတွက်အလတ်စား) ။ Bayesian regression model နှင့်ပျက်စီးယိုယွင်းမှုနှုန်း၏ခန့်မှန်းချက်အရဗိုင်းရပ်စ်များသည်ကြေးနီပေါ်တွင် ၁၈ နာရီ၊ ကတ်ထူပြားပေါ်တွင် ၅၅ နာရီ၊ သံမဏိပေါ်တွင် ၉၀ နာရီနှင့်ပလပ်စတစ်အပေါ် ၁၀၀ နာရီအထိဆက်လက်တည်ရှိနိုင်သည်ဟုအကြံပြုထားသည်။ စမ်းသပ်မှုကာလ (၃ နာရီ) တွင် Aerosols တွင်ဗိုင်းရပ်စ်ပိုးဆက်လက်ရှင်သန်နိုင်ခဲ့သည်။ ဗိုင်းရတ်ကိုလည်းမစင်များတွင်တွေ့ရပြီး မစင်မှတစ်ဆင့်ကူးစက်ခြင်းကို သုတေသနပြုနေသည်။

အဆုတ်များသည် COVID-19 အများဆုံးထိခိုက်သောအင်္ဂါများဖြစ်သောကြောင့် ဗိုင်းရပ်စ်သည် ACE2 အင်ဇိုင်းမှတစ်ဆင့် အိမ်ရှင်ဆဲလ်များကို ၀ င်ရောက်နိုင်သောကြောင့်ဖြစ်သည်။ အဆုတ်၏အမျိုးအစား II ကို alveolar ဆဲလ်တွေထဲမှာအပေါများဆုံးဖြစ်ပါတယ်။ အဆိုပါဗိုင်းရပ်စ်သည် ACE2 ကို ဆက်သွယ်၍ အိမ်ရှင်ဆဲလ်ထဲသို့ဝင်ရောက်ရန်“ spike” (peplomer) ဟုခေါ်သောအထူးမျက်နှာပြင် glycoprotein ကိုအသုံးပြုသည်။ တစ်ရှူးတစ်ခုစီရှိ ACE2 ၏သိပ်သည်းဆမှာထိုတစ်ရှူးရှိရောဂါ၏ပြင်းထန်မှုနှင့်ဆက်စပ်နေပြီးအချို့က ACE2 လှုပ်ရှားမှုလျော့ကျခြင်းသည်အကာအကွယ်ဖြစ်နိုင်သည်ဟုဆိုကြသည်။အခြားရှုထောင့်တစ်ခုမှာ angiotensin II receptor blocker ဆေးများ အသုံးပြု၍ ACE2 တိုးမြှင့်ခြင်းသည်အကာအကွယ်ဖြစ်နိုင်ပြီးထိုယူဆချက်များကိုစစ်ဆေးရန်လိုအပ်သည်။ alveolar ရောဂါတိုးတက်လာသည်နှင့်အမျှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျရှုံးမှုဖြစ်ပေါ်လာနိုင်ပြီး သေဆုံးခြင်းလည်း ဖြစ်နိုင်သည်။

ACE2 ကိုအစာအိမ်၏ glandular ဆဲလ်များ၌များစွာဖော်ပြထားသောကြောင့်၎င်းဗိုင်းရပ်စ်သည်အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအင်္ဂါများကိုပါသက်ရောက်စေသည်။ ACE2 ကိုအစာအိမ်၊ အူသိမ်နှင့်အူလမ်းကြောင်းရှိ အပေါ်ယံမျက်နှာပြင်၏ ဂလင်းဆဲလ်များနှင့် အတွင်းဆုံးမျက်နှာပြင်ဆဲလ်များ၌ ACE2 ကိုအလွယ်တကူထုတ်ဖော်ပြသထားခြင်းကြောင့် ၎င်းဗိုင်းရပ်စ်သည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအင်္ဂါများနှင့် အူလမ်းကြောင်း၏ enterocytes ကိုလည်း ထိခိုက်သည်။ ဗိုင်းရပ်စ်ကိုဆေးရုံတင်ထားရသူ ၅၃% ၏ အစအနများတွင်တွေ့ရှိခဲ့ရပြီး၊ ကူးစက်မှုနောက်ပိုင်းအဆင့်များ၌ ပါးစပ်ဖျားရောဂါလက္ခဏာများထက် ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ပိုမိုတွေ့ရှိခဲ့သည်။ ၁ ရက်မှ ၁၂ ရက်အတွင်းမစင်များ၌တွေ့ရှိရပြီး ၁၇% သောလူနာများသည်အသက်ရှူလမ်းကြောင်းဆိုင်ရာနမူနာများ၌မရှိတော့သည့်နောက်မှထိုဗိုင်းရပ်စ်ပိုးကိုဆက်လက်တွေ့ရှိခဲ့သည်။ ဗိုင်းရပ်စ်အစာအိမ်နှင့်အူလမ်းကြောင်းကူးစက်မှုနှင့်ဖြစ်နိုင်ချေရှိသော fecal-oral transmission သည်ဗိုင်းရပ်စ်ပြီးနောက်တွင်ပင်ကြာရှည်နိုင်ကြောင်းညွှန်ပြ အသက်ရှူလမ်းကြောင်းဆိုင်ရာလမ်းကြောင်းအတွက်ရှင်းလင်းရေး။ ဗိုင်းရပ်စ်ပြန်ပေါ်လာခြင်းကိုလည်းစအိုဖြင့်ထိုးခြင်းဖြင့်ရောဂါ၏အစောပိုင်းအဆင့်များ၌ ချောင်းဆိုးခြင်းမှနောက်ပိုင်းကာလများတွင် ဝမ်းလျောခြင်းအဖြစ်ပြောင်းလဲခြင်းကိုတွေ့ရှိခဲ့သည်။

ကူးစက်ခံရသော ကူးစက်ရောဂါမှတဆင့် ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျောက် တိရိစ္ဆာန်မှတဆင့် ကူးစက်လာသည်ဟုယူဆရသည်။ မူလအစကိုမသိရသေးသော်လည်း ၂၀၁၉ ခုနှစ်ဒီဇင်ဘာလတွင်ရောဂါကူးစက်မှုကိုလူမှလူသို့ကူးစက်ခြင်းမှလုံးဝကူးစက်သွားသည်။ အစောဆုံးရောဂါကူးစက်မှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရောဂါကုသခြင်း[ပြင်ဆင်ရန်]

တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင် ဝတ်ဆင်ခြင်း အဆင့်(၄)ဆင့်။[၂၉]

လူနာများကို အရည် နှင့် အောက်ဆီဂျင်ဓာတ် ဖြည့်တင်းခြင်း နှင့် အခြားထိခိုက်ခံရသော အင်္ဂါများကို ထောက်ပံ့ခြင်းဖြင့် ကုသသည်။ [၃၀][၃၁][၃၂] CDCက ရောဂါပိုးကူးစက်ခံရသူဟု သံသယရှိသူများကို မျက်နှာဖုံးတပ်ရန် အကြံပြုထားသည်။ ခန္တာကိုယ်ပြင်ပအောက်စီဂျင်ပေးခြင်း (ECMO) ကို အသက်လုံးဝမရှူနိုင်‌တော့သော အခြေအနေများတွင် အသုံးပြုခဲ့သော်လည်း ၎င်း၌ သေချာရေရာသော အကျိုးကျေးဇူးမရှိပေ။[၃၃][၃၄] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ ကြောင့် ဆေးရုံတက်ရသော လူနာများကို စောင့်ရှောက်မှုပေးရာတွင် ဆောင်ရွက်ရန် အကြံပြုချက်များကို ထုတ်ဝေပြီးဖြစ်သည်။[၃၅][၃၆] အမေရိကန်ပြည်ထောင်စုရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်များနှင့် အရေးပေါ်ကြပ်မတ်ကုသမှုဆိုင်ရာ အထူးကုဆရာဝန်များက အဖွဲ့များစွာမှ ရရှိသော ကုထုံးထောက်ခံချက်များကို IBCC စာအုပ်တွင် ပြုစုဖော်ပြထားသည်။[၃၇][၃၈]

ကုထုံးများ[ပြင်ဆင်ရန်]

အချို့သော ဆေးပညာရှင်များက ပါရာစီတမော (acetaminophen) နှင့် အိုင်ဘျူပရိုဖန် တို့ကို ပထမဉီးစားပေးအဖြစ် ထောက်ခံချက်ပေးထားသည်။[၃၉][၄၀][၄၁] အိုင်ဘျူပရိုဖန်ကဲ့သို့ စတီးရွိုက်ပါဝင်မှု မရှိသော အရောင်ကျဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကန့်ကွက်မှု မရှိသည့်အပြင်,[၄၂] အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနကလည်း ယခုအချိန်ထိ ၎င်းဆေးများသည် ကိုရိုနာဗိုင်းရပ် ရောဂါ ၂၀၁၉ ၏ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေကြောင်း သက်သေပြချက်မတွေ့ရှိရသေးဟု ကြေညာထားသည်။.[၄၃]

သီအိုရီရှုထောင့်အရ ACEအင်ဇိုင်း ပိတ်ဆေးများ နှင့် Angiotensionလက်ခံပစ္စည်း ပိတ်ဆေးများသုံးစွဲမှုအပေါ် စိုးရိမ်မှုရှိသော်လည်း ၂၀၂၀ခုနှစ် ၊ မတ်လ ၊ ၁၉ရက်နေ့အထိ ၎င်းကုထုံးကို ငြင်းဆန်နိုင်ရန် ခိုင်လုံသောသက်သေအထောက်အထား မရှိသေးပါ။[၄၄][၄၅][၄၆] Methylprednisolone ကဲ့သို့ စတီးရွိုက်ဆေးများကိုမူ ရုတ်တရက်အသက်ရှူလမ်းကြောင်းထိခိုက်မှုလက္ခဏာပေါ်သည့် အခြေအနေမှအပ အခြားအခြေအနေများတွင် မသုံးစွဲသင့်ကြောင်း အကြံပြုထားသည်။.[၄၇][၄၈]

တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင်[ပြင်ဆင်ရန်]

ပြွန်ထည့်ခြင်း နှင့် လက်ကိုအသုံးပြုကာ ဖိအားပေးအသက်ရှူစေခြင်းကဲ့သို့သော ပါးစပ် နှင့် နှာခေါင်းမှ ဗိုင်းရပ်စ်ပါဝင်သည့် အမှုန်အမွှားများထွက်ရှိနိုင်သော ကုသရေးနည်းလမ်းများတွင် ဗိုင်းရပ်ကူးစက်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန် ကြိုတင်ကာကွယ်ရမည်။[၄၉] CDCသည် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်တွင် တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင်များ အသုံးပြုမှုဆိုင်ရာ ညွှန်ကြားချက်များကိုထုတ်ပြန်ထားသည်။၎င်းအသုံးအဆောင်များတွင်

  • လေသန့်စင်မျက်နှာဖုံး သို့မဟုတ် ခွဲစိတ်ခန်းသုံးမျက်နှာဖုံး[၅၀][၅၁]
  • ဝတ်စုံ
  • ဆေးဘက်ဆိုင်ရာသုံး လက်အိတ်[၅၂][၅၃]နှင့်
  • မျက်လုံးအကာအကွယ်ပစ္စည်း[၅၄]တို့ ပါဝင်သည်။

ပစ္စည်းအလုံအလောက်ရှိပါက ခွဲစိတ်ခန်းသုံးမျက်နှာဖုံးအစား လေသန့်စင်မျက်နှာဖုံးများကိုသာ အသုံးပြုသင့်သည်။[၅၅] N95 လေသန့်စင်မျက်နှာဖုံးများကို စက်မှုလုပ်ငန်းတွင်သာ အသုံးပြုလေ့ရှိသော်လည်း အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနက အရေးပေါ်ကျန်းမာရေးအခြေအနေတွင် အသုံးပြုရန် ညွှန်ကြားထားသည်။၎င်းမျက်နှာဖုံးများကို ဖုန်ကဲ့သို့ လေထဲရှိ အမှုန်အမွှားများဝင်ရောက်မှုမှ ကာကွယ်ရန် ပြုလုပ်ထားသော်လည်း အခြားအသုံးပြုမှုများတွင် ပိုးမွှားများဝင်ရောက်ခြင်းမှ ကာကွယ်နိုင်စွမ်းကိုမူ အာမခံနိုင်ခြင်းမရှိပေ။[၅၆]ထိုမျက်နှာဖုံးများ မရရှိနိုင်ပါက မျက်နှာအကာအကွယ်ပစ္စည်းကို အသုံးပြုရန် နောက်ဆုံးအခြေအနေများတွင် အိမ်တွင်းလုပ်မျက်နှာဖုံးများကို အသုံးပြုရန် CDCမှ ညွှန်ကြားထားသည်။[၅၇]

အသက်ရှူစက်အသုံးပြုခြင်း[ပြင်ဆင်ရန်]

ရောဂါကူးစက်ခံရသော လူနာအများစုသည် အသက်ရှူစက်အသုံးပြုရလောက်အောင် ရောဂါပြင်းထန်မှုမရှိသော်လည်း ရာခိုင်နှုန်းအနည်းငယ်သော လူနာများတွင်မူ အသက်ရှူစက်လိုအပ်သည်။[၅၈][၅၉]ကနေဒါဆရာဝန်အချို့က ရောဂါပိုးမွှားပါဝင်သော ပါးစပ်ထဲမှ အမှုန်အမွှားများမှတဆင့် ကူးစက်မှုကို ကာကွယ်နိုင်သော ပြွန်ထည့်အသက်ရှူစက်အသုံးပြုခြင်းနည်းလမ်းကို ထောက်ခံကြသည်။.[၅၈] ရောဂါပြင်းထန်သူအများစုမှာ သက်ကြီးရွယ်အိုများ(အသက် ၆၀နှစ်နှင့်အထက်[၅၈] ၊အထူးသဖြင့် အသက် ၈၀နှစ်နှင့် အထက်)တို့ ဖြစ်ကြသည်။[၆၀]ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရုံခုတင်အလုံအလောက်မရှိခြင်းကြောင့် အချိန်တိုအတွင်း များပြားလာသော ဆေးရုံတက်ရန်လိုအပ်သော ရောဂါကူးစက်ခံရသူလူနာများကို ကိုင်တွယ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေသည်။[၆၁]ကုသနိုင်စွမ်းတွင် အကန့်အသတ်ရှိသောကြောင့် လူနာအသစ်ထပ်မံပေါ်ပေါက်နှုန်းနှင့် လူနာအရည်အတွက်တို့ကို နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရန်လိုအပ်သည်။[၆၁]တရုတ်နိုင်ငံရှိ လေ့လာမှုတစ်ခုတွင် လူနာများ၏ ၅ရာခိုင်နှုန်းသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရပြီး ၂.၃ရာခိုင်နှုန်းသည် အသက်ရှူစက်ပေးရန်လိုအပ်ကာ ၁.၄ရာခိုင်နှုန်းသည် သေဆုံးသွားကြောင်း ဖော်ပြထားသည်။[၃၃]ကိုရိုနာဗိုင်းရပ်စ်‌ ရောဂါ ၂၀၁၉ကြောင့် အဆုတ်ရောင်ရောဂါနှင့် ဆေးရုံတက်ရသော လူနာများ၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းဝန်းကျင်သည် အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာအထောက်အပံ့ပေးရန်လိုအပ်သည်။[၆၂] အချို့သော အဖွဲ့အစည်းများက လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် သုံးဘက်မြင် ပုံနှိပ်ခြင်း(3D Printing)ကို အသုံးပြုနေသည်။[၆၃]

စမ်းသပ်ကုထုံးများ[ပြင်ဆင်ရန်]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤရောဂါကို ကုသရန် ထောက်ခံချက်ပေးထားသော ကုထုံးတစ်ခုမျှမရှိသော်လည်း အချို့သော နိုင်ငံများ၏ ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းများမှ ညွှန်းထားသော ကုထုံးအချို့ရှိသည်။[၆၄]၂၀၂၀ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အလားအလာရှိသော ကုထုံးများကို သုတေသနပြုလုပ်နေပြီး[၆၅] ဗိုင်းရပ်စ်တိုက်ဖျက်ဆေးများကို စမ်းသပ်သုံးစွဲနေကြပြီဖြစ်သည်။[၆၆][၆၇] ကုထုံးအသစ်များကို ၂၀၂၁ခုနှစ်မှ ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း[၆၈] စမ်းသပ်ဆဲကုထုံးအများစုကို အခြားရောဂါများအတွက် အသုံးပြုနေပြီး အချို့ကို အဆင့်မြင့်စမ်းသပ်ခြင်း ပြုလုပ်နေပြီဖြစ်သည်။.[၆၄]ဗိုင်းရပ်စ်တိုက်ဖျက်ဆေးကို ရောဂါအမြောက်အများရှိသော လူနာများတွင် စမ်းသပ်ပြီးဖြစ်နိုင်သည်။.[၃၀]အလားအလာရှိသော ကုထုံးများ၏ ထိရောက်မှု နှင့် ဘေးအန္တရာယ်နည်းပါးမှုတို့ကို စမ်းသပ်ရာတွင် ပါဝင်ကြရန် စေတနာ့ဝန်ထမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။[၆၉]

စိတ်ပိုင်းဆိုင်ရာအထောက်အပံ့[ပြင်ဆင်ရန်]

လူနာများသည် ကန့်သတ်တားဆီးခံရခြင်း၊ ခရီးသွားခွင့် ကန့်သတ်ခံရခြင်း ၊ ကုထုံးများ၏ဘေးထွက်ဆိုးကျိုး နှင့် ရောဂါကိုကြောက်ရွံ့ခြင်းတို့ကြောင့် စိတ်ကျဉ်းကျပ်မှုများကို ခံစားရနိုင်သည်။၎င်းတို့ကိုဖြေရှင်းနိုင်ရန် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းဖြေရှင်းခြင်းအတွက် လမ်းညွှန်ချက်ထုတ်ပြန်ထားသည်။[၇၀][၇၁]

ရောဂါသမိုင်းကြောင်း[ပြင်ဆင်ရန်]

အဆိုပါရောဂါသည် သဘာဝအတိုင်းဖြစ်ပြီး မူလရင်းမြစ်မှာ တိရစ္ဆာန်မှဖြစ်သည်ဟု ယူဆထားသည်။[၇၂][၇၃]မူလရင်းမြစ်ကို အတိအကျမသိရသေးသော်လည်း ၂၀၁၉ ဒီဇင်ဘာလတွင် ရောဂါကူးစက်ပုံသည် လူအချင်းချင်းကူးစက်မှုပုံစံ လုံးဝနီးပါးဖြစ်နေသည်။[၇၄][၇၅]အစောဆုံးသိရှိခဲ့သည့် ကူးစက်မှုမှာ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့၌ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်ဖြစ်သည်။[၇၆]

လူမှုပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှု[ပြင်ဆင်ရန်]

နာမည်အသုံးအနှုန်း[ပြင်ဆင်ရန်]

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါ၏အမည်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (COVID-19)အဖြစ် တရားဝင်ကြေငြာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesusuက CO သည် coronaကို ကိုယ်စားပြု၍ VIသည် virusကို ကိုယ်စားပြုကာ Dသည် diseaseကို ကိုယ်စားပြုကြောင်း နှင့် 19 သည် ထိုရောဂါကို ပထမဆုံးအတည်ပြုနိုင်ခဲ့သော ၂၀၁၉ခုနှစ်ကို ကိုယ်စားပြုကြောင်းရှင်းလင်းခဲ့သည်။[၇၇]အမည်ပေးရာတွင် အခြားသူများအား အသရေမပျက်စေရန်ရည်ရွယ်၍ နိုင်ငံတကာအကြံပြုချက်များအတိုင်း နေရာဒေသ(ဥပမာ-တရုတ်) ၊ တိရစ္ဆာန်မျိုးစိတ် နှင့် လူမျိုးတို့ကို ရည်ညွှန်းသည့် အမည်များကို ရှောင်ကြဉ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။[၇၈][၇၉]

ရောဂါအမည်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉အဖြစ် သတ်မှတ်ပြီးချိန်တွင် အဆိုပါရောဂါကိုဖြစ်ပေါ်စေသော ဗိုင်းရပ်စ်အမည်ကိုလည်း ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2)ဟု သတ်မှတ်ခဲ့သည်။[၈၀]အစောပိုင်းတွင် ထိုဗိုင်းရပ်စ်ကို ၂၀၁၉ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ဟုခေါ်ဝေါ်ခဲ့သည်။[၈၁]ကမ္ဘာ့ကျန်းမာရေးအဖွဲ့က "COVID-19 virus" နှင့် "COVID-19ရောဂါကို ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်"ဟုလည်း လူထုအကြားတွင် ထပ်ပေါင်းခေါ်ဆိုခဲ့သည်။[၈၂]ကိုရိုနာဗိုင်းရပ်စ်ကို ၁၉၆၈ခုနှစ်တွင် အီလက်ထရွန် အဏုကြည့်မှန်ပြောင်းပုံရိပ်တွင် မြင်တွေ့ရသော ပုံစံအတိုင်း အမည်ပေးခဲ့ပြီး လက်တင်ဘာသာတွင် ကိုရိုနာသည် သရဖူဟု အဓိပ္ပာယ်ရသည်။[၈၃][၈၄][၈၅]

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ထိုဗိုင်းရပ်စ်ကို "တရုတ်ဗိုင်းရပ်စ်" သို့မဟုတ် "ဝူဟန်ဗိုင်းရပ်စ်"ဟု ခေါ်ဆိုခြင်းမပြုရန် လူထုကို တိုက်တွန်းခဲ့သည်။[၈၆][၈၇][၈၈][၈၉]ထိုကာလတွင် ပို၍အငြင်းပွားဖွယ် အသုံးအနှုန်းများဖြစ်သော "ဝူတုပ်ကွေး" နှင့် "ကွန် တုပ်ကွေး" အစရှိသော ကြမ်းတမ်းသည့် အသုံးအနှုန်းများသည် အမေရိကန်ပြည်ထောင်စု(ဆေးပညာရပ်ဆိုင်ရာ အသိုက်အဝန်းများမှတစ်ပါး)တွင် ပေါ်ပေါက်လာခဲ့သည်။ထိုအသုံးအနှုန်းများသည် ဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိခဲ့ရာ ဝူဟန်မြို့နှင့် ဆက်စပ်ညွှန်းဆိုနေသည့်အပြင် တရုတ်ရိုးရာသိုင်းပညာများဖြစ်သော ဝူရှူးကွန်ဖူး အစရှိသော စကားလုံးများနှင့် ရောဂါအမည်ကို ပေါင်းစပ်ကာ တရုတ်နိုင်ငံကိုညွှန်းဆိုခြင်းဖြစ်သည်။ထိုအသုံးအနှုန်းများကို လူမှုကွန်ယက်နှင့် လက်ယာယိမ်းဝါဒီများက အသုံးပြုနေကြခြင်းက အသက်အန္တရာယ်ရှိသော ရောဂါ၏ ပြင်းထန်မှုအကြောင်းကို မှေးမှိန်စေသည့်အပြင် တုပ်ကွေးမဟုတ်သည့်ဤရောဂါကို တုပ်ကွေးရောဂါတစ်မျိုးဟု အထင်အမြင်လွဲမှားမှုများလည်း ဖြစ်စေနိုင်သည်။[၉၀][၉၁]

သတင်းအချက်အလက်မှားယွင်းမှု[ပြင်ဆင်ရန်]

ဤရောဂါသည် ကိုရိုနာ အမည်အမှတ်တံဆိပ်ပါ ကုန်စည်များမှ ကူးစက်ခြင်းမဟုတ်သည့်အပြင် တရုတ်နိုင်ငံမှ တင်သွင်းသော ထုတ်ကုန်များမှလည်း မကူးစက်နိုင်ပါ။[၉၂][၉၃]

ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ရောဂါကူးစက်မှုကို အချိန်အတော်ကြာ ထိန်းချုပ်နိုင်ခြင်း၏အကျိုးသက်ရောက်မှုကို ပြသော ဂရပ်ပုံ။ (မျဥ်းကွေးကို ပြားစေခြင်းဟုလည်း ခေါ်သည်)မျဉ်းကွေး၏ ထိပ်ဆုံးမှတ် နိမ့်လေလေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပို၍ ပေးနိုင်လေလေဖြစ်သည်။[၉၄][၉၅][၉၆]
မျဉ်းကွေးကို ပြားစေခြင်း၏ အခြားနည်းလမ်းများဖြစ်သည်။[၉၇][၉၈]

ရောဂါကူးစက်ခံရမှုအားလျှော့ချနိုင်သောနည်းလမ်းများမှာ အိမ်တွင်နေထိုင်ခြင်း ၊ လူထူထပ်သောနေရာများကိုရှောင်ကြဉ်ခြင်း ၊ လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် ၂၀ခန့် ဆေးကြောခြင်း၊ လေကောင်းလေသန့်ရအောင်နေခြင်း ၊ မဆေးကြောရသေးသောလက်များနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။[၉၉][၁၀၀][၁၀၁] CDCသည် နှာချေ၊ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူးနှင့် အုပ်ရန် ၊ တစ်ရှူးမရှိပါက တံတောင်ကွေးနှင့်ဖုံး၍ နှာချေ၊ချောင်းဆိုးရန် အကြံပြုထားသည်။[၉၉] ၎င်းတို့က နှာချေ၊ချောင်းဆိုးပြီးတိုင်း လက်ကို ဆေးကြောရန်လည်း အကြံပြုထားသည်။[၉၉] လူတစ်ယောက်နှင့်တစ်ယောက်ခွာနေခြင်း နည်းဗျူဟာတွင် ကျောင်းများ၊အလုပ်ရုံများကို ပိတ်ခြင်း၊ခရီးသွားမှုကို ကန့်သတ်ခြင်း နှင့် လူစုလူဝေးပြုလုပ်ခြင်းတို့ကို တားဆီးခြင်းဖြင့် ရောဂါရှိသူနှင့် လူအများစု ထိတွေ့နိုင်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။[၁၀၂]လူတစ်ယောက်နှင့်တစ်ယောက်သည် အနည်းဆုံး ၆ပေ(၁.၈၀ မီတာခန့်) ခွာနေရမည်။[၁၀၃]

ကိုးကား[ပြင်ဆင်ရန်]

  1. 国家卫生健康委关于新型冠状病毒肺炎暂命名事宜的通知 (7 February 2020)။
  2. Belluz၊ Julia (20 January 2020)။ Wuhan pneumonia outbreak: What we know and don't know
  3. Cheung၊ Elizabeth (17 January 2020)။ Wuhan pneumonia: Hong Kong widens net for suspected cases but medical workers fear already overstretched hospitals will suffer
  4. Chan, Jasper Fuk-Woo (2020-02-15). "A familial cluster of pneumonia associated with the 2019 novel coronavirus indicating person-to-person transmission: a study of a family cluster" (in English). The Lancet 395 (10223): 514–523. doi:10.1016/S0140-6736(20)30154-9. ISSN 0140-6736. PMID 31986261. 
  5. Wuhan designates hospitals for viral pneumonia treatment as cases rise (21 January 2020)။
  6. အသေးစိတ်အတွက် SARS-CoV-2 ကို ကြည့်ပါ။
  7. ၇.၀ ၇.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named CDC2020Sym
  8. Naming the coronavirus disease (COVID-19) and the virus that causes it (in en)။ World Health Organization။
  9. Novel Coronavirus (2019-nCoV): situation report, 22. World Health Organization. February 11, 2020.  Unknown parameter |vauthors= ignored (help)
  10. Gorbalenya, Alexander E. (2020-02-11). "Severe acute respiratory syndrome-related coronavirus – The species and its viruses, a statement of the Coronavirus Study Group" (in en). bioRxiv: 2020.02.07.937862. doi:10.1101/2020.02.07.937862. 
  11. "Coronavirus disease named Covid-19" (in en-GB)၊ BBC News၊ 2020-02-11။ 
  12. ၁၂.၀ ၁၂.၁ Hui DS, I Azhar E, Madani TA, Ntoumi F, Kock R, Dar O, Ippolito G, Mchugh TD, Memish ZA, Drosten C, Zumla A, Petersen E. The continuing 2019-nCoV epidemic threat of novel coronaviruses to global health – The latest 2019 novel coronavirus outbreak in Wuhan, China. Int J Infect Dis. 2020 Jan 14;91:264–266. doi:10.1016/j.ijid.2020.01.009. PMID 31953166.open access
  13. ၁၃.၀ ၁၃.၁ Q&A on coronaviruses
  14. Q&A on coronaviruses (11 February 2020)။
  15. Coronavirus Disease 2019 (COVID-19) (in en-us) (11 February 2020)။
  16. Symptoms of Novel Coronavirus (2019-nCoV) | CDC (in en-us) (2020-02-10)။
  17. "Severe acute respiratory syndrome coronavirus 2 (SARS-CoV-2) and coronavirus disease-2019 (COVID-19): The epidemic and the challenges" (February 2020). International Journal of Antimicrobial Agents: 105924. doi:10.1016/j.ijantimicag.2020.105924. PMID 32081636. 
  18. ၁၈.၀ ၁၈.၁ Advice for public (in en)။
  19. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :2
  20. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Hessen27Jan2020
  21. Coronavirus Disease 2019 (COVID-19)Centers for Disease Control and Prevention (CDC) (15 February 2020)။
  22. Wuhan Coronavirus Death Rate - Worldometer (in en)။
  23. Report 4: Severity of 2019-novel coronavirus (nCoV)
  24. CDC (2020-02-11)။ 2019 Novel Coronavirus (2019-nCoV) (in en-us)။
  25. Advice for public (in en)။
  26. Statement on the second meeting of the International Health Regulations (2005) Emergency Committee regarding the outbreak of novel coronavirus (2019-nCoV) (in en)။
  27. Hundreds of evacuees to be held on bases in California; Hong Kong and Taiwan restrict travel from mainland ChinaThe Washington Post (6 February 2020)။
  28. Areas with presumed ongoing community transmission of 2019-nCoV
  29. Sequence for Putting On Personal Protective Equipment (PPE)
  30. ၃၀.၀ ၃၀.၁ "Q&A: The novel coronavirus outbreak causing COVID-19" (February 2020). BMC Medicine 18 (1). doi:10.1186/s12916-020-01533-w. PMID 32106852. 
  31. "Clinical characteristics of novel coronavirus cases in tertiary hospitals in Hubei Province" (February 2020). Chinese Medical Journal. doi:10.1097/CM9.0000000000000744. PMID 32044814. 
  32. "Comorbidities and multi-organ injuries in the treatment of COVID-19" (March 2020). Lancet 395 (10228): e52. Elsevier BV. doi:10.1016/s0140-6736(20)30558-4. PMID 32171074. 
  33. ၃၃.၀ ၃၃.၁ "Clinical Characteristics of Coronavirus Disease 2019 in China" (February 2020). The New England Journal of Medicine. Massachusetts Medical Society. doi:10.1056/nejmoa2002032. PMID 32109013. 
  34. Henry, Brandon Michael (2020). "COVID-19, ECMO, and lymphopenia: a word of caution". The Lancet Respiratory Medicine. Elsevier BV. doi:10.1016/s2213-2600(20)30119-3. ISSN 2213-2600. PMID 32178774. 
  35. "2019 Novel coronavirus: where we are and what we know" (February 2020). Infection 48 (2): 155–163. doi:10.1007/s15010-020-01401-y. PMID 32072569. 
  36. Clinical management of severe acute respiratory infection when novel coronavirus (nCoV) infection is suspected
  37. Farkas, Josh (March 2020). COVID-19—The Internet Book of Critical Care (digital) (in English), USA: EMCrit။ 
  38. COVID19—Resources for Health Care ProfessionalsPenn Libraries (11 March 2020)။
  39. Day, Michael (17 March 2020). "Covid-19: ibuprofen should not be used for managing symptoms, say doctors and scientists". BMJ 368: m1086. doi:10.1136/bmj.m1086. PMID 32184201. 
  40. Self-isolation advice—Coronavirus (COVID-19) (in en) (2020-02-28)။
  41. Day, Michael (17 March 2020). "Covid-19: ibuprofen should not be used for managing symptoms, say doctors and scientists" (in en). BMJ 368: m1086. doi:10.1136/bmj.m1086. ISSN 1756-1833. PMID 32184201. 
  42. AFP (19 March 2020)။ Updated: WHO Now Doesn't Recommend Avoiding Ibuprofen For COVID-19 Symptoms
  43. Research, Center for Drug Evaluation and (2020-03-19). "FDA advises patients on use of non-steroidal anti-inflammatory drugs (NSAIDs) for COVID-19" (in en). Drug Safety and Availability. 
  44. Patients taking ACE-i and ARBs who contract COVID-19 should continue treatment, unless otherwise advised by their physician
  45. "Patients taking ACE-i and ARBs who contract COVID-19 should continue treatment, unless otherwise advised by their physician". American Heart Association (Press release). 17 March 2020. Retrieved 25 March 2020. 
  46. de Simone၊ Giovanni။ Position Statement of the ESC Council on Hypertension on ACE-Inhibitors and Angiotensin Receptor Blockers
  47. "Covid-19: a puzzle with many missing pieces" (February 2020). BMJ 368: m627. doi:10.1136/bmj.m627. PMID 32075791. 
  48. Novel Coronavirus—COVID-19: What Emergency Clinicians Need to Know
  49. "Staff safety during emergency airway management for COVID-19 in Hong Kong" (February 2020). Lancet Respiratory Medicine. doi:10.1016/s2213-2600(20)30084-9. PMID 32105633. 
  50. Filtering out Confusion: Frequently Asked Questions about Respiratory Protection, User Seal Check. The National Institute for Occupational Safety and Health (April 2018). Retrieved 16 March 2020.
  51. Proper N95 Respirator Use for Respiratory Protection Preparedness. NIOSH Science Blog (16 March 2020). Retrieved 16 March 2020.
  52. Coronavirus Disease 2019 (COVID-19) (11 February 2020)။
  53. Coronavirus Disease 2019 (COVID-19) (11 February 2020)။
  54. Strategies for Optimizing the Supply of Eye Protection။ CDC (11 February 2020)။
  55. CDC (11 February 2020)။ Interim Infection Prevention and Control Recommendations for Patients with Suspected or Confirmed Coronavirus Disease 2019 (COVID-19) in Healthcare Settings (in en-us)။
  56. Coronavirus Disease 2019 (COVID-19) Frequently Asked Questions
  57. Strategies for Optimizing the Supply of Facemasks။ CDC (11 February 2020)။
  58. ၅၈.၀ ၅၈.၁ ၅၈.၂ "Care for Critically Ill Patients With COVID-19" (11 March 2020). JAMA. doi:10.1001/jama.2020.3633. PMID 32159735. 
  59. World Health Organization (28 January 2020)။ Clinical management of severe acute respiratory infection when novel coronavirus (2019-nCoV) infection is suspected
  60. "Report 9: Impact of non-pharmaceutical interventions (NPIs) to reduce COVID19 mortality and healthcare demand" (16 March 2020). Imperial College London. doi:10.25561/77482. 
  61. ၆၁.၀ ၆၁.၁ Scott၊ Dylan။ "Coronavirus is exposing all of the weaknesses in the US health system High health care costs and low medical capacity made the US uniquely vulnerable to the coronavirus."၊ Vox၊ 16 March 2020။ 
  62. CDC (2020-02-11)။ Coronavirus Disease 2019 (COVID-19) (in en-us)။
  63. "[Updating Italian hospital saves Covid-19 patients lives by 3D printing valves for reanimation devices]"၊ 3D Printing Media Network၊ 14 March 2020။ 
  64. ၆၄.၀ ၆၄.၁ "Therapeutic options for the 2019 novel coronavirus (2019-nCoV)" (March 2020). Nature Reviews. Drug Discovery 19 (3): 149–150. doi:10.1038/d41573-020-00016-0. PMID 32127666. 
  65. "Chinese doctors using plasma therapy on coronavirus, WHO says 'very valid' approach"၊ 17 February 2020။ 
  66. Steenhuysen J, Kelland K (24 January 2020). "With Wuhan virus genetic code in hand, scientists begin work on a vaccine". Reuters. Archived from the original on 25 January 2020. Retrieved 25 January 2020.
  67. Duddu၊ Praveen (19 February 2020)။ Coronavirus outbreak: Vaccines/drugs in the pipeline for Covid-19clinicaltrialsarena.com
  68. "Drug treatment options for the 2019-new coronavirus (2019-nCoV)." (28 January 2020). Biosci Trends 14 (1): 69–71. doi:10.5582/bst.2020.01020. PMID 31996494. 
  69. "WHO: 'no known effective' treatments for new coronavirus"၊ 5 February 2020။ 
  70. "Timely mental health care for the 2019 novel coronavirus outbreak is urgently needed" (March 2020). The Lancet. Psychiatry 7 (3): 228–29. doi:10.1016/S2215-0366(20)30046-8. PMID 32032543. 
  71. "The mental health of medical workers in Wuhan, China dealing with the 2019 novel coronavirus" (March 2020). The Lancet. Psychiatry 7 (3): e14. doi:10.1016/S2215-0366(20)30047-X. PMID 32035030. 
  72. "Discovery of a novel coronavirus associated with the recent pneumonia outbreak in humans and its potential bat origin" (23 January 2020). bioRxiv. doi:10.1101/2020.01.22.914952. 
  73. "The proximal origin of SARS-CoV-2" (17 March 2020). Nature Medicine: 1–3. doi:10.1038/s41591-020-0820-9. 
  74. "The Epidemiological Characteristics of an Outbreak of 2019 Novel Coronavirus Diseases (COVID-19)—China, 2020" (17 February 2020). China CDC Weekly 2 (8): 113–122. Chinese Center for Disease Control and Prevention. 
  75. "COVID-19: what is next for public health?" (February 2020). Lancet 395 (10224): 542–45. doi:10.1016/S0140-6736(20)30374-3. PMID 32061313. 
  76. Davidson, Helen။ "First Covid-19 case happened in November, China government records show—report"၊ The Guardian၊ 13 March 2020။ 
  77. "Novel coronavirus disease 2019 (COVID-19) pandemic: increased transmission in the EU/EEA and the UK – sixth update" (PDF). ecdc. Archived (PDF) from the original on 14 March 2020. Retrieved 26 March 2020
  78. "Novel coronavirus named 'Covid-19': WHO". TODAYonline. Archived from the original on 21 March 2020. Retrieved 11 February 2020.
  79. "The coronavirus spreads racism against – and among – ethnic Chinese". The Economist. 17 February 2020. Archived from the original on 17 February 2020. Retrieved 17 February 2020.
  80. "Naming the coronavirus disease (COVID-19) and the virus that causes it". World Health Organization (WHO). Archived from the original on 28 February 2020. Retrieved 13 March 2020.
  81. "Novel Coronavirus(2019-nCoV) Situation Report – 10" (PDF). World Health Organization (WHO). 30 January 2020. Archived (PDF) from the original on 31 January 2020. Retrieved 15 March 2020.
  82. "Naming the coronavirus disease (COVID-19) and the virus that causes it". World Health Organization (WHO). Archived from the original on 28 February 2020. Retrieved 13 March 2020.
  83. "Virology: Coronaviruses". Nature. 220 (5168): 650. 1968. Bibcode:1968Natur.220..650.. doi:10.1038/220650b0. ISSN 0028-0836.
  84. Definition of Coronavirus by Merriam-Webster, Merriam-Webster, archived from the original on 23 March 2020, retrieved 24 March 2020
  85. Definition of Corona by Merriam-Webster, Merriam-Webster, archived from the original on 24 March 2020, retrieved 24 March 2020
  86. Wu, Nicholas. "GOP senator says China 'to blame' for coronavirus spread because of 'culture where people eat bats and snakes and dogs'". USA TODAY. Archived from the original on 29 March 2020. Retrieved 28 March 2020.
  87. Forgey, Quint. "Trump on 'Chinese virus' label: 'It's not racist at all'". POLITICO. Archived from the original on 18 March 2020. Retrieved 28 March 2020.
  88. Fischer, Sara. "The WHO said to stop calling it "Chinese" coronavirus, but Republicans didn't listen". Axios. Archived from the original on 29 March 2020. Retrieved 28 March 2020.
  89. Filipovic, Jill. "Trump's malicious use of 'Chinese virus'". CNN. Archived from the original on 29 March 2020. Retrieved 29 March 2020.
  90. "Trump doubles down on 'China virus', demands to know who in White House used phrase 'Kung Flu'". Fox News. 18 March 2020. Archived from the original on 29 March 2020. Retrieved 18 March 2020.
  91. "A last, desperate pivot: Trump and his allies go full racist on coronavirus". Salon. 19 March 2020. Archived from the original on 29 March 2020. Retrieved 19 March 2020.
  92. Lee, Bruce Y. "Coronavirus Is Not The 'Corona Beer Virus', What People Are Googling". Forbes. Archived from the original on 16 March 2020. Retrieved 31 March 2020.
  93. "Can I get coronavirus from a package delivered from China?". Daily Breeze. 26 February 2020. Retrieved 31 March 2020.
  94. Wiles၊ Siouxsie (9 March 2020)။ The three phases of Covid-19—and how we can make it manageable
  95. "How will country-based mitigation measures influence the course of the COVID-19 epidemic?" (March 2020). Lancet 395 (10228): 931–934. doi:10.1016/S0140-6736(20)30567-5. PMID 32164834. “A key issue for epidemiologists is helping policy makers decide the main objectives of mitigation—e.g. minimising morbidity and associated mortality, avoiding an epidemic peak that overwhelms health-care services, keeping the effects on the economy within manageable levels, and flattening the epidemic curve to wait for vaccine development and manufacture on scale and antiviral drug therapies.” 
  96. Barclay၊ Eliza (10 March 2020)။ How canceled events and self-quarantines save lives, in one chart
  97. Wiles၊ Siouxsie (14 March 2020)။ After 'Flatten the Curve', we must now 'Stop the Spread'. Here's what that means
  98. "How will country-based mitigation measures influence the course of the COVID-19 epidemic?" (March 2020). Lancet 395 (10228): 931–934. doi:10.1016/S0140-6736(20)30567-5. PMID 32164834. 
  99. ၉၉.၀ ၉၉.၁ ၉၉.၂ Centers for Disease Control (3 February 2020)။ Coronavirus Disease 2019 (COVID-19): Prevention & Treatment (in en-us)။
  100. Advice for Public
  101. My Hand-Washing Song: Readers Offer Lyrics For A 20-Second Scrub (in en)။
  102. Maragakis၊ Lisa Lockerd။ Coronavirus, Social Distancing and Self Quarantine။ John Hopkins University။
  103. Parker-Pope၊ Tara။ "Deciding How Much Distance You Should Keep" (in en-US)၊ The New York Times၊ 19 March 2020။