မာတိကာသို့ ခုန်သွားရန်

ကိုကိုး (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
ကိုကိုး
Coco
ရုပ်ရှင်ပိုစတာ (ဘယ်ဘက်အောက်ဆုံးမှစ၍ ကိုကိုး၊ ဒန်တီ(ခွေး)၊ မီဂေးလ်၊ ဟက်တာ၊ အနက်စတို၊ အီမဲဒါ)
အခြေခံအချက်အလက်
ဒါရိုက်တာLee Unkrich
ထုတ်လုပ်သူDarla K. Anderson
စာရေးသူAdrian Molina[*]
ဇာတ်ညွှန်း
  • Adrian Molina
  • Matthew Aldrich
ဇာတ်လမ်း
  • Lee Unkrich
  • Jason Katz
  • Matthew Aldrich
  • Adrian Molina
သရုပ်ဆောင်
ဂီတမှူးMichael Giacchino[]
ဓာတ်ပုံ
တည်းဖြတ်
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကြာမြင့်ချိန်
၁၀၅ မိနစ်[]
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်[]
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
ထုတ်ဝေသူWalt Disney Studios
Motion Pictures
ကုန်ကျငွေ$175–200 million[][][]
ရောင်းရငွေ$၈၀၆.၅ သန်း[၁၀]
နောင်တော်များနှင့် နောက်ဆက်တွဲများ
ယခင်ဇာတ်လမ်းno value
နောက်ထွက်ဇာတ်လမ်းCoco 2[*]

ကိုကိုး (အင်္ဂလိပ်: Coco) သည် ၂၀၁၇ ခုနှစ်က ထုတ်လုပ်သော အမေရိကန် အန်နီမေးရှင်းဇာတ်လမ်း ဖြစ်သည်။ ဤဇာတ်လမ်းမှာ မက္ကဆီကန်များ၏ ရိုးရာယုံကြည်မှုကို အခြေခံထားပြီး အသက် ၁၂ နှစ်အရွယ် ကောင်လေး မီဂေးလ်ရီဗဲရားမှာ တမလွန်ကမ္ဘာသို့ မတော်တဆရောက်ရှိသွားပြီး သူ၏မိသားစုနှင့် တွေ့ဆုံပုံကို ရိုက်ကူးထားသည်။ မက္ကဆီကိုအယူအဆအရ သေသွားသောသူများ၏ ဓာတ်ပုံများကို ကျန်ရစ်သူများက သတိတရထားရှိလျှင် ထိုသူများသည် ပွဲတော်ညတွင်လူ့ကမ္ဘာသို့ လာရောက်လည်ပတ်တတ်ကြသည်။ မိဘမေတ္တာနှင့် မိသားစုစိတ်ဓာတ်များကို ပေါ်လွင်အောင် ချပြနိုင်သော ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သည်။

အကျဉ်းချုပ်

[ပြင်ဆင်ရန်]

မက္ကဆီကိုနိုင်ငံရှိ စန်တာဆယ်ဆီလီယာတွင် အီမဲဒါ ရီဗဲရားဟူသော အမျိုးသမီးရှိသည်။ သူ၏ခင်ပွန်းမှာ ဂီတပညာရှင်ဖြစ်သည်။ သူတို့တွင် ကိုကိုးဟုခေါ်သော သမီးလေးရှိသည်။ ထိုသမီးလေး ၃ နှစ်အရွယ်တွင် သူ၏ခင်ပွန်းမှာ သူတို့ကိုပစ်ကာ ဂီတလောကသို့သာ ထွက်သွားသည်။ ထိုအချိန်မှစ၍ အီမဲဒါမှာ ဂီတကို မုန်းတီးသွားပြီး အလုပ်ကို ကြိုးစားခဲ့သည်။ ဖိနပ်လုပ်ငန်းကို မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ကာ သားစဉ်မြေးဆက် လုပ်ခဲ့ကြသည်။

နှစ်ပေါင်းများစွာအကြာတွင် အီမဲဒါမရှိတော့ဘဲ ကိုကိုးမှာ အသက်တော်တော်ကြီးလာခဲ့သည်။ ထိုအိမ်တွင် ကိုကိုး၏သမီးမှ ဦးဆောင်နေသည်။ သူမှာ သူ၏အဖွားအတိုင်း ဂီတကို မုန်းတီးပြီး ပြင်းထန်စွာ တားဆီးခဲ့သည်။ အီမဲဒါ၏တီ ဖြစ်သော မီဂေးလ်မှာ ဂီတကို ဝါသနာပါလာသည်။ တစ်နေ့တွင် ကွယ်လွန်သူတို့ ဓာတ်ပုံခန်းမှ အီမဲဒါ၏ဓာတ်ပုံကို တိုက်မိ၍ ကျကွဲရာမှဓာတ်ပုံမှာ တစ်ခြမ်းခေါက်ထားခြင်း ဖြစ်နေသည်။ ထိုမှသာ ထိုဓာတ်ပုံမှာ အီမဲဒါ၊ ကိုကိုးနှင့် သူ့ခင်ပွန်းတို့ ရိုက်ထားသောပုံဖြစ်မှန်း သိရသည်။ သူ၏ခင်ပွန်းနေရာတွင် ခေါင်းပိုင်းမှာ ပြဲနေသော်လည်း လက်ထဲတွင် ဂစ်တာတစ်လက် ကိုင်ထားသည်။ ထိုဂစ်တာကို မြင်သွားသော မီဂေးလ်မှာ သူအရမ်းအားကျသည့် ဂီတသူရဲကောင်း အနက်စတိုဒယ်လာခရု၏ ဂစ်တာ ဖြစ်နေလေသည်။

ထိုအခါမှ မီဂေးလ်မှာ သူ၏ဘီသည် အနက်စတိုဒယ်လာခရုမှန်းသိကာ ဝမ်းသာအားရဖြင့် သူ၏အဖွားဖြစ်သော အယ်လီနာကို သွားပြောရာ သူ၏အဖွားမှာ ဂီတနှင့်ပတ်သက်မည်စိုး၍ အပြင်းအထန် ကြိမ်းမောင်းခဲ့ပြီး သူ၏ဂစ်တာကို ရိုက်ခွဲခဲ့သည်။ မီဂေးလ်မှာ ထွက်ပြေးလာခဲ့ပြီး ဈေးထဲတွင် စွမ်းရည်ပြိုင်ပွဲဝင်ပြိုင်ရန် ဂီတာလိုအပ်လာရာ သူ၏ဘီဖြစ်သော အနက်စတို၏ ဂူဗိမ္မာန်အတွင်း ခိုးဝင်ကာ ဂီတာကို ခိုးယူခဲ့သည်။ သေသူ၏ပစ္စည်းကို ခိုးယူခဲ့ခြင်းဖြစ်၍ တမလွန်ကမ္ဘာသို့ သူ့ကိုခင်နေသောခွေးလေး ဒန်တီနှင့်အတူ ရောက်သွားသည်။ ထိုမှ သူ၏ဆွေမျိုးများနှင့် တွေ့သွားသည်။ သူ၏ဘီ အီမဲဒါ၏ဓာတ်ပုံမှာ ကျကွဲသွား၍ အီမဲဒါမှာလာ၍မရတော့ချေ။ ထို့ကြောင့် မီဂေးလ်ကို လူသားကမ္ဘာသို့ပြန်ပို့ရန် ဆွေမျိုးတစ်ဦး၏ ကောင်းချီပေးရန် လိုအပ်သည်။ အီမဲဒါမှ ဂီတကိုမုန်းတီးရန် ပြောဆိုပြီး ကောင်းချီးပေးခဲ့သော်လည်း မီဂေးလ်မှာ ဂီတာကိုပြန်ခိုးခဲ့၍ တမလွန်ကမ္ဘာသို့ ပြန်ရောက်သွားသည်။ ထို့နောက်ဂီတသမား သူ၏ဘီအနက်စတိုဆီမှ ကောင်းချီးလက်ခံရန် ထွက်ပြေးခဲ့သည်။

တမလွန်ကမ္ဘာတွင် ဟက်တာဆိုသူနှင့် တွေ့ခဲ့သည်။ ဟက်တာမှာ လူ့လောကတွင် သူ့ကိုသတိရသူမရှိ၍ ထာဝရပျောက်ကွယ်ရတော့မည့်သူ ဖြစ်သည်။ သူ၏ဓာတ်ပုံကို လူ့လောကသို့ ပြန်ယူသွားပြီး ထောင်ထားပေးရန် သဘောတူပြီး အနက်စတိုကို ကူ၍ ရှာပေးခဲ့သည်။ အနက်စတိုမှာ နာမည်ကျော်ဖြစ်၍ သူနှင့်တွေ့ဆုံရန် မလွယ်ကူပေ။ နောက်ဆုံးတွင် ဖျော်ဖြေပွဲလုပ်နေသော အနက်စတိုနှင့် တွေ့ခဲ့သည်။ ထိုမှတစ်ဆင့် အနက်စတိုနှင့် ဟက်တာတို့အကြောင်းကို သိခဲ့ရသည်။ သူတို့ ၂ ဦးမှာ လူ့ဘဝက လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။ အောင်မြင်လုဆဲအချိန်တွင် ဟက်တာမှာ သူ့မိသားစုကို သတိရ၍ပြန်ရန် ဆုံးဖြတ်ခဲ့ရာ အနက်စတိုမှ အဆိပ်ခပ်သတ်ကာ ဟက်တာ၏သီချင်းများကို ခိုး၍အောင်မြင်ခဲ့သည်။ ဟက်တာနှင့် ထိုအကြောင်းများ သိသွားသော မီဂေးလ်တို့ကို တွင်းနက်ကြီးထဲ ပို့ခဲ့သည်။ ဟက်တာ၏ဓာတ်ပုံကိုမူ ယူထားခဲ့သည်။

ထိုအထဲတွင်ကျမှ မီဂေးလ်က သူ၏ဘီမှာ အနက်စတိုမဟုတ်ဘဲ ဟက်တာဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့ကို အီမဲဒါတို့မှ ကယ်တင်ခဲ့သည်။ ထိုအခါမှ အီမဲဒါမှာ ဟက်တာကို စိတ်ဆိုးပြေကာ အနက်စတိုထံမှ ဟက်တာ၏ ဓာတ်ပုံကို သွားယူရန်လာခဲ့ကြသည်။ အနက်စတိုထံအရောက်တွင် ဓာတ်ပုံယူရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်။ အနက်စတိုမှ ဟက်တာ၏ဓာတ်ပုံ ပြန်ယူမသွားနိုင်ရန် မီဂေးလ်ကို အမြင့်ပေါ်မှ ပစ်ချခဲ့သည်။ သို့သော်မီဂေးလ်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် ဟက်တာ၏ဓာတ်ပုံမှာ လွင့်ထွက်သွားသည်။ ထိုအဖြစ်အပျက်များကို ဖျော်ဖြေပွဲကျင်းပရာ စင်မြင့်ရှိ စခရင် မှတစ်ဆင့် အားလုံးသိသွားကြသည်။ အနက်စတိုမှာလည်း သေဆုံးသွားရသည်။

မနက်နေထွက်လာတော့မည်ဖြစ်၍ ဟက်တာမှာ တမလွန်ဘဝမှ လုံးဝကွယ်ပျောက်တော့မည် ဖြစ်သည်။ ဓာတ်ပုံမရှိတော့၍ ဟက်တာမှာ တမလွန်ကမ္ဘာတွင် ဆက်နေခွင့်မရှိတော့ချေ။ မီဂေးလ်ကို လူ့လောကသို့ ပြန်လွှတ်နိုင်ခဲ့သည်။ မီဂေးလ်မှာ သူ့အိမ်သို့ပြန်လာပြီး သူ၏ဘေးဖြစ်သူ ကိုကိုးအား သူ၏အဖေအကြောင်းများ ပြောပြခဲ့သည်။ ကိုကိုးမှာ အင်မတန်အသက်ကြီးပြီ ဖြစ်သည်။ ဟက်တာမှ ကိုကိုးကို အမြဲဆိုပြနေသော "ငါ့ကိုသတိရပေးပါ" သီချင်းအား ဂီတာဖြင့်တီး၍ဆိုပြရာ ကိုကိုးမှာ ပြန်လည်သတိရပြီး သူ့အဖေ၏အကြောင်းများ ပြောပြကာ မိသားစုဓာတ်ပုံမှ သူသိမ်းထားသော သူ့အဖေပုံအပြဲလေးကို ထုတ်ပေးလေသည်။ ထိုအခါမှ မိသားစုဓာတ်ပုံကို ကွယ်လွန်သူတို့၏ ဓာတ်ပုံခန်းတွင် ထားခဲ့သည်။

နောက်တစ်နှစ် ပွဲတော်အချိန်တွင် ကိုကိုးသည် လူ့လောကတွင် မရှိတော့ချေ။ ဟက်တာမှာလည်း ပန်းတံတားကို ဖြတ်၍ လူ့လောကသို့ လာခွင့်ရခဲ့သည်။ ဟက်တာ၊ အီမဲဒါ၊ ကိုကိုး၊ ဂျူလီယို (ကိုကိုး၏ယောက်ျား)၊ ရိုစီတာ၊ ဗစ်တိုရီးယားဖိလစ်နှင့် အော်စကာတို့မှာ လူ့လောကသို့ ပျော်ရွှင်စွာ လာရောက်လည်ပတ်ကြသည်။ မီဂေးလ်တို့အိမ်မှာလည်း သမိုင်းဝင် တေးရေးဆရာဟက်တာ၏ အိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အနက်စတိုမှာ မေ့လျော့ခံခဲ့ရသည်။ မီဂေးလ်မှာလည်း သီချင်းဆိုခွင့်ရခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. New 'Incredibles 2', 'Toy Story 4' Details Revealed at D23 The Hollywood Reporter (July 14, 2017)။ July 14, 2017 တွင် ပြန်စစ်ပြီး။
  2. 1 2 3 4 Coco Award Categories 2 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 10, 2017 တွင် ပြန်စစ်ပြီး။
  3. 1 2 Coco Press Kit (PDF)။ November 28, 2017 တွင် ပြန်စစ်ပြီး။
  4. Coco - British Board of Film Classification British Board of Film Classification 25 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 6, 2018 တွင် ပြန်စစ်ပြီး။
  5. COCO (2017) British Board of Film Classification (December 20, 2017)။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
  6. You must specify archiveurl = and archivedate = when using {{cite web}}.Pixar's 'Coco' to World Premiere at Mexico's Morelia Fest The Hollywood Reporter (July 5, 2017)။ June 8, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 5, 2017 တွင် ပြန်စစ်ပြီး။
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named opening
  8. Box Office: ‘Coco’ Topping ‘Justice League’ With $70 Million Over Thanksgiving Weekend Variety (magazine)|Variety (November 23, 2017)။ November 23, 2017 တွင် ပြန်စစ်ပြီး။
  9. Coco (2017) - Financial Information - The Numbers The Numbers (December 31, 2017)။ December 31, 2017 တွင် ပြန်စစ်ပြီး။
  10. Coco (2017) Box Office Mojo IMDb May 1, 2018 တွင် ပြန်စစ်ပြီး။