ကိုကိုဦး (ဗိုလ်ချုပ်)
ကိုကိုဦး | |
|---|---|
| ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး ကျော်စွာလင်း |
| အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး | |
| တာဝန်သက်တမ်း စက်တင်ဘာ ၂၀၂၅ – ၃၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ် |
| အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး | |
| တာဝန်သက်တမ်း ဩဂုတ် ၂၀၂၃ – စက်တင်ဘာ ၂၀၂၅ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် |
| အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
| တာဝန်သက်တမ်း ၂၀၂၀ – ဩဂုတ် ၂၀၂၃ | |
| ယခင်လူ | ဗိုလ်ချုပ် ကျော်စွာလင်း |
| ဆက်ခံသူ | ဗိုလ်ချုပ် ကြည်ခိုင် |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
| ရာထူး | |
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး သည် မြန်မာ့တပ်မတော်၏ ထိပ်သီးအရာရှိကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်ကို ဆက်ခံရန် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယင်းမတိုင်မီက သူသည် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး[၁]၊ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။[၂]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာချိန်၌ အသက်၄၅နှစ်ခန့်သာရှိသေးသဖြင့် အသက်အငယ်ဆုံး စစ်တိုင်းမှူး အဖြစ် စာရင်းဝင်ခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်ရာထူး၊ဆက်၍ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးကာ ၂၀၂၃ခုနှစ် ဩဂုတ်လတွင် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ယခင်က စစ်ဦးစီးအရာရှိနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဖြစ်သည်။[၃]
၂၀၂၅ ခုနှစ်၊စက်တင်ဘာ တွင် ရန်ကုန်ကိုကိုင်တွယ်ရသည့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။[၄] [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင်တိုင်းမှူးတွေ အပြောင်းအလဲဖြစ်"။
- ↑ စထွန်းအောင် (2026-03-30)။ မှန်းဆထားကြသည့်အတိုင်း အာဏာသိမ်းခေါင်းဆောင် သမ္မတလောင်း ဖြစ်လာ (in en-US)။ 2026-03-30 တွင် ပြန်စစ်ပြီး။
- ↑ "တပ်ချုပ်သစ် ရှာပုံတော် ၂၀၂၀"။ Archived from the original on 8 June 2021။
- ↑ ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်။ BBC (၂၃ စက်တင်ဘာ ၂၀၂၅)။ ၂၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်။ MYANMAR NATIONAL PORTAL (၂၅ စက်တင်ဘာ ၂၀၂၅)။ ၂၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။