ကိုကိုနိုင်၊ ရာမည

ဝီကီပီးဒီးယား မှ
ရာမည ကိုကိုနိုင်
(၁၉၂၃-၂၀၀၅)
မွေးသက္ကရာဇ် ၁၇၊ ၄၊ ၁၉၂၃
အမည်ရင်း မောင်ခင်အုန်း၊ ကိုကို
မိဘအမည် ဦးအုန်းဖေ + ဒေါ်ခင်မြင့်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား မြန်မာ
လူမျိုး ဗမာ-မွန်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဆယ်တန်း
အလုပ်အကိုင် စစ်မှုထမ်း၊
သုတေသီ၊
စာရေးဆရာ
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု ဝန်ကြီး
ထင်ရှားသည့်လက်ရာများ ငပလီကမ်းခြေ ရေသူမရုပ်၊
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊
တိုက်ပွဲဝင်နှင့် စစ်မှုထမ်းကောင်း တံဆိပ်များနှင့် နိုင်ငံဂုဏ်ရည် (ပထမအဆင့်)၊
အမျိုးသား စာပေဆု(၂၀၀ဝ ပြည့်နှစ်)၊
စာပေဗိမာန် စာမူဆု (ပထမဆု)(၂၀၀၁)
ကွယ်လွန်ရက် ၂၊ ၁၁၊ ၂၀၀၅ ရက်နေ့ နံနက် ၁၁ နာရီ
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ရာမညကိုကိုနိုင် (၁၉၂၃- ၂၀၀၅) သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး အမျိုးသားစာပေဆု နှင့် စာပေဗိမာန်စာမူဆုရ စာရေးဆရာတစ်ဦး လည်းဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)၊ နှင့် လွတ်လပ်ရေးတိုက်ပွဲဝင်တံဆိပ်များ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ရာမညကိုကိုနိုင်သည် ရခိုင်ပြည်နယ် ငပလီကမ်းခြေ ရှိ ရေသူမရုပ်တုကို ထုလုပ်ခဲ့သူ လည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သုတေသီ ရာမညကိုကိုနိုင်ကို ၁၉၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၌ အဖ ဦးအုန်းဖေ၊ အမိ ဒေါ်ခင်မြင့်တို့က မွေးဖွားသည်။ ငယ်နာမည်မှာ ကိုကို ဖြစ်သည်။ ဗမာ-မွန် အမျိုးအနွယ်ဖြစ်၍ ကိုကိုနောက်တွင် နိုင်တစ်လုံးတိုး၍ ကလောင်အမည်ကို ကိုကိုနိုင်ဟု ယူခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ကာလတွင် မွန်ပြည်နယ် (ရာမညတိုင်း) သထုံမြို့ အစိုးရ အထက်တန်းကျောင်း၌ အင်္ဂလိပ်-မြန်မာ ဆယ်တန်းအထိ ပညာသင်ယူခဲ့သည်။ ငယ်စဉ်ကပင် ပန်းချီပညာကို ဝါသနာပါခဲ့သဖြင့် ၁၉၃၇ ခုနှစ်၊ ခုနစ်တန်း ကျောင်းသားဘဝတွင် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကြီး၌ မြန်မာတနိုင်ငံလုံးတွင် ဒုတိယဆုကို ရရှိခဲ့ဖူးသည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

ဗမာ့ လွတ်လပ်ရေး တပ်မတော်ဗမာ့ ကာကွယ်ရေး တပ်မတော်၊ ဗမာ့ မျိုးချစ် တပ်မတော်နှင့် လက်ရှိ ဗမာ့ တပ်မတော်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။ မော်ကွန်းဝင် ပထမအဆင့်၊ တိုက်ပွဲဝင်နှင့် စစ်မှုထမ်းကောင်း တံဆိပ်များနှင့် နိုင်ငံဂုဏ်ရည် ပထမအဆင့် ရခဲ့သည်။

ဝန်ကြီး အဖွဲ့တွင် ဝန်ကြီး၊ ပြည်သူ့ တရားသူကြီး အဖွဲ့တွင် တရားသူကြီး အဖွဲ့ဝင်၊ ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ပန်းချီပန်းပု၊ စာပေ၊ ဂီတ[ပြင်ဆင်ရန်]

ဆရာကြီးသည် ၁၉၇၄ ခုနှစ်၊ ဧပြီလ (ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဘဝ) ၌ ငပလီကမ်းခြေ အဏ္ဏဝါရိပ်သာရှေ့ ကျောက်ဆောင်တွင် အမြင့်ခြောက်ပေရှိ ရေသူမ (ရခိုင် ခေါ် ရီသူမ) ရုပ်တုကို လေးရက်နှင့် သုံးညတိုင်တိုင် အပင်ပန်းခံ ထုလုပ်ခဲ့သည်။ ထိုရုပ်တုသည် နှစ်ပေါင်း ၃ဝ ကျော် သက်တမ်းအထိ ခိုင်မြဲလျက် ရှိသည့်အတွက် ချီးကျူးထိုက်လှပါသည်။

ပန်းချီ၊ ပန်းပုနှင့် ဂီတပညာ အပြင် မြန်စာစာနှင့် စာပေကို လေ့လာ လိုက်စားခဲ့သည်။ ဝတ္ထုတိုများ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ပန်းချီ၊ ပန်းပုနှင့် ဂီတဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့၊ ရေးသားနေဆဲ ဖြစ်သည်။ စာပေ ရေးသားရာတွင် ရာမည ကိုကိုနိုင် အမည်ဖြင့် လည်းကောင်း၊ ဗိုလ်မှူးချုပ် ခင်အုန်း အမည်ဖြင့် လည်းကောင်း ရေးသားခဲ့သည်။ ရေးသားသော စာအုပ်များထဲမှ 'မြန်မာ့စောင်း သိကောင်းစရာနှင့် တတ်ကောင်းစရာ' စာအုပ်ဖြင့် ၁၉၈၅ ခုနှစ်၊ အမျိုးသား စာပေဆု(National Literature Award)၊ 'မြန်မာ့ရုပ်သေးနှင့် ရုပ်သေးပန်းပု ရုပ်တုပညာ သိကောင်းစရာ' စာအုပ်ဖြင့် ၂၀၀ဝ ပြည့်နှစ်၊ အမျိုးသား စာပေဆု၊ 'စစ်ပါရဂူနှင့် ကဗျာ့ဝိဒူ' စာအုပ်ဖြင့် ၂၀၀၁ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု (ပထမဆု) ကို ဆွတ်ခူး ရရှိခဲ့သည်။

ဆရာကြီးသည် ဝါသနာပါသော ပန်းချီပန်းပု၊ စာပေ၊ ဂီတများကို ပြုစုရေးသား ဖော်ဆောင်ခဲ့သည့် အပြင် နိုင်ငံတော်မှ တာဝန်ပေးချက်များ အရ ဂီတ သီချင်းကြီးများ စိစစ်ခြင်း၊ ဂီတ သင်္ကေတ မှတ်တမ်း ပြုစုရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို ဆောင်ရွက်ခြင်း၊ ဆိုက ရေးတီးတွင် ဦးစီး ကော်မတီဝင် အဖြစ် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှု တက္ကသိုလ် ကောင်စီဝင် တာဝန်များကို ထမ်းဆောင်ခြင်းတို့ အပြင် မြန်မာ့ရိုးရာ ပန်းချီပညာနှင့် ပတ်သက်၍ သုတေသနပြုစု ရေးသားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဆရာကြီးသည် ၂၊ ၁၁၊ ၂၀၀၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကွယ်လွန်ခဲ့သည်။

ရေးသားပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက်
အမွေခံထိုက်သော မြန်မာ့ပန်းပုပညာ ၁၉၈၃
မြန်မာ့စောင်း ၁၉၈၅
ရှေးက မြန်မာ့ စောင်းပညာရှင်များနှင့် စောင်းဝေါဟာရများ ၁၉၈၅
၁၉၄၅ ခုနှစ်၊ ဖက်ဆစ်ဝါဒီများကို တိုက်ခိုက်ခဲ့စဉ်က ၁၉၈၅
မြန်မာ့စောင်း သိကောင်းစရာနှင့် တတ်ကောင်းစရာ (ဒု-တွဲ) ၁၉၉၃ အမျိုးသား စာပေဆု
မြန်မာ့ ရုပ်သေးနှင့် ရုပ်သေးပန်းပု ရုပ်တုပညာ သိကောင်းစရာ ၂၀၀၀ အမျိုးသား စာပေဆု
မြန်မာ့စောင်း သိကောင်းစရာနှင့် တတ်ကောင်းစရာ ၂၀၀၁
စစ်ပါရဂူနှင့် ကဗျာ့ဝိဒူ ၂၀၀၁ စာပေဗိမာန် စာမူဆု (ပထမဆု)

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ စက်တင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့က စုဆောင်းပြုစုတဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'