မာတိကာသို့ ခုန်သွားရန်

ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း

ဝီကီပီးဒီးယား မှ
ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း
ဖွဲ့စည်းခြင်း၂၀၂၁
Merger ofကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း
ကိမ်းဘရစ်ချ် စစ်ဆေးအကဲဖြတ်ခြင်း
တည်နေရာ
ဝန်ဆောင်မှုဒေသ
ကမ္ဘာအနှံ့
ဝန်ဆောင်မှုများထုတ်ဝေရေး၊ စာမေးပွဲများ၊ ပညာရပ်ဆျုင်ရာ အကဲဖြတ်မှုများ၊ ပညာရေးဆိုင်ရာ သုတေသန
အမှုဆောင်အရာရှိချုပ်
ပီတာ ဖိလစ်
မိခင်အဖွဲ့အစည်း
ကိမ်းဘရစ်ချ်တက္ကသိုလ်
ဝက်ဘ်ဆိုဒ်cambridge.org

ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း သည် ကိမ်းဘရစ်ချ်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သည်။ ကမ္ဘာလုံးအနှံ့ ပညာရပ်ဆိုင်ရာ၊ ပညာရေးဆိုင်ရာ ပုံနှိပ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းများကို ဦးဆောင်ပံ့ပိုးနေသော အဖွဲ့လည်းဖြစ်၏ ။ ထုတ်ဝေသူအနေဖြင့် လုပ်ငန်းသည် နိုင်ငံပေါင်း လေးဆယ်ထက်မနည်းသော နေရာများတွင် ကမ္ဘာလုံးဆိုင်ရာ ရောင်းချသောနေရာများ၊ ထုတ်ဝေရာ၏ ဗဟိုချက်များ၊ ရုံးခန်းများ တည်ရှိသည်။ နိုင်ငံပေါင်း (၁၀၀) ကျော်မှ စာရေးဆရာများစွာတို့၏ ခေါင်းစဉ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြန့်ချိပြီးဖြစ်သည်။ ထုတ်ဝေရာ၌လည်း တက္ကသိုလ်ပညာရပ်ဆိုင်ရာ ဂျာနယ်၊ အကြောင်းအရာတစ်ရပ်ကို အသေးစိတ်ပြုထားသော စာတမ်းများ (monograph) ၊ ရည်ညွှန်းကိုးကား စာအုပ်/ကျမ်းများ ၊ ကျောင်း/တက္ကသိုလ် ပြဋ္ဌာန်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်ကြား/သင်ယူရေး စာအုပ်များ စသဖြင့် မြောက်မြားစွာ ထုတ်ဝေခဲ့သည်။ ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းကို ပံ့ပိုးသူအနေဖြင့် နိုင်ငံ (၁၇၀) မှ လေ့လာသူ ရှစ်သန်းကျော်ကို စစ်ဆေး၊ စိစစ်၊ အကဲဖြတ်ပေးပြီးဖြစ်သည်။[][] စစ်ဆေးအကဲဖြတ်ခြင်းအဖွဲ့အစည်းအချို့ကိုလည်း စီမံဆောင်ရွက်ရာ "Oxford, Cambridge and RSA Examinations" (OCR) ၊ "Cambridge Assessment International Education" ၊ "Cambridge Assessment Admissions Testing" များအပြင် အင်္ဂလိပ်စာ လေ့လာသင်ယူသူများအတွက် "Cambridge Assessment English" ကိုလည်း ဆောင်ရွက်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Inside the secret location that's home to 8 million exam papers Cambridge News 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။
  2. Who we are cambridgeassessment.org.uk