ကားလ် မာ့ခ်

ဝီကီပီးဒီးယား မှ
ကားလ် မာ့ခ်
FRSA
Karl Marx in 1875
မွေးဖွား(1818-05-05)၅ မေ၊ ၁၈၁၈
Trier, Kingdom of Prussia
ကွယ်လွန်၁၄ မတ်၊ ၁၈၈၃(1883-03-14) (အသက် ၆၄)
လန်ဒန်မြို့၊ အင်္ဂလန်။
ဌာနေGermany, France, Belgium, United Kingdom
နိုင်ငံလူမျိုးStateless after 1845
မိခင်ကျောင်း
  • University of Bonn
  • University of Berlin
  • University of Jena
ခေတ်19th-century philosophy
ဒေသWestern philosophy
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Continental philosophy
Marxism
အဓိက စိတ်ဝင်စားရာ
Politics, economics, philosophy, history
မှတ်သားလောက်သည့် အတွေးအကြံ
Surplus value, contributions to the labour theory of value, class struggle, alienation and exploitation of the worker, materialist conception of history
လက်မှတ်

ကားလ်မာ့ခ် (Karl Marx) (၁၈၁၈-၁၈၈၃) သည် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို လက်တွေ့ကျကျ ဖော်ထုတ်သူအဖြစ် ကျော်ကြားပါသည်။ ကားလ်မာ့ခ် ဖခင်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ကားလ်မာ့ခ်ကိုယ်တိုင်ကလည်း အသက် ၁၇ နှစ်တွင် ဘွန်းတက္ကသိုလ်တွင် ဥပဒေ ပညာကို ဆည်းပူးခဲ့သည်။ နောက်ဘာလင်တတ္ကသိုလ်၊ နောက်ဆုံး ဂျီနီဗာ တက္ကသိုလ်သို့ရောက်ကာ ဒဿနိကဗေဒ အဓိကဖြင့် ပါရဂူဘွဲ့ရသည်။ နောက် ဂျာနယ်လစ်တစ်ဦးဖြစ်လာပြီး ကိုလုံးရှိ သတင်းစာတစ်စောင်တွင် အတန်ကြာ အယ်ဒီတာအဖြစ် အလုပ်လုပ်ခဲ့သေးသည်။ သို့သော် သူ၏တင်းမာသည် နိုင်ငံရေးမူဝါဒများ ကြောင့်အခက်အခဲများရှိလာကာ ပါရီမြို့သို့ပြောင်းရွှေ့နေထိုင်သည်။ ထိုအချိန်မှစကာ သူ၏နောက်ဆုံးချိန်အထိ အကောင်းဆုံး တွဲဖက်ဖြစ်သည့် ဖရက်ဒရစ်အိန်ဂျယ်လ် နှင့်စတင်ဆုံစည်းရင်းနှီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးလုံးမှာ ကိုယ်ပိုင်နာမည်ဖြင့် ကျမ်းများကိုရေးခဲ့ကြသော်လည်း အတွေးအခေါ်၊ မူဝါဒ များတွင် တစ်ထပ်တည်းနီးပါး တူညီသဖြင့် နှစ်ဦးပေါင်းရေးသည်နှင့် ခြားနားမှုမရှိကြပေ။ သို့သော် များသောအားဖြင့် ကားလ်မာ့ခ်ကဦးဆောင်လေ့ရှိသည်။ မကြာမှီ ပြင်သစ်မှ ပြည်နှင်ဒဏ်ပေးသဖြင့် ဘရပ်ဆဲလ် သို့ရွှေ့ပြန်သည်။ ဘရပ်ဆဲလ်တွင်ရှိနေစဉ် ၁၈၄၇တွင် အရေးပါသည့် ကျမ်းဖြစ်သည့် ဒဿနိကဗေဒ၏ ပျော့ချက် အမည်ရကျမ်းကို ထုတ်ဝေသည်။ နောက်တစ်နှစ်တွင် အိန်ဂျယ်လ်နှင့် ပူးတွဲရေးသားကာ ကမ္ဘာကျော်သည့် ကွန်မြူနစ်ကြေညာစာတမ်းကို ထုတ်ဝေပြန်သည်။ နောက် ကိုလုံးသို့ ပြန်ရောက်လာပြီး လပိုင်းအကြာမှာပင် ပြည်နှင်ဒဏ်ပေးခံရပြန်သည်။ သို့ဖြင့် မာ့ခ် လန်ဒန်သို့လာရောက်အခြေချကာ သေသည်အထိ နေသွားခဲ့သည်။

လန်ဒန်တွင် ရှိနေချိန်များတွင် အရေးပါသည့် သုတေသနလုပ်ငန်းများကို အဆက်မပျက်လုပ်သည်။ ဝမ်းစာမရှာသဖြင့် မိသားစုကို အိန်ဂျယ်လ်က ရက်ရောစွာထောက်ပံ့ထားသည်။ အရေးပါအရာရောက်ဆုံးဖြစ်သည့် အရင်းကျမ်း ပထမတွဲကို ၁၈၆၇ တွင်ထုတ်ဝေသည်။ ကျန်ဒုတိယတွဲနှင့် တတိယတွဲများမပြီးမှီ ၁၈၈၃ တွင်ကွယ်လွန်သဖြင့် အိန်ဂျယ်လ်က ဆက်လက်ရေးသားပြီး တည်းဖြတ်ထုတ်ဝေပေးသည်။

မာ့ခ်ရေးသားခဲ့သမျှသည် ကွန်မြူနစ်စနစ်၏ အခြေခံများပင်ဖြစ်သည်။ နောင်တွင်ပေါ်ပေါက်လာသည့် ဆိုရှယ်လစ်များကလည်း မာ့ခ်၏ကျမ်းများကို မှီငြမ်းပြုကြပြန်သည်။ မာ့ခ်ကွယ်လွန်စတွင် မည်သည့်နိုင်ငံမှ ၎င်း၏ဝါဒကို စမ်းသပ်ခြင်းမရှိကြပေ။ သို့သော် နှစ်များမကြာမှီအချိန်တွင်း ဆိုဗီယက်ရုရှားနှင့် တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ ကွန်မြူနစ် နှင့် ဆိုရှယ်လစ် နိုင်ငံများဖြစ်လာကြသဖြင့် အလွန်ဩဇာကြီးမားသည် ဟုဆိုနိုင်သည်။ သို့သော် သူ၏ဩဇာမှာ ကြာရှည်မခံပေ။ ဆိုဗီယက် ပြည်ထောင်စုကြီးမှာ နှစ်ဆယ့်တစ်ရာစု သို့မကူးနိုင်သကဲ့သို့ ကွန်မြူနစ်ဝါဒမှာလည်း လက်တဆုပ်စာ နိုင်ငံများတွင်သာ ရှင်သန်နိုင်တော့သဖြင့် အကြီးအကျယ် ရှုံးနှိမ့်ပြီ ဟုဆိုရတော့မည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Babbage pages
  2. Mehring, Franz, Karl Marx: The Story of His Life (Routledge, 2003) p. 75
  3. John Bellamy Foster. "Marx's Theory of Metabolic Rift: Classical Foundations for Environmental Sociology", American Journal of Sociology, Vol. 105, No. 2 (September 1999), pp. 366–405.
  4. Allen Oakley, Marx's Critique of Political Economy: 1844 to 1860, Routledge, 1984, p. 51.