ကားစင်တင်သတ်ခြင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ခိုးသူ ၂ ဦးနှင့်အတူ ကားတင်ခံရသော ယေရှု

ကားတင်ခြင်း သည် ပြစ်ဒဏ်ကြီးတို့ကို စီရင်သောနည်းတခု ဖြစ်သည်။ ယင်းတွင် အပြစ်သားကို ကားစင်တွင် ကြိုးဖြင့်ချည်၍သော်လည်းကောင်း၊ သံဖြင့်နှက်၍သော်လည်းကောင်း တင်ဆွဲထားပြီး အစာရေစာငတ်မွတ်၍ သေလွန်အောင် ထား၏။ ရောမတို့သုံးသောနည်း ဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့တွင် ၂၀ ရာစုအထိ သုံးကြသေးသည်။

ပါးရှန်းနှင့်ရောမ[ပြင်ဆင်ရန်]

အစ္စလာမ်ဘာသာပျံ့နှံ့သော ပါးရှန်းနှင့် ရောမအင်ပါယာသို့သော လူမှုပတ်ဝန်းကျင်တို့တွင် သစ္စာဖေါက်များ၊ သူပုန်များ၊ ခိုးဆိုးလုယက်များနှင့် အပြစ်ရှိသောကျွန်တို့ကို ဤနည်းဖြင့် စီရင်သည်။ ကိုရန်ကျမ်းတွင် ကားစင်တင်သည့်အကြောင်းကို စာပိုဒ် ၆ ခုတွင် ဖော်ပြထား၏။

ရိုးရာအရ ဂျူရီလူကြီးတို့သည် ကားတင်ရက်ကို ၃ ရက် သတ်မှတ်သည်။ သစ်လုံးတွင်သော်လည်းကောင်း၊ ပင်စည်တွင်သော်လည်းကောင်း ချည်ခြင်း၊ နှက်ခြင်းကိုလည်း ကားတင်သည်ဟုပင် ပြဋ္ဌာန်း၏။ ကားတင်သည်ကို တရားဝင်အဖြစ် သတ်မှတ်ကာ မှတ်တမ်းတင်ခြင်းမှာ အစ္စလာမ်သမိုင်းတွင် ရှိခဲ့ပြီး နိုင်ငံရေးအရ ဘာသာရေးအရ သဘောမညီသူတို့ကိုလည်း ကားတင်ကာ လူထုအားပြခြင်းမှာလည်း မဆန်းသောကိစ္စပင်။

ဂျပန်[ပြင်ဆင်ရန်]

မေဂျီခေတ်အစောပိုင်းတွင် သခင့်သားကိုသတ်ကာ ပစ္စည်းယူသည့် ၂၅-နှစ်အရွယ် ဆိုကီချီအား ယိုကိုဟားမား၌ ကားတင်ထားပုံ

ဆန်ဂိုကုခေတ် (၁၄၆၇-၁၅၇၃) အတွင်း ဂျပန်တွင် ကားတင်ခြင်းကို စသည်။ [၁] အလားတူအပြစ်ပေးခြင်းကို အစောပိုင်းကာလဖြစ်သော ကာမူကူရာခေတ်ကပင် စခဲ့သော်လည်း ခရစ်ယာန်ဘာသာကို ဂျပန်၌ စတင်မိတ်ဆက်စဉ်က ကားတင်ခြင်း ပို၍များ၏။ ဂျပန်ဘာသာဖြင့် ဟာရီဆုကီ (磔) ခေါ်ပြီး တိုကူဂါဝါရှိုးဂန်းတို့ကာလနှင့် ၎င်းမတိုင်မီတို့တွင် သုံးခဲ့သည်။ [၂]

၁၅၉၇ ခုတွင် နာဂါဆာကီ၌ ခရစ်ယာန် ၂၆ ယောက်ကို ကူးတင်သည်။ ၎င်းတို့အနက် တဦးမှာ ဖိလစ်ပိုင်၌ (၁၀) နှစ်ကျော် သာသနာပြုခဲ့သည့် စပိန် ဖရန်စစ်ကျောင်းတော်သား ပီဒရိုဘော်တစ္စတာ ဖြစ်၏။  ခရစ်ယာန်ဘာသာကို ယုံကြည်သဖြင့် ကားတင်မှုကို တရားမဝင်ဟု ၁၈၇၁ ခုကမှ ပိတ်ပင်သည်။

ဒုတိယကမ္ဘာစစ်တွင်လည်း သုံ့ပန်းတို့ကို ကားတင်ဖူးသည်။ ဩစတေးလျသုံ့ပန်း ရင်းဂါအက်ဒွပ်ကို အခြားနှစ်ဦးနှင့်အတူ နွားသတ်မှုဖြင့် ကားတင်ရာ ၆၃ နာရီကြာ နေရ၏။

မြန်မာ[ပြင်ဆင်ရန်]

မြန်မာသို့ သာသနာပြုအဖွဲ့ဖြင့် ၁၈၀၆-၁၂ ကာလတွင် နေခဲ့သည့် ဖိလစ်ကာရေး (Felix Carey) က ကားတင်သော အကျဉ်းသား ၄-၅ ယောက်ကို လျှာနားဖြတ်၊ တံစို့ထိုး၊ ဝမ်းခွဲသည်ကို မြင်ရကြောင်း၊ အခြား ၆ ယောက်ကို ခြေလက်တို့၌ မယ်နနှက်၊ မျက်လုံးထုတ်ရာ ၂ ယောက်မှာ လေးရက်အတွင်းသေ၍ ကျန်သူတို့မှာ တပတ်ခန့်တွင် သေကြောင်း၊ အခြား ၄ ယောက်မှာ အထက်သို့ ညှဉ်းပန်းခြင်းမျိုး မပြုသော်လည်း ခြေလက်တို့ကို ကြိုးဖြင့်ဆွဲထားရာ နှစ်ပတ်အကြာတွင် အစာငတ်၊ ပင်ပန်း၍ သေကြောင်း၊ အချို့ကိုမူ ၃-၄ ရက်ဖြင့် လွှတ်တတ်ကြောင်း မှတ်တမ်းတင်ထားသည်။ [၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Moore, Charles Alexander; Aldyth V. Morris (1968). The Japanese mind: essentials of Japanese philosophy and culture. Honolulu: University of Hawaii Press. p. 145. ISBN 978-0-8248-0077-2. OCLC 10329518.
  2. Schmidt, Petra (2002). Capital Punishment in Japan. Leiden: Brill. pp. 14–15. ISBN 978-90-04-12421-9.
  3. "The Baptist Union: Latest News". baptist.org.uk.
  4. The Baptist Magazine, Volume 7. Baptist Magazine. London: Button&son. 1815. p. 67.