ကာရပိတိယသင်ကြားရေးဆေးရုံ

ဝီကီပီးဒီးယား မှ
Karapitiya Teaching Hospital
Ministry of Health, Sri Lanka
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာKarapitiya, Galle, Southern Province, Sri Lanka
ကိုဩဒိနိတ်6°04′00″N 80°13′32″E / 6.066531°N 80.225569°E / 6.066531; 80.225569ကိုဩဒိနိတ်: 6°04′00″N 80°13′32″E / 6.066531°N 80.225569°E / 6.066531; 80.225569
အဖွဲ့အစည်း
ဂရုစိုက်မှုစနစ်Public
ငွေကြေးအထောက်အပံ့အစိုးရဆေးရုံ
ဆေးရုံအမျိုးအစားသင်ကြားရေး
နှီးနွယ် တက္ကသိုလ်University of Ruhuna
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနYes
ကုတင်အရေအတွက်1,624
သမိုင်းကြောင်း
တည်ထောင်ခဲ့1982

ကာရပိတိယသင်ကြားရေးဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ဂယ်လီမြို့၊ ကာရပိတိယဆင်ခြေဖုံးအရပ်တွင် တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။[၁] တောင်ပိုင်းစီရင်စုနယ်တွင် အကြီးဆုံးသော တတိယအဆင့်ရှိကျန်းမာရေးစောင့်ရှောက်မှုစင်တာလည်း ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရုဟုနတက္ကသိုလ်၊ ဆေးပညာဌာန၏ အဓိကသင်ကြားလေ့ကျင့်မှုများ လုပ်ရာနေရာလည်း ဖြစ်သည်။ ဆေးရုံတွင် ခုတင်ပေါင်း ၁၆၂၄ ခု၊ အခန်းပေါင်း ၅၄ ခန်းနှင့် အခြားများစွာသောဌာနများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။[၂] နိုင်ငံတွင် အကြီးဆုံး တတိယဆင့်ရှိ ကျန်းမာရေးစောင့်ရှောက်ပေးသည့်ဆေးရုံ ဖြစ်သည်။[၃] ကာရပိတိယဆေးရုံတွင် တောင်ပိုင်းစီရင်စုနယ်ရှိ ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ပတ်ဝန်းကျင်ရှိ ဒေသများရှိ ပြည်သူများအား ဝန်ဆောင်မှုများ ထောက်ပံ့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ဆေးရုံကို သီရိလင်္ကာနိုင်ငံ၊ ကျန်းများရေးဝန်ကြီးဌာနက အုပ်ချုပ်ထားရှိသည်။ ဆေးရုံတွင် တစ်နေ့လျှင် ၂၄ နာရီ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးထားသည်။ ယခုလက်ရှိ ဆေးရုံ၏ ညွန်ကြားရေးမှူးသည် Dr. Shelton Perera ဖြစ်သည်။[၄]

ကျန်းမာရေးအထောက်အပံ့များ[ပြင်ဆင်ရန်]

ထို့အပြင် ဆေးရုံ၌ အထွေထွေဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထောက်ပံ့ပေးလျက် ရှိသည်။ ၎င်းတို့တွင် အောက်ပါဝန်ဆောင်မှုများ ပါဝင်သည်။

ထို့အပြင် ဆေးရုံ၌ ပြင်ပလူနာဌာနနှင့် အခြားဆေးခန်းများ၊ သွေးလှူဘဏ်များလည်း ပါဝင်ဖွဲ့စည်းထားသည်။ ဆေးရုံ၌ ခေတ်မီရောဂါစစ်ဆေးသည့် ဝန်ဆောင်မှုများကိုလည်း အခမဲ့ရရှိနိုင်သည်။ [၅]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Karapitiya Teaching Hospital။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
  2. Total hospital bed strength။ Ministry of Health, Sri Lanka။ 4 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
  3. Karapitiya Teaching Hospital, Ministry of Health။ 19 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
  4. Karapitiya Hospital services back to normal Archived 4 March 2016 at the Wayback Machine., Ada Derana
  5. State hospitals in Sri Lanka - Teaching Hospital, Karapitiya။ 3 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။