ကာဘရိုက်တာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Bendix-Technico (Stromberg) 1-barrel downdraft carburetor model BXUV-3, with nomenclature

ကာဘရိုက်တာ (carburetor) ဆိုသည်မှာ အတွင်းတွင် ပေါက်ကွဲသော အင်ဂျင် အတွက် ဆီ နှင့် လေကို အချိုးကျရောစပ်ပေးသော ကိရိယာ ဖြစ်သည်။

အလုပ်လုပ်ပုံ[ပြင်​ဆင်​ရန်​]

ကာဘရိုက်တာသည် ဘာနိုလီ စည်းမျဉ်း အတိုင်း အလုပ်လုပ်သည်။ လေသည် လျှင်မြန်စွာ ရွေ့လျားလာသည်နှင့် အမျှ ၎င်း၏ ပွတ်တိုက်မှုဆိုင်ရာ ဖိအား လျော့နည်းသွားပြီး ရွေ့လျားမှု ဆိုင်ရာ ဖိအား ပိုများလာသည်။ မော်တော်ကားတွင် လီဗာကို နင်းလိုက်လျှင် ၎င်းသည် ဆီများ၏ ရွေ့လျားမှုကို တိုက်ရိုက် ထိန်းချုပ်ခြင်း မဟုတ်ပေ။ ၎င်းသည် ကာဘရိုက်တာ၏ ရွေ့လျားမှုကိုသာ အချက်ပေး ထိန်းချုပ်ပြီး ကာဘရိုက်တာမှ အင်ဂျင်အတွင်းသို့ ဆွဲသွင်းသော လေစီးကြောင်း၏ စီးဆင်းမှုကို ထိန်းချုပ်ပေးသည်။ ထိုရွေ့လျားမှု၏ အရှိန် နှင့် ဖိအားတို့သည် လေစီးကြောင်း အတွင်း လောင်စာဆီ ပမာဏ မည်မျှ ပါရှိသည်ကို ထိန်းချုပ်သည်။

ကာဘရိုက်တာများကို ပစ်စတင် အင်ဂျင် သုံးသော လေယာဉ်ပျံတွင် အသုံးပြုပါက အထူးပြုလုပ်ထားသော ဒီဇိုင်းများ ပြုလုပ်ရန် လိုအပ်သည်။ သို့မှသာလျှင် လေယာဉ်ပျံ ဇောက်ထိုး ပျံသည့် အချိန်တွင် လောင်စရာ ဆီမရှိခြင်းမှ အကာအကွယ် ပေးနိုင်သည်။ နောက်ပိုင်း လေယာဉ် အင်ဂျင်များတွင်မူ အစောပိုင်း ဆီထိုးသွင်းခြင်း (fuel injection) နည်းလမ်းဖြစ်သော ပရက်ရှာ ကာဘရိုက်တာများကို အသုံးပြုကြသည်။