ဗကလေး (ကာတွန်း)

ဝီကီပီးဒီးယား မှ
(ကာတွန်းဦးဗကလေး မှ ပြန်ညွှန်းထားသည်)
ဗကလေး
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်
အမည်ရင်း
မိဘအမည် ဦးစံလှ + ဒေါ်အေးပုံ
မွေးဖွားရာဒေသ ရခိုင်ပြည်နယ် သံတွဲမြို့
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း အခြေခံပညာအထက် တန်းအောင်
အလုပ်အကိုင် ပန်းချီ၊ ကာတွန်းဆရာ
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


ဦးဗကလေးသည် ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဖဦးစံလှ၊ အမိဒေါ်အေးပုံတို့မှ ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွေးဖွားခဲ့သူတစ်ဦး ဖြစ်သည်။ သံတွဲဟိုက်စကူးကျောင်းမှ အခြေခံပညာအထက် တန်းအောင်မြင်ခဲ့ပြီး ၁၉၃၆ ခုနှစ် စစ်ကြိုခေတ် နောက်ဆုံးကာလတွင် မြန်မာပြည် ပန်းချီအသင်းကြီး၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဦးငွေကိုင်ဦးဘဂျမ်း၊ ဗိသုကာဦးသာထွန်း၊ ဆရာဆောင်ဦးဗကြည်ဦးဟိန်စွန်း၊ ဦးအုန်းလွင်၊ ဦးစံဝင်းအစရှိသော ပန်းချီကာတွန်းပညာရှင်များ နှင့်အတူ ပန်းချီကာတွန်းများ ရေးဆွဲ ခဲ့သည်။

ဦးဗကလေးကား ဦးနုရေးသော လူထုအောင်သံပြဇာတ် ကို သရုပ်ဖော် ပန်းချီဆွဲ၍ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှ ဆေးရောင်စုံ/ စာမျက်နှာ အချောဖြင့် ထုတ်ဝေပေးသဖြင့် လူထုအောင်သံဖြင့်ပင် ဦးဗကလေးကား နာမည်ကြီးခဲ့သည်။ ဦးဗကလေးကား ကာတွန်းဆရာ အဖြစ် ရပ်တည်ခဲ့သည်။

သူရိယ၊ ရန်ကုန်၊ တိုးတက်ရေးသတင်း စာများနှင့် ဒီးဒုတ်ရယ်ရွှင်ဖွယ် ဂျာနယ်နှင့် အခြားဂျာနယ် မဂ္ဂဇင်းများတို့တွင် ကာတွန်း ရုပ်ပြောင်‎များ ရေးဆွဲခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် ကလေးသတင်းစာ ထုတ်ဝေခဲ့ပြီး ဗြိတိသျဘားမား ညွန့်မြန်မာ ရုပ်ရှင်ကုမ္ပဏီအတွက် အဝီစိသံစုံသွင်း မြန်မာကာတွန်းရုပ်ရှင်ကား၊ ဘုန်းဝင်းရုပ်ရှင် ကုမ္ပဏီအတွက် ဖိုးလနတ်သား၊ ဒိုင်းမွန်းရုပ်ရှင် ကုမ္ပဏီအတွက် သဌေးမင်း၊ ရွှေခြင်္သေ့ရုပ်ရှင်ကုမ္ပဏီအတွက် ကော်ဇောပျံ၊ ဘီပီအိုင်ရုပ်ရှင် ကုမ္ပဏီအတွက် အိမ်ရှင်မ၊ ဒို့ရန်သူ ဆေးရောင်စုံ အသံထွက်ကာတွန်း ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးပေးခဲ့သည်။

လုံးချင်းဝတ္ထု၊ ဆောင်းပါး၊ ကာတွန်း၊ ပုံပြင် အမျိုးပေါင်း ၁၂ဝ ခန့် ထုတ်ဝေခဲ့ပြီး ၁၉၅၂ ခုနှစ် မနီလာတွင် ရိုက်နှိပ်ခဲ့သော လူထုအောင်သံ ဆေးရောင်စုံကာတွန်း စာအုပ် မှာ အကျော်ကြားဆုံး ဖြစ်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ကာတွန်းဆရာကြီး ဦးဗကလေးသည် ရန်ကုန်မြို့၌ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Eleven ဂျာနယ်