ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း
ပုံပန်းသွင်ပြင်
ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ဘူဂေးရီးယား |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,iii,iv |
ကိုးကား | ၄၄ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း သည် အုတ်ဖြင့် ဆောက်လုပ်ထားသော အမိုးခုံး ပျားအုံ သဏ္ဌန် ဂူသင်္ချိုင်း တစ်ခု ဖြစ်ပြီး ဘူဂေးရီးယားနိုင်ငံ အလယ်ပိုင်း ကာဇန်လက်မြို့ အနီးတွင် တည်ရှိသည်။
ထိုဂူသင်္ချိုင်းသည် သရေးရှန်း နီခရိုပိုးလစ်၏ တစိတ်တဒေသ ဖြစ်သည်။ ထို ဂူသင်္ချိုင်းတွင် ကျဉ်းမြောင်းသော စင်္ကြန်လမ်း နှင့် အဝိုင်းပုံ မြှုပ်နှံရာ ခန်းမဆောင်တို့ ပါရှိပြီး ထိုနေရာ နှစ်ခုစလုံးအား အသုဘ ထုံးစံ ပွဲတော်တွင် ပါဝင်သော သရေးရှန်း စုံတွဲ၏ ပုံများဖြင့် နံရံတွင် ရေးဆွဲထားသည်။ ထို အဆောက်အဦးမှာ ဘီစီ ၄ ရာစု တွင် တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှစ၍ ယူနက်စကိုမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ကမ္ဘာ့အမွေခံ နေရာတစ်ခု ဖြစ်လာခဲ့သည်။