မာတိကာသို့ ခုန်သွားရန်

ကာကွယ်ရေးဌာနကောင်စီ

ဝီကီပီးဒီးယား မှ

တပ်မတော်တွင် ပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ အမိန့်၊ စည်းမျဉ်းနှင့် ညွှန်ကြားချက် အစရှိသည်တို့ကို ပြင်ဆင်မှုပြုလုပ်ရန်သော်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ဌာနများ၌ အုပ်ချုပ်မှု၊ တာဝန်ခွဲဝေမှု၊ ရာထူးခန့်အပ်မှု ဆိုင်ရာ ညှိနှိုင်းဆုံးဖြတ်ရန်သော်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ဌာနများအတွင်း ဖွဲ့စည်းမှုဆိုင်ရာ ပြင်ဆင်မှုပြုလုပ်ရန်သော်လည်းကောင်း ကာကွယ်ရေးဌာနကောင်စီ(ကကန)ကို ဖွဲ့စည်းထားရှိသည်။ ကာကွယ်ရေးဌာနကောင်စီတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ ထိပ်တန်းအရာရှိကြီးများပါဝင်ကြပြီး ၎င်းသည် အမေရိကန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Joint Chiefs of Staff နှင့် တူညီသည်။


တပ်အရာရှိများအတွက် တာဝန်ထမ်းဆောင်ခွင့် သတ်မှတ်ချက်များ

[ပြင်ဆင်ရန်]

ကာကွယ်ရေးဌာနကောင်စီ၏ ညွှန်ကြားလွှာ ၁/၂၀၂၁ အရ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးတို့အတွက် တာဝန်ထမ်းဆောင်နိုင်သည့် အသက်ကန့်သတ်ချက် သတ်မှတ်ထားခြင်းမရှိသော်လည်း ၎င်းတို့အောက် ရာထူးများအတွက်မူ သတ်မှတ်ကာလများ ရှိသည်။ ဗိုလ်ချုပ်ကြီးအဆင့်သည် ၄ နှစ်တာဝန်ထမ်းဆောင်နိုင်ပြီး လိုအပ်ပါက ၂ နှစ်အထိ ထပ်တိုးနိုင်သည်။ ဤရာထူးတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ ပါဝင်သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် ၅ နှစ်၊ ဗိုလ်ချုပ်အဆင့်သည် ၆ နှစ်၊ ဗိုလ်မှူးချုပ်အဆင့်သည် ၇ နှစ်နှင့် ဗိုလ်မှူးကြီးအဆင့်သည် ၈ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိသည်။ ရာထူးမတိုးဘဲ သတ်မှတ်ကာလကျော်လွန်ပါက အငြိမ်းစားယူရမည်ဟုလည်း သတ်မှတ်ထားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]