ကလျာ (ဝိဇ္ဇာ/သိပ္ပံ)
ကလျာ(ဝိဇ္ဇာ/သိပ္ပံ) | |
---|---|
မွေးဖွား | ခင်ခင်ဝင်း မေ ၁၄၊ ၁၉၃၈ ဧရာဝတီတိုင်း၊ ဖျာပုံမြို့ |
ကွယ်လွန် | ဇူလိုင် ၁၊ ၂၀၁၉ ရန်ကုန် | (အသက် ၈၁)
အလုပ်အကိုင် | စာရေးဆရာ |
နိုင်ငံလူမျိုး | ဖိုင်:Flag of Myanmar.png မြန်မာ |
ပညာရေး | တက္ကသိုလ်ဘွဲ့ရ |
အိမ်ထောင်ဖက် | ကာတွန်းစိန်ကြီး |
မိဘ | ဦးမောင်ထင် + ဒေါ်ရွှေ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
ကလျာ(ဝိဇ္ဇာ/သိပ္ပံ) (၁၄ မေ ၁၉၃၈–၁ ဇူလိုင် ၂၀၁၉) သည် မြန်မာ အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၃၈ ခုနှစ် မေလ၊ (၁၄)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့၌ အဖ ဦးမောင်ထင်၊ အမိဒေါ်ရွှေ၊ တို့ကမွေးဖွားသည်။ အမည်အရင်းမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။
အိမ်ထောင်ရေး
[ပြင်ဆင်ရန်]မူလတန်းမှစ၍ ဖျာပုံမြိုအစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် ၌ပညာဆက်လက်သင်ကြားခဲ့သည်။ ဒုတိယနှစ် ရောက်သောအခါ ကာတွန်းစိန်ကြီးနှင့်လက်ထပ်ခဲ့သည်။
ထုတ်ဝေခဲ့သောလုံးချင်းဝတ္ထုများ
[ပြင်ဆင်ရန်]ငယ်စဉ်ကပင် စာပေဝါသနာပါသူဖြစ်၍ ခင်ပွန်းဖြစ်သူကာတွန်းစိန်ကြီး ထုတ်ဝေလျက်ရှိသော ရွှေရုပ်လွှာ စာစောင်နှင့် မိုးသောက်မဂ္ဂဇင်းတို့တွင် အခန်းဆက် ဝတ္ထုရှည်များစတင်ရေးခဲ့သည်။ ၁၉၆၉- ခုနှစ် မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ စေတနာမှန်သော်လည်း ဝတ္ထုတိုဖြင့် စာပေလောကထဲသို့ စတင်ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၀- ခုနှစ်၊ ဇူလိုင်လ တွင် ရမက်ကြမ္မာသံသရာ လုံးချင်းဝတ္ထု စတင်ရေးသားထုတ်ဝေခဲ့သည်။ ကလောင်အမည် ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)ကို ခင်ပွန်းဖြစ်သူကပင် ရွေးချယ်ပေးခဲ့သည်။ ထို့နောက်တွင် ထုတ်ဝေသူများနှင့် လုံးချင်းဝတ္ထုများရေးသားထုတ်ဝေခဲ့ရာ အောင်မြင်မှု့များရခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) ၏စာအုပ်ကို ကဉ္စန စာပေမှ အများဆုံးထုတ်ဝေခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၂၀၀၂ခုနှစ်ထိ (၃၃) နှစ်တာ ကာလအတွင်းလုံးချင်းဝတ္ထုအုပ်ရေပေါင်း (၁၀၀)ဝတ္ထုရှည် (၂၀)ခန့် နှင့်ဝတ္ထုတို(၈၀)ကျော် ရေးသားခဲ့သည်။
ထင်ရှားကျော်ကြားဝတ္ထုတိုများ
[ပြင်ဆင်ရန်]1985 ခုနှစ်ဇန်နဝါရီလမှစ၍ ကလျာမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၏ ဝတ္ထုများကို ဒုတိယအကြိမ် ပြန်ရိုက်ခဲ့သည်။ ခရောင်းတောမှ ခရုအိမ်၊ မချမ်းသော မချမ်းဘော၊ ကျန်စာသင့် ဝိဉာဉ်၊ စိုင်းတို့မောသို့အလွမ်းပြေ၊ ကံ့ကော်မြေမှာစေတဲ့မိုး ၊ ခေမရန်အကျဉ်းစုံ၊ မြောက်ဦးမြို့မှသည်တာချီလိတ်ဆီသို့ (ပ+ဒု)၊ ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ+ဒု)၊ စိတ္တဇ ကန္တာရခရီးသည် (ပ+ဒု)၊ သုဝဏ္ဏဘူမိသူ သီရိပစ္စယာသား(ပ+ဒု)၊ တောင်သမာန်သစ္စာ၊ ငပလီနှင့် လန်ကာဝီ၊ ပင်လယ်ခြားတဲ့ချစ်သူ ဆီမှ (ပ+ဒု) စသောဝတ္ထုတိုများထင်ရှားခဲ့သည်။
ထင်ရှားသော စာအုပ်အချို့
[ပြင်ဆင်ရန်]- မချမ်းသော မချမ်းဘော
- ကျိန်စာသင့်ဝိဉာဉ်
- စိုင်းတို့မောသို့အလွမ်းပြေ
- ခေမရဌ်အကျဉ်းစံ
- မြောက်ဦးမြို့မှသည် တာချီလိပ်ဆီသို့(ပ၊ဒု)
- ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ၊ဒု)
- စိတ္တဇကန္တာရ ခရီးသည်(ပ၊ဒု)
- ဇွဲကပင်တောင်ခြေ ချစ်ရိပ်ဝေသည်
- သုဝဏ္ဏဘူမိသူ-သီရိပစ္စယာသား(ပ၊ဒု)
- တောင်သမန်သစ္စာ
- ငပလီနှင့်လန်ကာဝီ
- စန္ဒကူးစံအိမ်
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ)သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဇေယျာမော် (၁ ဇူလိုင် ၂၀၁၉)။ စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်။ ၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။