ကလပ်ကြီးကြိုး

ဝီကီပီးဒီးယား မှ

ကလပ်ကြီးကြိုး (သီတာ) သီချင်းသည် မြန်မာ့ဂီတ၏ အခြေခံကျဆုံးသော စည်းတစ်ခုဖြစ်သည့် ဝါးလတ်စည်းဖြင့် သီဆိုရသော တေးသီချင်းတစ်ပုဒ်ဖြစ်၍ ဝန်ကြီးပဒေသရာဇာက ရေးဖွဲ့ခဲ့သည်။ ပတ်ဝန်းကျင်၏ တောတောင်ရေမြေ အလှတရာများကို မဟာဂီတအခြေခံသံစဉ်သုံး၍ ရေးဖွဲ့ထားခြင်းဖြစ်သည်။[၁] အခြေခံကြိုးသီချင်း ၁၃ ပုဒ်တွင် ဒုတိယပုဒ်ဖြစ်သည်။ ကလပ်ငယ်ကြိုး ဟူသော တေးသီချင်းလည်း ရှိသည်။

သီချင်းစာသား[ပြင်ဆင်ရန်]

သီတာသီတာမြသား။ ကြာကြာကြာငါးပါး။ ။
ကမ်းနား ကမ်းနားဝန်းကျင်။ ငွေသဲပြင်လေတည့်မှ။ ပျော်ချင်ဘွယ်။ ။
မြစ်တွေးမြစ်တွေးဇင်ယော်။ မြူးတဲ့မြူးစံပျော်။ ။
ငှက်တော်ကြိုးကြာ။ ကျူးရင့်ရင့်သာ။ ။
လိပ်ပြာလေ ပျံကာသွား။ ဟိုမှာသည်မှာနား။ ။
ရေပေါ်မှာလွှားပါလို့။ ကြာဆံကိုစားပါလို့။ ဝဲကာ ပျံလေလေတည့်။ ဝဲကာပျံ။[၁]

ကိုးကား[ပြင်ဆင်ရန်]