ကရစ်ကက်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
၂၂-ကိုက် ရှည်လျားသော ကွင်း၌ ဘောလုံးကလေးနှင့် ရိုက်တံတို့ကို အသုံးပြု၍ ဘောလုံးကို ရိုက်လွှတ်ထားစဉ် တစ်ဖက်က ဘောလုံးကို လိုက်ဖမ်းယူကာ ပစ်ပေါက်၍ တစ်ဖက်က ခေါက်ရေရအောင် ကူးသန်းပြေးခြင်းဖြင့် အပြန်အလှန် နှစ်ဖက်ကစားရသော ကစားနည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၃-ရာစုနှစ်လောက်ကပင် စတင်ကစားခဲ့ကြသည်။ ၁၇၄၄-ခုနှစ်က ကစားပွဲဆိုင်ရာ စည်းကမ်းရေးဆွဲခဲ့သည်။ နိုင်ငံများစွာတွင် ကစားကြ၍ ကမ္ဘာ့ပြိုင်ပွဲများတွင်လည်း ကျင်းပကြသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |