ကယ်ဗင် ဒီဘရိုင်းနား

ဝီကီပီးဒီးယား မှ
ကယ်ဗင် ဒီဘရိုင်းနား
၂၀၁၈ခုနှစ်တွင် ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်း နှင့်အတူ တွေ့ရသော ဒီဘရိုင်းနား
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1991-06-28) ၂၈ ဇွန်၊ ၁၉၉၁ (အသက် ၃၂)[၁]
မွေးရပ်ဇာတိ Drongen, Belgium[၂]
အရပ်အမြင့် ၁.၈၁ m (၅ ft ၁၁ in)
ကစားသည့်နေရာ Midfielder
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
Manchester City
အင်္ကျီနံပါတ် 17
လူငယ်ဘဝကလပ်များ
1997–1999 KVV Drongen
1999–2005 Gent
2005–2008 Genk
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2008–2012 Genk 97 (16)
2012–2014 Chelsea 3 (0)
2012–2013Werder Bremen (loan) 33 (10)
2014–2015 VfL Wolfsburg 52 (13)
2015– Manchester City 253 (68)
နိုင်ငံကိုယ်စားပြုအသင်း
2008–2009 Belgium U18 7 (1)
2009 Belgium U19 10 (1)
2011 Belgium U21 2 (0)
2010– Belgium 99 (26)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 23:50, 28 April 2024 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 28 March 2023 အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကယ်ဗင် ဒီဘရိုင်းနား (ဇွန်လ 28 ရက် 1991 တွင်မွေးဖွားသည်) သည်ဘယ်လ်ဂျီယံပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ပြီး မန်ချက်စတာစီးတီး နှင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း နှစ်သင်းစလုံးအတွက် အသင်း ခေါင်းဆောင်အဖြစ် ကစားသောဘယ်လ်ဂျီယံပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်သည်။ သူသည် လက်ရှိမျိုးဆက်၏ အကြီးကျယ်ဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရသည်။ [၃] ဘောလုံးဝေဖန်သုံးသပ်သူများက သူ့ကို ပြီးပြည့်စုံ‌သော ဘောလုံးသမားအဖြစ် မကြာခဏ ပြောဆိုကြသည်။ [၄][၅]

ဒီဘရိုင်းနားသည် Genk အသင်းတွင် ၎င်း၏ ပရော်ဖက်ရှင်နယ် စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး 2010-11 ဘယ်လ်ဂျီယံ ပရိုလိဂ်ကို ဆွတ်ခူးခဲ့ပြီး သူသည် အရေးပါသော ကစားသမားဖြစ်ခဲ့သည်။ ၂၀၁၂ တွင်သူသည် အင်္ဂလိပ်ကလပ် ချဲလ်ဆီး သို့ရောက်ရှိခဲ့ပြီး ပွဲထွက်ခွင့် မရခဲ့ဘဲ Werder Bremen သို့အငှားချခံခဲ့ရသည်။ ထို့နောက် Wolfsburg အသင်းက ပေါင် 18 သန်း နဲ့ ခေါ်ယူခဲ့သည်။  2014 ခုနှစ်တွင် ဒီဘရိုင်းနားက ဘွန်ဒက်လီဂါ တွင် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ ဒါ့အပြင် ဝုဖ်ဘတ်အသင်း၏ 2014-15 DFB-Pokal အနိုင်ရရှိမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၅ နွေရာသီတွင် ဒီဘရိုင်းနားက မန်စီးတီးအသင်းထံ ကလပ်စံချိန်တင် ပေါင် ၅၄ သန်း နဲ့ ရောက်ရှိလာခဲ့ပါသည်။

 သူသည် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်နှင့် အက်ဖ်အေဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။  ၂၀၁၇-၁၈ တွင် မန်စီးတီးသည်  တစ်ရာသီအတွင်း အမှတ် ၁၀၀ ရရှိသည့်တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်းဖြစ်လာခဲ့ပြီး ဒီဘရိုင်းနားက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဒီဘရိုင်းနားသည်  ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီတွင် ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂ တွင် ပရီးမီးယားလိဂ်၏ Player of the Season ဆုကို ဒုတိယအကြိမ်မြောက်ရခဲ့သည်။ မန်ချက်စတာစီးတီးသည် ၎င်းတို့၏ အအောင်မြင်ဆုံးရာသီအဖြစ် Treble ဟုခေါ်သော တစ်ရာသီအတွင်း ဖလားသုံးလုံးအောင်မြင်မှုရယူနိုင်ခဲ့ပြီး ဒီဘရိုင်းနားမှာ အရေးပါသော အခန်းကဏ္ဍမှ ကြီးကြီးမားမားပါဝင်လာခဲ့သည်။

ဒီဘရိုင်းနားသည် ၂၀၁၀ ခုနှစ်တွင် နိုင်ငံတကာပွဲစတင်ကစားခဲ့ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၉၀ ကျော်ကစားခဲ့သည်။ ဘယ်လ်ဂျီယံအတွက် ၂၆ ဂိုးသွင်းယူခဲ့သည်။  သူသည် ၂၀၁၄ ဖီဖာကမ္ဘာ့ဖလားနှင့် UEFA ယူရို ၂၀၁၆ တို့တွင် ဘယ်လ်ဂျီယမ်အသင်းကို ကွာတားဖိုင်နယ်သို့ ပို့ပေးခဲ့သည်။  သူသည် ၂၀၁၈ ကမ္ဘာ့ဖလား၏ FIFA World Cup Dream Team တွင် ရွေးချယ်ခံခဲ့ရပြီး ဘယ်လ်ဂျီယံအသင်းက တတိယနေရာ ရခဲ့သည်။  UEFA ယူရို ၂၀၂၀ နှင့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားတို့တွင်လည်း ပါဝင်ခဲ့သည်။

ဒီဘရိုင်းနားသည် UEFA Champions League of the Season of the Squad၊ IFFHS Men's World Team နှင့် တစ်နှစ်တာအကောင်းဆုံး ESM အသင်းငါးကြိမ်၊ FIFA FIFPRO World 11 လေးကြိမ်၊ UEFA Team of the Year 3 ကြိမ်နှင့် ပြင်သစ်နိုင်ငံ၊  Football World XI နှင့် Bundesliga တစ်နှစ်တာအကောင်းဆုံးအသင်း တစ်ကြိမ်စီ။  ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ၃ ကြိမ်၊ PFA တစ်နှစ်တာအကောင်းဆုံးကစားသမား ၂ ကြိမ်၊ မန်စီးတီးအသင်း၏တစ်နှစ်တာအကောင်းဆုံးကစားသမား လေးကြိမ်၊ UEFA Champions League ကွင်းလယ်ကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံးဘွန်ဒက်လီဂါကစားသမားဆု၊  တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား (ဂျာမနီ)၊ တစ်နှစ်တာအကောင်းဆုံးဘယ်လ်ဂျီယံအားကစားသမားနှင့် IFFHS ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၃ ကြိမ်စီ အသီးသီးရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. FIFA World Cup Russia 2018: List of players: Belgium။ FIFA (15 July 2018)။ 11 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2019 တွင် ပြန်စစ်ပြီး။
  2. Kevin De Bruyne: Profile။ HEIM:SPIEL။ 25 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2019 တွင် ပြန်စစ်ပြီး။
  3. 10 Best Belgian Soccer Players of All Time (31 December 2023)။ 2 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2024 တွင် ပြန်စစ်ပြီး။
  4. Pep Guardiola Believes Kevin De Bruyne Is The World's Best Midfielder။ Sports Illustrated (28 July 2022)။ 20 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2022 တွင် ပြန်စစ်ပြီး။
  5. Kevin De Bruyne Voted Second In UEFA Men's Player Of The Year Award။ Sports Illustrated (25 August 2022)။ 20 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2022 တွင် ပြန်စစ်ပြီး။