ကမ်

ဝီကီပီးဒီးယား မှ
Fig. 1 Animation showing continuous looking rotating cams producing reciprocating linear motion of the cam followers.
Elliptical disk cam with an oscillating follower.

ကမ် (အင်္ဂလိပ်: cam သည် လည်ပတ်နေသော (သို့) လည်ပတ်ရင်း လျှောတိုက်နေသော အပိုင်းတစ်ခုဖြစ်ကာ စက်မှုဆိုင်ရာ ချိတ်ဆက်မှု၊ အထူးသဖြင့် လည်ပတ်သည့် ရွေ့ရှားမှုကို အဖြောင့် ရွေ့ရှားမှုအဖြစ် ပြောင်းလဲပေးသော ကိရိယာဖြစ်၏ ။[၁][၂] အများအားဖြင့် လည်ပတ်နေသောဘီး (ဥပမာ: ဗဟိုချက်လွဲဘီး) (သို့) ရှပ်ချောင်း/ဝင်ရိုးတံ (shaft) ၏ အစိတ်အပိုင်းဖြစ်၍ ကမ်၏ အဝန်းသဏ္ဍန်ရှိသောဘေးနားပတ်လည်မှ ဖုထွက်နေသောအပိုင်းတစ်ခု (သို့) တစ်ခုထက်ပိုသောအပိုင်းများက မောင်းတံ (လီဗာ) ကို ဖိ/ရိုက်သည်။ ကမ်များသည် ရိုးရှင်းသည့်အသွားပုံစံဖြစ်နိုင်၍ အားကောင်းသော ရိုက်နှုန်းများကို ရေနွေးငွေ့စနစ်သုံး ရိုက်မောင်းတူကြီးများ၊ ဗဟိုလွဲ အဝိုင်းချပ်/ဘီးများ၊ ကမ်နှင့်တွဲစပ်ထားသော နိမ့်တုံမြင့်တုံ/ဘေးတိုက် ချောမွေ့စွာ ရွေ့လျားနေသော မောင်းတံ (cam follower) စသည်တို့အား ပေးပို့သည်။ ကမ်တိုင်မာ (cam timer) ကိုလည်း လျှပ်စစ်စက်ပစ္စည်းထိန်းချုပ်မှု (အဝတ်လျှော်စက်တွင်ရှိသော စက်မှုလျှပ်စစ်သုံး အချိန်တိုင်းကိရိယာကဲ့သို့) တွင် ရှေးယခင်က အသုံးပြုခဲ့ကြပြီး နောက်ပိုင်း၌ ဈေးသက်သာသော အီလက်ထရောနစ်ပစ္စည်းများပေါ်ပေါက်လာသောအခါ မသုံးတော့ပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. "cam definition"Merriam Webster2010-04-05 တွင် ပြန်စစ်ပြီးa rotating or sliding piece (as an eccentric wheel or a cylinder with an irregular shape) in a mechanical linkage used especially in transforming rotary motion into reciprocating motion or vice versa
  2. Shigley, J.; Uicker, J. (2010)။ Cam Design. Theory of Machines and Mechanisms (4 ed.)။ Oxford University Press, USA.။ p. 200။