ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန (၁၉၇၃–၂၀၀၁)
ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန | |||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
မူလတွဲဆက်အဆောက်အဦး (၂၀၀၁ မတ်) ဘယ်ဘက်တွင် ဧရိယာတိုင်အချွန်းဖြင့် 1 WTC ၊ ညာဘက်၌ 2 WTC ။ အဆောက်အဦးခုနှစ်ခုလုံးကို တစ်စိတ်တစ်ပိုင်းမြင်တွေ့ရသည်။ ဘယ်ဘက်က ကြေးနီရောင်သမ်းသည့် တိုက်မှာ 7 WTC ဖြစ်သည်။ ပုံတွင်ပါသောမြစ်ကို အရှေ့မြစ် (East River) ဟုခေါ်သည်။ | |||||||||||||||||||
စံချိန်တင် အမြင့် | |||||||||||||||||||
Tallest in the world from ၁၉၇၀ to ၁၉၇၃[I] | |||||||||||||||||||
ယခင် | အင်ပိုင်ယာစတိတ် အဆောက်အဦး | ||||||||||||||||||
ဆက်ခံ | ဝစ်လစ် မိုးမျှော်တိုက် | ||||||||||||||||||
အထွေထွေ အချက်အလက်များ | |||||||||||||||||||
အခြေအနေ | ဖျက်ဆီးခံရခြင်း | ||||||||||||||||||
ဗိသုကာစတိုင် | Structural expressionism | ||||||||||||||||||
တည်နေရာ | နယူးယောက်မြို့၊ မဟတ္တန်အောက်ပိုင်း | ||||||||||||||||||
ကိုဩဒိနိတ် | 40°42′42″N 74°00′45″W / 40.71167°N 74.01250°Wကိုဩဒိနိတ်: 40°42′42″N 74°00′45″W / 40.71167°N 74.01250°W | ||||||||||||||||||
ပန္နက်ရိုက် | August ၅, ၁၉၆၆ | ||||||||||||||||||
တည်ဆောက်မှု စတင် |
| ||||||||||||||||||
Topped-out |
| ||||||||||||||||||
ပြီးစီး |
| ||||||||||||||||||
ဖွင့်လှစ် |
| ||||||||||||||||||
ဖွင့်ပွဲ | April ၄, ၁၉၇၃ | ||||||||||||||||||
ပျက်စီး | စက်တင်ဘာ ၁၁၊ ၂၀၀၁ | ||||||||||||||||||
ပိုင်ဆိုင်သူ | နယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်း အာဏာပိုင် | ||||||||||||||||||
| |||||||||||||||||||
ဒီဇိုင်းနှင့် တည်ဆောက်မှု | |||||||||||||||||||
ဗိသုကာပညာရှင် |
| ||||||||||||||||||
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူ | နယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်း အာဏာပိုင် | ||||||||||||||||||
အင်ဂျင်နီယာ | Worthington, Skilling, Helle & Jackson,[၂] Leslie E. Robertson Associates | ||||||||||||||||||
အဓိက ကန်ထရိုက်တာ | Tishman Realty & Construction Company | ||||||||||||||||||
ရည်ညွှန်း | |||||||||||||||||||
I. ^ World Trade Center at Emporis [၃][၄] |
မူလ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန (အင်္ဂလိပ်: World Trade Center) သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မဟတ္တန်အောက်ပိုင်း (နယူးယောက် မြို့လယ်ခေါင်) ဖိုင်နန်ရှယ်အရပ်တွင်တည်ရှိ၍ အဆောက်အဦး ခုနှစ်ခုပါဝင်သော ကြီးမားသည့် တွဲဆက် အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၉၇၃ ဧပြီ ၄ တွင် ဖွင့်လှစ်ခဲ့၍ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွင်း ပျက်ဆီးခဲ့သည်။ အဆောက်အဦးများပြီးစီးခဲ့သောအခါ အမွှာမျှော်စဉ်ဟုခေါ်သော 'ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၁'သည် ၁၃၆၈ ပေ မြင့်မား၍ 'ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၂' သည် ၁၃၆၂ ပေမြင့်မားကာ ယင်းကာလက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများဖြစ်ခဲ့သည်။ ဤတွဲဆက်အဆောက်အအုံရှိ အခြားသော အဆောက်အဦးများမှာ မဲရီယတ် ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၃ (Marriott 3 WTC)၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၄ (4 WTC) ၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၅ (5 WTC) ၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၆ (6 WTC) နှင့် ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၇ (7 WTC) တို့ဖြစ်ကြသည်။ တွဲဆက်အဆောက်အအုံကြီးတွင် စုစုပေါင်း ရုံးကနားနေရာ အကျယ် ၁၃,၄၀၀,၀၀၀ စတုရန်းပေ ပါဝင်သည်။
တွဲဆက် အဆောက်အအုံ၏ ဗဟိုနေရာကို ၁၉၆၆ နှင့် ၁၉၇၅ ကြားတွင် တည်ဆောက်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ (၂၀၁၈ ငွေကြေးဈေးနှုန်းအရ ဒေါ်လာ သန်း ၂,၂၇၀ ) ကုန်ကြခဲ့သည်။ ယင်းအဆောက်အဦးကြီးများ တည်ရှိခဲ့စဉ်က အဓိက အဖြစ်အပျက်အချို့ကို ကြုံတွေ့ဖူးကာ ၁၉၇၅ ဖေဖော်ဝါရီ ၁၃ မီးလောင်မှု[၅]၊ ၁၉၉၃ ဖေဖော်ဝါရီ ၂၆ တွင် ဗုံးကွဲမှု[၆] နှင့် ၁၉၉၈ ဇန်နဝါရီ ၁၄ တွင် ဘဏ်ဓားပြတိုက်မှုများလည်းကြုံတွေ့ခဲ့ရသည်။[၇] ၁၉၈၈ တွင် နယူးယောက်နှင့် နယူးဂျာစီ အာဏာပိုင်များက အဆောက်အဦးများကို စီမံကိုင်တွယ်ရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်း၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၁ ဇူလိုင်တွင် ငှားရမ်းမှုကို ဆေးလ်ဗားစတင်း အိမ်ခြံမြေလုပ်ငန်းသို့ ချထားပေးခဲ့၏။[၈]
၂၀၀၁ စက်တင်ဘာ ၁၁ နံနက်ခင်းတွင် အယ်လ်ကိုင်းဒါး (သို့) အယ်လ်ကားယီးဒါးဆက်စပ်အဖွဲ့မှ ပြန်ပေးသမားများက ဘိုးဝင်း ၇၆၇ နှစ်စီးကို မြောက်နှင့် တောင်မျှော်စဉ်အဆောက်အဦးများဆီသို့ တစ်စီးနှင့် တစ်စီး မိနစ်ပိုင်းအခြား အနေအထားဖြင့် ဦးတည်ပျံသန်းလာခဲ့သည်။ နှစ်နာရီအကြာတွင် ယင်းမျှော်စဉ်အဆောက်အဦးနှစ်ခုစလုံး ပြိုကျပျက်စီးခဲ့သည်။ အဆောက်အဦးနှစ်ခုအတွင်းနှင့် အနားတွင် ရှိသော လူပေါင်း (၂,၆၀၆) ဦးနှင့် လေယာဉ်နှစ်စင်းပေါ်ရှိ လူ (၁၅၇) ဦး သေဆုံးခဲ့သည်။[၉] အဆောက်အဦးများပေါ်မှ အကျိုးအပဲ့များကျလာကာ ယင်းအကျိုးအပဲ့များကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဤတွဲဆက်အဆောက်အအုံကြီးထဲရှိ အဆောက်အဦးအားလုံး တစ်ပိုင်းတစ်စသော်လည်းကောင်း အလုံးစုံသော်လည်းကောင်း ပျက်စီးခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ အခြားသော ကြီးမားသည့် အဆောက်အဦးဆယ်ခုကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ယင်းဖြစ်ပွားရာနေရာတွင် ရှင်းလင်းရေးများဆောင်ရွက်မှုသည် အချိန် ရှစ်လတာမျှကြာမြင့်ခဲ့ပြီး ထိုစဉ်အတွင်းတွင်လည်း အခြားသော အဆောက်အဦးများ၏ အကြွင်းအကျန်များကို ဖြိုဖျက်ခဲ့ကြသည်။ လက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန အသစ်ကို မိုးမျှော်တိုက် ခြောက်လုံးနှင့် အခြားအဆောက်အဦးအနည်းငယ်ပါဝင်စေ၍ တည်ဆောက်ခဲ့ကြ၏။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကိုရည်ရွယ်၍ အထိမ်းအမှတ် ပြတိုက်တစ်ခု၊ ဘူတာရုံသစ်တစ်ခု (rapid transit hub) နှင့် မိုးမျှော်ဥယျာဉ် (ဌာနအဆောက်အဦး၏ အပေါ်ဆုံးတွင်တည်ရှိ) တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန တစ် (One World Trade Center) သည် အနောက်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးအဆောက်အဦးဖြစ်၍ ၁၇၇၆ ပေမြင့်မားကာ ၂၀၁၄ နိုဝင်ဘာတွင် ပြီးစီးခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The city's newest hotel, the Vista International, officially opened...။ UPI (July 1, 1981)။ May 23, 2018 တွင် ပြန်စစ်ပြီး။
- ↑ "Twin Towers Engineered To Withstand Jet Collision"၊ February 27, 1993။ 11 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 26 December 2018။
- ↑ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန at Emporis
- ↑ History of the Twin Towers။ Port Authority of New York and New Jersey (June 1, 2014)။ December 28, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 17, 2015 တွင် ပြန်စစ်ပြီး။
- ↑ "Trade Center Hit by 6-Floor Fire" (in en-US)၊ The New York Times၊ February 14, 1975။ August 19, 2020 တွင် ပြန်စစ်ပြီး။
- ↑ Reeve၊ Simon (2002)။ The new jackals : Ramzi Yousef, Osama Bin Laden and the future of terrorism။ Boston: Northeastern University Press။ p. 10။ ISBN 978-1-55553-509-4။
- ↑ Reppetto၊ Thomas (2007)။ Bringing down the mob : the war against the American Mafia။ New York Godalming: Henry Holt Melia distributor။ p. 279။ ISBN 978-0-8050-8659-1။
- ↑ Cuozzo၊ Steve။ "Larry Lusts for Twin Towers; Silverstein has an Eye on WTC's; Untapped Retail Potential"၊ January 30, 2001။
- ↑ "Man's death from World Trade Center dust brings Ground Zero toll to 2,753"၊ June 18, 2011။ September 1, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 13 December 2019။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |