ကမ္ဘာဒြပ်ထု
| Earth Mass | |
|---|---|
19th-century illustration of Archimedes' quip of "give me a lever long enough and a fulcrum on which to place it, and I will move the earth"[၁] | |
| ယူနစ်အချက်အလက် | |
| အတိုင်းအတာစနစ် | နက္ခတ္တဗေဒ |
| ယူနစ်၏ | ဒြပ်ထု |
| သင်္ကေတ | M🜨 |
| ယူနစ် ဖလှယ်မှုများ | |
| 1 M🜨 in ... | ... ညီမျှသည်မှာ ... |
| SI base unit | (5.9722±0.0006)×1024 kg |
| U.S. customary | ≈ 1.3166×1025 ပေါင် |
ကမ္ဘာဒြပ်ထု (ME သို့မဟုတ် M🜨 သည် ကမ္ဘာအတွက် နက္ခတ္တဗေဒဆိုင်ရာ သင်္ကေတဖြစ်သည်) သည် ကမ္ဘာမြေ၏ ဒြပ်ထုနှင့်ညီမျှသော ဒြပ်ထု ယူနစ်ဖြစ်သည်။ လက်ရှိ အကောင်းဆုံး ခန့်မှန်းချက်မှာ M🜨 = 5.9722×1024 kg ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် (5.9742±0.0036)×1024 kg ဖြစ်ခဲ့ပြီး ယင်း၏ ပျမ်းမျှသိပ်သည်းမှုမှာ 5515 kg.m−3 ဖြစ်သည်။
ကမ္ဘာဒြပ်ထုသည် နက္ခတ္တဗေဒတွင် အခြားသောဂြိုဟ်များ၊ နေအဖွဲ့အစည်းအပြင်ဘက်ရှိဂြိုဟ်များ၏ ဒြပ်ထုကိုတိုင်းတာရာ၌ အသုံးပြုသော စံဒြပ်ထုယူနစ်ဖြစ်သည်။ ၁ နေဒြပ်ထုသည် ကမ္ဘာဒြပ်ထု ၃၃၃၀၀၀ နှင့် ညီမျှသည်။ ကမ္ဘာ၏ဒြပ်ထုကိုတိုင်းတာရာတွင် လကမ္ဘာ၏ဒြပ်ထုကို ဖယ်ထုတ်ထားသည်။ လကမ္ဘာ၏ဒြပ်ထုမှာ ကမ္ဘာ၏ ၁.၂ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် ကမ္ဘာ+လကမ္ဘာ စနစ်သည် 6.0456×1024 kg ခန့်ရှိသည်။
ဒြပ်ထုအများစုကို သံ၊ အောက်ဆီဂျင်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ အလူမီနီယမ်နှင့် နီကယ်တို့ဖြင့် ရေတွက်သည်။ ကမ္ဘာ၏ဒြပ်ထုကို အတိအကျ တိုင်းတာရာတွင် ခက်ခဲသည်။ ကမ္ဘာဒြပ်ထုအား ၁၇၇၀ ခုနှစ်များတွင် Schiehallion experiment ဖြင့် စမ်းသပ်ခဲ့ရာ ၂၀ ရာခိုင်နှုန်း မှန်ကန်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Attributed by Pappus of Alexandria (Synagoge [Συναγωγή] VIII, 4th century), as « Δός μοί ποῦ στῶ, καὶ κινῶ τὴν Γῆν ». Engraving from Mechanic's Magazine (cover of bound Volume II, Knight & Lacey, London, 1824).