ကန်းထရီးရော့ခ်

ဝီကီပီးဒီးယား မှ

ကန်းထရီးရော့ခ် (အင်္ဂလိပ်: Country rock) သည် ကျော်ကြားသော ဂီတမျိုးခွဲတစ်မျိုးဖြစ်ပြီး ရော့ခ်နှင့် ကန်းထရီး ကို ပေါင်းစပ်ထားသည်။ ရော့ခ်ဂီတပညာရှင်များကြောင့် တိုးတက်ခဲ့ပြီး ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀ အစောပိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ ထိုဂီတပညာရှင်များသည် မှတ်တမ်းတင်ရာ၌ pedal steel ဂီတာများ အသုံးပြုခဲ့သည်။ Bob Dylan နှင့် The Byrds တို့ကြောင့် စတင်ခဲ့ပြီး ၁၉၇၀ ခန့်တွင် Emmylou Harris, Eagles, Michael Nesmith, Pocoနှင့် Pure Prairie League စသော အနုပညာရှင်များကြောင့် လူကြိုက်များလာခဲ့သည်။ Southern Rock ၏ဖွံ့ဖြိုးတိုးတက်မှုထဲမှ တစ်ခုဖြစ်သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

Rock and roll သည် ကန်းထရီးဂီတနှင့် rhythm and blues ကို ပေါင်းစပ်ထားသည်။ ပေါင်းစပ်ခြင်းထဲမှ ၁၉၅၀ တွင် rockabilly ပေါ်ပေါက်လာခဲ့သည်။ country rock ဟူသော ဝေါဟာရသည် ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀ အစောပိုင်းတွင် rock ဂီတပညာရှင်များက ရည်ညွန်းသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မူရင်း[ပြင်ဆင်ရန်]

Country သည် ၁၉၆၀ ကို ဖြတ်သန်းလျက် rock မှတ်တမ်းများမှ လွှမ်းမိုးလာခဲ့သည်။ The Beatles (၁၉၆၄) မှတ်တမ်းတင်များဖြစ်သော I’ll Cry Instead, Baby in Black နှင့် I don’t Want to Spoil the Party နှင့် the Byrds ၏၁၉၆၅ ပြန်ဆိုတေးများနှင့် Rolling Stones ၏ High and Dry (၁၉၆၆) နှင့် Buffalo Springfield ၏ Go and Say Goodbye (၁၉၆၆) နှင့် Kind Woman (၁၉၆၈) တို့ပါဝင်သည်။ ၁၉၆၆ တွင် rock အနုပညာရှင်များ စမ်းသပ်လေ့လာတိုးချဲ့ခဲ့သည်။ နောက်ပိုင်းတွင် country လွှမ်းမိုးသော album များထွက်ရှိလာခဲ့သည်။ John Wesley ၏ Harding (၁၉၆၇)နှင့် Nashville Skyline (၁၉၆၉) တို့ဖြစ်သည်။ folk ဂီတပညာရှင်များသည် country folk အမျိုးအစားကို ဖန်တီးခဲ့သည်။ Dylan ၏ဦးဆောင်မှုသို့ The Byrds လိုက်လာခဲ့သည်။ Parson သည် country ကို rock, blues နှင့် folk တို့ကိုရောနှောခဲ့သည်။ အရင်နှစ်များတွင် Parsons သည် Safe at Home ကို Submarine တီးဝိုင်းနှင့်အတူ ဖြန့်ချိခဲ့သည်။ ပထမဆုံး country rock album ဖြစ်သည်။ The Byrds သည် Sweetheart of the Rodeo ကို ၁၉၆၈ တွင်ဖြန့်ချိခဲ့ပြီး အမျိုးအစားထဲတွင် အဆင့်မြင့်စွာ မှတ်တမ်းတင်ထားသော album တစ်ခုဖြစ်သည်။ album ဖြန့်ချိပြီးနောက်ပိုင်းတွင် Byrds အဖွဲ့ဝင် Chris Hillman သည် The Flying Burrito Brothers ကို တည်ဆောက်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် The Gilded Palace of Sin (၁၉၆၉) နှင့် Burrito Deluxe (၁၉၇ဝ) တို့ကို မှတ်တမ်းတင်ခဲ့သည်။ Gram Parsons မထွက်ခင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

ကျယ်ပြန့်ခြင်း[ပြင်ဆင်ရန်]

Country rock သည် ၁၉၆၀ နောက်မှ ကယ်လီဖိုးနီးယားဂီတဖြစ်ရပ်မှ ကျော်ကြားလာသောပုံစံ ဖြစ်သည်။ Hearts and Flowers, Poco နှင့် New Riders of the Purple Sage စသောတီးဝိုင်းများ ဖန်တီးခဲ့ကြသည်။ Byrds ၏နောက်လိုက်ဖြစ်သော Beau Brummels နှင့် Nitty Gritty Dist Band တို့လည်း ပါဝင်သည်။ ဖျော်ဖြေသူများကြောင့် country သီချင်းများ ပြန်လည်ခေတ်ဆန်းလာသည်။ The Beatles (Rocky Raccoon နှင့် Octopus’s Garden (Abbey Road (၁၉၆၉) Everly Brothers (Roots album (၁၉၆၈) တို့ပါဝင်သည်။ Mike Nesmith သည် The Monkees တီးဝိုင်းနှင့်အတူ country သီချင်းများကို လေ့လာခဲပြီး First National တီးဝိုင်းကို တည်ဆောက်ခဲ့သည်။ Neil Young သူ၏ အသက်မွှေးလုပ်ငန်းမှ အနားယူခဲ့သည်။ အနုပညာရှင်အများစုသည် country မှ rock ဆီသို့ ဦးတည်ခဲ့သည်။

ထိပ်ဆုံးသို့ရောက်ရှိခြင်း[ပြင်ဆင်ရန်]

၁၉၇၀ တွင် Doobie Brothers ၏ R&B အစိတ်အပိုင်းနှင့် ရောနှောခြင်း Emmylou-Harris ၏ Queen of country-rock နှင့် Linda Ronstadt တို့နှင့် ၁၉၇၀ တွင် country rock သည် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သည်။ Pure Prairie League ကို ၁၉၆၉ တွင် Ohio ၌ Craig Fuller က ဖွဲ့စည်းခဲ့ပြီး ဝေဖန်ရေးနှင့် စီးပွားရေးအရအောင်မြင်သော LP album များဖြန့်ချိခဲ့သည်။ Bustin' Out (၁၉၇၂) သည် ဝေဖန်ရေးဆရာ Richard Foss က "country-rock စံချိန်မမီသော album တစ်ချပ်" ဟုဆိုသည် Two Lane Highway သည် Rolling Stone Magazine က The Byrd ၏ Sweetheart of the Rodeo ကဲ့သို့ တန်ဖိုးရှိစွာ ပေါင်းစပ်ထားသော album ဟုဆိုသည်။ ယခင်အဖွဲ့ဝင်ဟောင်း Ronstadt သည် Eagle နှင့်အတူပြန်လာခဲ့သည်။ သူသည် all time မှ အောင်မြင်သော အနုပညာရှင်တစ်ဦးဖြစ်ပြီး Desperado (၁၉၇၃) နှင့် Hotel California (၁၉၇၉) စသော album များထုတ်လုပ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ Eagle တီးဝိုင်းတွင် အဓိကလွှမ်းမိုးခဲ့ပြီး ၁၉၇၅ နောက်ပိုင်းအထိ လွှမ်းမိုးမှု ကျန်ရစ်ခဲ့သည်။ ၁၉၇၉ တွင် Southern rock တီးဝိုင်း Charlie Daniels သည် country ပုံစံသို့ပြောင်းရွှေ့ခဲ့ပြီး bluegrass လွှမ်းမိုးသော The Devil Went Down to Geogia ကို ဖြန်ချီခဲ့သည်။ ထိုသီချင်းသည် pop သီချင်းစာရင်းတွင် ရိုက်ခတ်ခဲ့သည်။

အရိုက်အရာများ[ပြင်ဆင်ရန်]

Country rock ၏အဓိကလွှမ်းမိုးမှုတွင် The Band, Grateful Dead, Creedence Clearwater Revival, The Rolling Stones နှင့် George Harrison တို့၏အလုပ်တွင် တွေ့နိုင်သည်။ Southern rock ဖွံ့ဖြိုးတိုးတက်မှုထဲမှ တစ်ခုဖြစ်သည်။ Blues rock မှဆင်းသက်လာပြီး southern လေယူလေသိမ်းဖြင့် ထူးခြားသည်။ alternative country ရွှေ့လျားမှုအတွက် လမ်းခင်းပေးခဲ့သည်။ ၁၉၇၀ နောက်ပိုင်းတွင် လူကြိုက်များမှုကျဆင်းလာခဲ့သည်။ Neil Young သည် country ကို rock ပုံစံသို့ ၂၁ရာစုတွင် ရောနှောခဲ့သည်။ Country rock သည် Texas တွင် ရှင်သန်ခဲ့ပြီး The Flatlander, Joe Ely, Butch Hancock, Jimmie Dale Gilmoreနှင့် ကယ်လီဖိုးနီးယားအခြေစိုက် Richard Brookes တို့၏အနုပညာများတွင်တွေ့နိုင်သည်။ အမျိုးအစားကို မှတ်တမ်းတင်ခဲ့သော အခြားဖျော်ဖြေသူများထဲတွင် Elvis Costello ၏ Almost Blue (၁၉၈၁) နှင့် Robert Plant နှင့် Alison Krauss တို့ပါဝင်သည်။