ကတ္တဝါငှက်

ဝီကီပီးဒီးယား မှ
ကတ္တဝါငှက်
Cockatoo perching on a branch. Its plumage on the top of its head above its eyes is white and it has a horn-coloured beak. The rest of its head, its neck, and most of its front are pink. Its wings and tail are grey and blue.
Galah in Australia
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Psittaciformes
Superfamily: Cacatuoidea
မျိုးရင်း: Cacatuidae
G. R. Gray 1840
အမျိုးအစား မျိုးစု
Cacatua
Vieillot 1817[၁]
မျိုးစုများ

en:Probosciger
en:Callocephalon
en:Nymphicus
en:Calyptorhynchus
Zanda
en:Eolophus
en:Lophochroa
en:Cacatua

Map showing southeastern Asia, Australia, Melanesia, and New Zealand. Islands in the Philippines and the Sunda Islands are colored red, east to the Solomon Islands, as is Australia with Tasmania. New Caledonia is colored blue.
Current range of cockatoos – red
Finds of recent fossils – blue
Synonyms

ကတ္တဝါငှက် (Cockatoo) သည် ကြက်တူရွေးကဲ့သို့ လိမ်မာရေးခြားခြင်းမရှိလှသော်လည်း ကြက်တူရွေးကဲ့သို့ပင် စကားပြောနိုင်သည်။ သို့သော် ကြက်တူရွေးလောက် အမှတ်သညာ မရှိဘဲ စကားတစ်ခွန်းကိုသာ အထပ်ထပ်အခါခါ ပြန်လည် ရွတ်ဆိုတတ်သည်။ ကတ္တဝါအစစ်ကို ကက်ကတ္တဝါဟု ခေါ် သည်။ ဩစတြေးလီးယားတိုက်နှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် တွေ့ရ၏။ မျိုးစိတ်ပေါင်း ၂၁ မျိုးခန့်ရှိပြီး Cacatuidae ဟုခေါ်သည့် မျိုးတွင်ပါဝင်သည်။ အသွေးအရောင်မှာနေထိုင်ရာ အရပ်ဒေသအလျောက် အဖြူသက်သက်၊ ကိုယ်လုံးအဖြူအမောက်အဝါ ( Sulphur Crest) ၊ ကိုယ်အမဲပေါ် တွင် ရင်အုပ်အနီ၊ အမြီးအနီ၊ အဝါ၊ အဖြူ (Red tailed,White tailed, Yellow Tailed - Black Cockatoo)အမျိုးများ၊ Cockatiel ခေါ် အသေးဆုံး အနွယ်၊ ဒေသ အခေါ် Gang Gang မျိုး အဖို ၌ မျက်နှာ နှင့်အမောက်၌ အနီရောင်၊ တကိုယ်လုံး မီးခိုးရောင် အမျိုး၊ ဒေသ အခေါ် Plum Cockatoo သည် အကြီးဆုံး အမျိုးဖြစ်၍ မိတ်လိုက်ချိန် ၌ အဖိုသည် သစ်ခေါင်း ကို အရွယ်တော် သစ်ကိုင်းကို ချိုး၍ စည် တီးသလို တီးကာ အဖော်ရှာတတ်သောအမျိုး၊ ပန်းရောင်၊မီးခိုးစပ် Galah ဟုခေါ်သော အမျိုး၊ Major Mitchell ဟုခေါ်သော အမျိုး၊ စသည်ဖြင့် မြောက်မြားစွာ ရှိသည်။ ကတ္တဝါ၌ ကြီးမားသောဦးခေါင်းရှိ၍ ထိုဦးခေါင်းပေါ်တွင် အမျိုးကို လိုက်၍ အမောက်အရောင် ကွဲပြားပါသည်။ အဆိုပါအမောက်မှာ ယပ်တောင်သဖွယ်ဖြစ်လျက် စိတ်ဆန္ဒအလျောက် ထောင်ကြွ လာစေနိုင်၏။ အမွှေးအတောင် အရောင်အသွေး လှပရာ၌ ကက်ဗီးတားကတ္တဝါမျိုးမှာ ပြိုင်ဖက်ကင်းပေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ICZN (2000). "Opinion 1949. Cacatua Vieillot, 1817 and Cacatuinae Gray, 1840 (Aves, Psittaciformes): conserved". Bulletin of Zoological Nomenclature 57: 66–67. 
  2. Suppressed by the International Commission on Zoological Nomenclature in Opinion 1949 (2000). ICZN (2000). "Opinion 1949. Cacatua Vieillot, 1817 and Cacatuinae Gray, 1840 (Aves, Psittaciformes): conserved". Bulletin of Zoological Nomenclature 57: 66–67. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)