ကဏ္ဍ ဆွေးနွေးချက်:ရခိုင်ပြည်နယ်ရှိ ရွာများ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဟောဒီ Category:ရခိုင်ပြည်နယ်ရှိ ရွာများ ကဏ္ဍထဲမှာ ရွာအမည်ပေါင်း ၆၅၀၀ ကျော်ရှိတယ်။ ဒါပေမယ့် ဒီနေ့မှ သေချာစစ်ကြည့်လိုက်တဲ့အခါ ရွာအမည်တွေက ထပ်နေတာတွေ တွေ့ရပါတယ်။ ဥပမာ စက်ကရေရွာ နဲ့ စက်ကရေရွာ၊ သင်းဂနက်စိုင်ခြုံရွာသစ်ရွာ နဲ့ စိုင်ခြုံရွာသစ်ရွာ၊ စိုင်ခြုံ စတာတွေ ဖြစ်ပါတယ်။ ကြည့်ရတာ MgSunBot က ရှိနှင့်ပြီး အမည်တွေကို ရွာအုပ်စုအမည်နဲ့ ထပ်တွဲပြီး ဖန်တီးလိုက်သလို ဖြစ်သွားပြီး နှစ်ခု နှစ်ခု ထပ်ကုန်တာနဲ့ တူပါတယ်။ သေချာအောင်လို့ Place code (Pcode) တွေ ကြည့်လိုက်တော့လဲ အတူတူ ဖြစ်နေပါတယ်။ ဒါ့ကြောင့် စာမျက်နှာ ၆၅၀၀ ကျော်မှာ အနည်းဆုံး ၂၀၀၀ ခန့်ကတော့ ရွာအမည်တူတွေ ဖြစ်နေနိုင်ပါတယ်။ အဲဒီ စာမျက်နှာတွေကို ဖျက်မယ်ဆိုရင်တော့ လက်ရှိ မာတိကာ စာမျက်နှာ ၃၂၀၀၀ ကျော်ကနေ ၃၀၀၀၀ ကျော်လောက်ထိ ကျသွားနိုင်ပါတယ်။ ချက်ခြင်းအကုန်လုံး ဖျက်ပစ်တာမျိုးမဟုတ်ပဲ နည်းနည်းခြင်း ဖျက်သွားဖို့တော့ စဉ်းစားထားပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပြုကြပါဦး။ NinjaStrikers «» ၀၈:၃၅၊ ၁၈ မေ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဟုပ်တယ် အကိုရယ် ကျွန်တော် လည်း မျက်စီး လည်သွား တယ်၊ ကျွန်တော် တို့ ဘက် က တချို့ ရွာ တွေက တော နာမည် စာရင်း မရှိသေးတာ တွေ လည်း တွေ့ ရပါတယ်။ ဒါတွေ ကို ဖြည့် စွပ် ဖို့ လည်း လို အပ်ပါတယ်။ ကျွန် တော် မတွေ့တဲ့ ရွာ တွေကို ဘယ်လို့ ပြန် ဖြည့်လို့ ရလဲ တချက် သိချင်ပါတယ် --Yomeo (ဆွေးနွေး) ၀၄:၄၂၊ ၃၀ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မိမိလူမျိုးရွာတွေနဲ့ တခြား လူမျိုး ရပ်ရွာ တွေ ကို သိခြား သိနိုင်အောင် ရွာ နာမည်နောက်မှာ လူမျိုးနာမည်ထည့်လို့ အဆင်ပြေမလား ဗျ[ပြင်ဆင်ရန်]

ကျွန်တော် တို့ အနေနဲ့ ရခိုင်ပြည်မှာ ရှိနေတဲ့ ရပ်ရွာတွေမှာ တခြား လူမျိုးနာမည်ရွာတွေ နဲ့ မမှားရအောင် ရွာ နာမည် နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ ( မြို ) လို့ ထည့်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအထဲမှာ ဝီကီ မှာလည်း ထိုနည်း တူ ဖော်ပြ ဖို့ ကြိုးစား နေပါတယ်။ မနေ့ညကတော ဒီလို လူမျိုးနာမည် ထည့်လိုက်စ ရွာ ၃ ရွာလောက် ပြန်လည် ဖြုတ်ချ ခံရပါတယ်။ ကျွန်တော် ဆိုလိုချင်တာက အုပ်ချုပ်ရေးပိုင်းမှာ အတည်ပြု တဲ့ နာမည် မှ ထည့်လို့ ပိုမို လက်ခံ ကြတာလား။ ဒါမှ မဟုပ် ဘယ်လို လုပ်တာက ပိုမို သင့်တော်လဲ အကြံညာဏ်လေး လိုချင်ပါတယ်။ --Yomeo (ဆွေးနွေး) ၀၄:၅၀၊ ၃၀ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

@Yomeo: မြန်မာဝီကီမှာ ဆောင်းပါးခေါင်းစဉ်တွေအတွက် ဘယ်လိုနာမည်ပေးမယ်ဆိုတဲ့ လမ်းညွှန်ချက်ရှိပါတယ်။ ရွာအမည်/မြို့အမည်မှာ လူမျိုးနာမည် ထည့်ခေါ်လေ့မရှိပါဘူး။ ရွာအမည်တူရှိတယ်ဆိုရင်တောင်မှ တစ်ဆင့်မြင့် အုပ်ချုပ်ရေးအမည်ကိုသာ သုံးပါတယ်။ WP:ATDAB မှာ ဖော်ပြထားပါတယ်။ NinjaStrikers «» ၀၆:၂၅၊ ၃၀ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ကျေးဇူးပါ အကို--Yomeo (ဆွေးနွေး) ၀၆:၂၈၊ ၃၀ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]