ခရမ်းကစော့

ဝီကီပီးဒီးယား မှ
(ကစော့ခါး မှ ပြန်ညွှန်းထားသည်)
Solanum ptychanthum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Solanaceae
မျိုးဇာတ်: Solaneae
မျိုးစု: Solanum
မျိုးစိတ်:
S. ptychanthum
ဒွိနာမ
Solanum ptychanthum

ခရမ်းကစော့ (Solanum ptychanthum; အင်္ဂလိပ်: West Indian nightshade) ကို ကစော့ခါး ဟုလည်း ခေါ်သည်။ မျိုးစု (Genus)မှာ Solanum ဖြစ်သည်။ မျိုးစိတ် (Species) မှာ indicum ဖြစ်ပြီး မျိုးရင်း (Family)မှာ Solanaceae ဖြစ်သည်။

Indian Night-Shade (ကစော့ခါး)[ပြင်ဆင်ရန်]

  • Botany Term : Solanum indicum Linn
  • Species/Family : Solanaceae

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

နှစ်ကြာခံ ပင်ငယ်တစ်မျိုးဖြစ်၏။ အမြင့် ၄-၅ ပေခန့် ထိ ရှိတတ်၏။ ပင်စည်ရိုးတံမာ၍ မွေးများ ဖြင့် ဖုံးအုပ်ထား၏။ ချွန်ထက်၍ ပြားသော ဆူးများစွာပါ၏။ ဆူးများသည် စိမ်းဝါရောင်ရှိ၍ သန်မာပြီး အောက်သို့ ကောက်နေ၏။ အကိုင်းအခက် များ၏။

အရွက်[ပြင်ဆင်ရန်]

ရွက်လွှဲထွက်သည်။ အရွက်ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီးထောင့် ခုနှစ်ထောင့် ပါရှိ၏ အရွက်မျက်နှာ နှစ်ဖက်သစလုံးတွင်သေးငယ်သော ဆူးလေးများပါရှိ၏။ ရွက်ညှာတွင်လည်း ဆူးရှိ၏။ ရွက်ညှာ ရှည်၏။

အပွင့်[ပြင်ဆင်ရန်]

ဘေးထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်များ သေးငယ်၍ ခရမ်းရောင် ရှိသည်။

အသီး[ပြင်ဆင်ရန်]

လုံးဝိုင်း၏။ အစေ့များ ခွံပျော့သီးဖြစ်၍ အခိုင်လိုက်သီး၏။ မှည့်က လိမ္မော်ရောင်ရှိပြီး အလွန်ခါး၏။ အချင်း ၁/၄ လက်မခန့်ထိ ရှိ၏။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ[ပြင်ဆင်ရန်]

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ပဉ္စငါးပါး
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
  • ပေါက်ရောက်ပုံ  : သဘာ၀အလျောက် ပေါက်ရောက်သည်။
  • အသုံးဝင်ပုံ : အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ စပ်ရှားရှားရှိ၏၊ခါး၏၊ပူ၏၊ လေသလိပ်ကို ကြေစေ၏၊ နှုတ်ကိုမြိန်စေ၏၊ နှလုံးကို အားပေး၏၊နူနာ၊ အဖျား၊ ပန်းနာ၊ လေနာ၊ယားနာ တို့ကို နိုင်၏ ။

အသုံးပြုပုံ[ပြင်ဆင်ရန်]

ပဉ္စငါးပါး[ပြင်ဆင်ရန်]

  1. ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ်၊ ကင်းဆိပ်ပြေပျောက်စေ၏။
  2. သွားကိုက်၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့်၊ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။
  3. အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
  4. နား၌ ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။
  5. ကစော့ခါး မြစ်ကိုအမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။
  6. ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည် ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ် သောက်ပါက မီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=107[လင့်ခ်သေ]