ကချေသည်နှင့် အခြားကဗျာများ

ဝီကီပီးဒီးယား မှ

ကချေသည်နှင့် အခြားကဗျာများ စာအုပ်သည် ဘုတလင်ချစ်လေး၏ ၁၉၆၂ စာပေဗိမာန်ဆုရ ကဗျာစာအုပ်ဖြစ်သည်။ ထိုစာအုပ်နှင့် ပတ်သက်၍ ဆုရွေးချယ်ရေးကော်မတီက "မမျှမတဖြစ်နေသော လူနေမှုစနစ်ကြောင့်လည်းကောင်း၊" နယ်ချဲ့စနစ်ကြောင့်လည်းကောင်း ဖြစ်ပေါ်သော "မြန်မာ့ဘဝကို" သရုပ်ဖော်ထားသည်။ "ဘဝသရုပ်ဖော် ကဗျာ အများအပြားတွေ့ရသည်"၊ "အချစ်နှင့် အလှအပ"ဖွဲ့ ကဗျာများလည်း ပါသည်ဟု ဖော်ပြခဲ့၏။ ကဗျာစာအုပ်ကို ဒုတိယအကြိမ် ပြန်ထုတ်သောအခါ ကင်းနက်ဘစိန်၏ ဘာသာပြန်ချက်ပါ ပူးတွဲထည့်ခဲ့သည်။ ဒေါ်အုန်း (ပါမောက္ခ)၊ ဦးဆန်းထွန်း၊ ဦးမောင်မောင်တင်၊ လူထုဒေါ်အမာတက္ကသိုလ်ဘုန်းနိုင် နှင့် တင်မိုး တို့က အမှာရေးကြသည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာစာပေအဘိဓာန်၊ ပထမတွဲ။ မလိခ။ ပကြိမ်။ ဩဂုတ်၊ ၂၀၁၆။ စိတ်ကူးချိုချိုစာပေ။ ရန်ကုန်