မာတိကာသို့ ခုန်သွားရန်

ဟွာကာချီနာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Created by translating the page "Huacachina"
(ကွဲပြားမှု မရှိ)

၁၆:၃၅၊ ၂၇ မတ် ၂၀၁၆ ရက်နေ့က မူ

Coordinates: 14°5′15″S 75°45′48″W / 14.08750°S 75.76333°W / -14.08750; -75.76333ကိုဩဒိနိတ်: 14°5′15″S 75°45′48″W / 14.08750°S 75.76333°W / -14.08750; -75.76333

ပီရူးနိုင်ငံ၊ ဟွာကာချီနာ အိုအေစစ် မြင်ကွင်းကျယ်ပုံ

ဟွာကာချီနာသည် ပီရူးနိုင်ငံ အနောက်တောင်ဘက်တွင်ရှိသော ရွာတစ်ရွာဖြစ်ပြီး သဲသောင်ခုံများဝန်းရံထားသည့် အိုအေစစ်ငယ်ပတ်လည်တွင် တည်ထားသော ရွာကလေးတစ်ရွာ ဖြစ်သည်။ ထိုရွာကလေးသည်  Ica Province တွင် တည်ရှိပြီး Ica District ၏ မြို့တော် Ica နှင့် ငါးကီလိုမီတာခန့် ကွာဝေးသည်။[] အဆိုပါ အိုအေစစ်ကို ပီရူးနိုင်ငံသုံးငွေကြေးဖြစ်သော 50 Nuevo Sol ငွေစက္ကူ၏ ကျောဘက်တွင် ရေးဆွဲဖော်ပြခဲ့သည်။ ဟွာကာချီနာတွင် အမြဲတမ်းနေသော လူဦးရေ ၁၀၀ ပတ်ဝန်းကျင်သာ ရှိသည်။[] သို့ပေမယ်လည်း နှစ်စဉ် ခရီးသွားဦးရေ တစ်သောင်းခန့် လည်ပတ်လေ့ရှိသည်။

ဟွာကာချီနာကို သဲကန္တာရအတွင်း သေးငယ်သော သဘာဝရေကန်နံဘေးတွင် တည်ဆောင်ထားခဲ့သည်။  "အမေရိက၏ အိုအေစစ်"ဟု ခေါ်ကြပြီး မြို့တော် Ica အနီးမှ ဒေသခံ မိသားစုများအတွက် အပန်းဖြေနေရာတစ်ခုဖြစ်ပြီး သဲသောင်ပြင်စကိတ်စီးခြင်း(sandboarding)နှင့် ပေပေါင်း ရာကျော်အမြင့်ထိ စီး၍ရသော သဲသောင်ပြင်ကားမောင်းခြင်း(dune buggy) စသော အားကစားများသည် လည်ပတ်သူ ခရီးသွားများ၏ စိတ်ကို များစွာဆွဲဆောင်စေခဲ့သည်။

ဒဏ္ဍာရီများတွင် လှပသော ဌာနေလူမျိုး မင်းသမီးလေး ရေချိုးနေသည်ကို ငယ်ရွယ်သော မုဆိုးလေးမှ မြင်တွေ့သွားရာမှစ ရေအိုင်လေး ဖြစ်လာခဲ့တယ်လို့ ဆိုကြသည်။  ထိုသို့ ငယ်ရွယ်သော မုဆိုးလေးမှတွေ့သွားခဲ့ရာ မင်းသမီးမှာ ထွက်ပြေးသွားခဲ့ရပြီး သူမရေချိုးရာ ကျန်ရှိခဲ့သော ရေများနှင့်အိုင်ကလေးသည် အပြာရောင်ရေအိုင်ငယ်လေး ဖြစ်လာခဲ့သည်။ မင်းသမီးလေး ထွက်ပြေးရာလမ်းကြောင်းတွင် ကျန်ရှိခဲ့သော သူမ၏ အပေါ်ရုံဝတ်လွှာ၏ ခေါက်ရိုးရာများအတိုင်း ကန်လေးကို ဝိုင်းပတ်ထားသော သဲသောင်ပူစာခုံများ ဖြစ်လာခဲ့သည်။ လူများအပြောတွင် မင်းသမီးလေးသည် ယနေ့တိုင်  အိုအေစစ်တွင် ရေသူမလေးအဖြစ် နေထိုင်သည်ဟု ဆိုကြသည်။[]

မြေပိုင်ရှင်များသည် အိုအေစစ်အနီးတွင် ရေတွင်းများ တူးလာခဲ့ကြရာ အိုအေစစ်၏ ရေပြင်မှာ လျော့ကျလာခဲ့သည်။  ရေများ လျော့ကျလာခဲ့ခြင်းကို အစားထိုးရန်နှင့် ခရီးသွားများအတွက် လှပ၍ ကျေနပ်ဖွယ်ရာ နေရာအဖြစ် အိုအေစစ်ကို ထိန်းသိမ်းရန် ရည်ရွယ်၍ မြို့တော်သည် သဘာဝကဲ့သို့ ရေများ ထည့်သွင်းပေးမည်အစီအစဉ်ကို စတင်ခဲ့ကြသည်။[][]

ကိုးကား

ပြင်ပလင့်များ