အားအချိုး-စွမ်းအင် တာအုံ

ဝီကီပီးဒီးယား မှ
အားအချိုး-စွမ်းအင် တာအုံ။ energy density = စွမ်းအင် သိပ်သည်းနှုန်းထား ၊ energy flux = စွမ်းအင်တို့ ဖြတ်သန်းသွားလာနေနှုန်း ၊ momentum = အဟုန်

အိုင်းရှ်တိုင်း၏ နှိုင်းရသီအိုရီများတွင် ပါဝင်သော အားအချိုး-စွမ်းအင် တာအုံ (သို့) တည်ရွေ့သရုပ် တာအုံ (အင်္ဂလိပ်: stress-energy tensor) ဆိုသည်မှာ စွမ်းအင် နှင့် အဟုန် ဟူသော အခြင်းသတ္တိတို့၏

စုပြုံဖော်ပြနေသည့် တာအုံ ဖြစ်သည်။

တိုင်းကြောင်း ၃ခု (3 dimensions) ပါဝင်နေသော အားကြောင်းစုံ တာအုံ (Cauchy stress tensor)၏ သင်္ချာသဘာဝကို လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်းနှင့် လျော်ညီစွာ "အချိန်"ဟူသော တိုင်းကြောင်း (tempiral dimension) ပြင်ဆင်ပေါင်းစပ်၍ ဤ တည်ရွေ့သရုပ် တာအုံ (stress-energy tensor) ရလာသည် ဟု ဆိုကြသည်။ ထို့ကြောင့် နေရာသဘော (spatial) သီးသန့် အားကြောင်းစုံတာအုံ က သာမန် အချိန်-နေရာ တွက်နည်းအတွင်း တွက်ချက်ဖွယ် ဖြစ်၍၊ နှိုင်းရသီအိုရီများ၌ သုံးသော ဤ တည်ရွေ့သရုပ် တာအုံ က မင်ခေါ့ဗ်ရှကီး အချိန်-နေရာ တွက်နည်းအတွင်း တွကချက်ဖွယ် ဖြစ်သည်။