မင်ခေါ့ဗ်ရှကီး စပေ့စ်

ဝီကီပီးဒီးယား မှ
မင်ခေါ့ဗ်ရှကီး အချိန်ကာသကို သက်ရောက် ဖြစ်ဝန်း (light cone)အန္တိမ အနာဂတ်'အန္တိမ အတိတ်ဖြစ်အင်ခြား ဟူသော အစုပိုင်း၄ခုအဖြစ် ပိုင်းခြားပြပုံ။

မင်ခေါ့ဗ်ရှကီး စပေ့စ် (သို့) မင်ခေါ့ဗ်ရှကီး ရပ်ဝန်း (အင်္ဂလိပ်: Minkowski space) သို့မဟုတ် မင်ခေါ့ဗ်ရှကီး အချိန်+ရပ်ဝန်း (သို့) မင်ခေါ့ဗ်ရှကီး ဖြစ်အင်ထု (အင်္ဂလိပ်: Minkowski spacetime) ဆိုသည်မှာ ထူးရှားနှိုင်းရသီအိုရီ၌ အာသာကလွင်တီးခေါင်၏ အဖြစ်သနစ်ကို အာကာသ (ခေါ်) နေရာရပ်ဝန်းနှင့် အချိန်တို့ ပေါင်းစည်းဖော်ပြသည့် အချိန်ကာသ (လောကဇာတ်ခုံ)တမျိုး ဖြစ်ပြီး

ဟူသော အတိုင်းဆ ရှိသည်။ ထို့ကြောင့် နေရာ(အာကာသ)ချည်း စဉ်းစားသည့်အခါမျိုး၌ အကွာအဝေး (distance) အဖြစ် ရှိခဲ့သည့် သဘောသဘာဝသည် ဤ မင်ခေါ့ဗ်ရှကီး အချိန်+ရပ်ဝန်း ဖြစ်အင်ထု၌မူ ဖြစ်အင် နားဟကိန်း (spacetime interval) အဖြစ် ရှိသွားမည်။

ဖြစ်အင် နားဟကိန်း ၃မျိုး[ပြင်ဆင်ရန်]

c2t2r2 ၌...

  • c2t2 > r2 ဖြစ်နေလျှင် ထိုသို့ တါက်ထုတ်နိုင်သော ဖြစ်အင် နားဟကိန်း (spaetime interval) က အချိန်ခြား ကွာဟမှု (timelike interval) ဟု ဆိုရမည်။ အလင်းအလျင်ထက် လျော့နည်းသော သွားနှုန်းဖြင့် ထိုအမှတ် (ထိုဖြစ်အင်) ၂ခုကို ဆက်စပ်ဆွဲသားကြည့်နိုင်သဖြင့် အရာဝတ္ထုတစ်ခုတည်း၏ သွားလာတည်ရှိမှု ဖြစ်နိုင်သော အချိန်ကာသ(လောကဇာတ်ခုံ) လမ်းကြောင်းမျိုး ဖြစ်သည်။ သို့ဖြင့် သက်ရောက် ဖြစ်ဝန်း (light cone) အတွင်း ပါရှိနေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် မတ်စောက်နေသည့် မျဉ်းကြောင်းများ ဖြစ်မည်။
  • c2t2 < r2 ဖြစ်နေလျှင် ထိုအမှတ် (ထိုဖြစ်အင်) ၂ခု၏ ဖြစ်အင် နားဟကိန်း (spaetime interval) က ရပ်ဝန်းခြား ကွာဟမှု (spacelike interval) ဟု ဆိုရမည်။ မည်သည့် ဒြပ်ထုကမှ အချိန်ကာသ (လောကဇာတ်ခုံ)အတွင်း၌ အလင်းအလျင်ထက် ကျော်လွန်ရွေ့လျားနိုင်ခြင်း မရှိသဖြင့် ဤကွာဟမှုမျိုးသည် အရာဝတ္ထုတခုတည်း၏ သွားလာမှု လမ်းကြောင်း မဖြစ်နိုင်။ မတူသော အရာဝတ္ထုများကို အစကတည်းက နေရာခွဲခြားချထားလျက် ဖြစ်ပျက်စေသည့် အဖြစ်သနစ် ကွာဟမှုများသာ ဖြစ်နိုင်သည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် ပြေစောင်းကျနေသည့် မျဉ်းကြောင်းများ ဖြစ်မည်၊ သက်ရောက် ဖြစ်ဝန်း အပြင်၌သာ ပါရှိနေမည်။
  • c2t2 = r2 ဖြစ်နေလျှင်မူ ထိုအဖြစ်အပျက်၂ခု၏ ဖြစ်အင် နားဟကိန်း (spaetime interval) က အလင်းသွား ကွာဟမှု (lightlike interval) သို့မဟုတ် သက်ရောက်ချက် ကွာဟမှု (null interval) ဖြစ်သည်။ အလင်း၏ လောကဇာတ်ခုံတွင်း လမ်းကြောင်း၊ သို့မဟုတ် လျှပ်စစ်သံလိုက်ဓာတ်ဒြပ်ဆွဲမှုတို့၏ သက်ရောက်ချက်ကိုယ်တိုင်တို့၏ လောကဇာတ်ခုံတွင်း သွားလမ်းကြောင်း ဖြစ်ချေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီကွက်တိ ရှိစောင်းနေသည့် မျဉ်းကြောင်းများ ဖြစ်မည်၊ သက်ရောက်ဖြစ်ဝန်းအတွင်း ပါရှိနေမည်။

ကိုးကား[ပြင်ဆင်ရန်]