Microsoft Edge

ဝီကီပီးဒီးယား မှ
Microsoft Edge
ဆော့ဖ်ဝဲလ်ရေးသားသူMicrosoft
ကနဦး ဖြန့်ချီခြင်းဇူလိုင် ၂၉၊ ၂၀၁၅; ၈ နှစ် အကြာက (၂၀၁၅-၀၇-29)
တည်ငြိမ်ဗားရှင်း83.0.478.45 / ၄ ဇွန် ၂၀၂၀; ၃ နှစ် အကြာက (၂၀၂၀-၀၆-04)
စက်မောင်းနှင်မှုစနစ်iOS, Android, Xbox One System Software, Windows 7, Windows 8, Windows 10, macOS
Included withWindows 10, Windows 10 Mobile, Xbox One System Software
အင်ဂျင်များ
လိုင်စင်Proprietary software;[၁] a component of Windows 10
ဝက်ဘ်ဆိုဒ်microsoft.com/en-us/windows/microsoft-edge

Microsoft Edge သည် မိုက်ခရိုဆော့မှ ထုတ်လုပ်ထားသည့် ဝဘ်ဘရောက်ဆာတစ်ခု ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဝင်းဒိုး ၁၀ နှင့် Xbox One တို့အတွက် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် Android နှင့် iOS တို့အတွက် ဖြန့်ဝေခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် macOS အတွက် ဖြန့်ဝေခဲ့သည်။

Microsoft Edge သည် Cortana နှင့် ပူးပေါင်းကာ အလုပ်လုပ်ဆောင်နိုင်သည်။ ထို့အပြင် မိုက်ခရိုဆော့စတိုး၌လည်း extensions များ ရှိသည်။ Internet Explorer နှင့် မတူသည်မှာ Microsoft Edge သည် ActiveX နှင့် BHO နည်းပညာများကို အထောက်အပံ့ပေးထားမှု မရှိခြင်း ဖြစ်သည်။

အချက်အလက်များအရ Microsoft Edge သည် ဈေးကွက်တွင် Internet Explorer ထက် ပိုမိုကာ ဝေစုရရန် စီစဉ်ထားသည်။ သို့သော်လည်း ဈေးကွက်ဝေစုတွင် Microsoft Edge သည် နိမ့်ကျလျက်ပင် ရှိသည်။ မိုက်ခရိုဆော့မှ ထုတ်လုပ်ထားသည့် ဘရောက်ဆာများ ပူးပေါင်းထားသည့် ဈေးကွက်ဝေစုသည်ပင်လျှင် Firefox ၏ အနောက်၌ ရပ်တည်ကာ နံပါတ်စဉ် ၃ ဖြစ်သည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

Microsoft Edge သည် ဝင်းဒိုး ၁၀၊ Windows 10 Mobile and Xbox One တို့တွင် ပုံသေဘရောက်ဆာအဖြစ် ပါဝင်လာခဲ့သည်။ Microsoft Edge သည် Internet Explorer 11 နှင့် Internet Explorer Mobile တို့ကို အစားထိုးနိုင်ရန် ထုတ်ဝေထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Novet၊ Jordan (May 5, 2015)။ Microsoft says it has no plans to open-source its new Edge browser … yet။ September 22, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။