၂၀၁၆ အင်ဖာငလျင်

ဝီကီပီးဒီးယား မှ
2016 Imphal earthquake
၂၀၁၆ အင်ဖာငလျင် သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
၂၀၁၆ အင်ဖာငလျင်
UTC အချိန်2016-01-03 23:05:22
ISC ဖြစ်ရပ်612140990
USGS-ANSSComCat
ဒေသ ရက်စွဲ၄ ဇန်နဝါရီ ၂၀၁၆ (၂၀၁၆-၀၁-၀၄)
ဒေသ အချိန်4:35 a.m IST (UTC+5)
အတိုင်းအတာ6.7 Mw
အနက်၅၅.၀ km (၃၄.၂ mi)
ငလျင်ဗဟို24°50′02″N 93°39′22″E / 24.834°N 93.656°E / 24.834; 93.656ကိုဩဒိနိတ်: 24°50′02″N 93°39′22″E / 24.834°N 93.656°E / 24.834; 93.656
သက်ရောက်ဧရိယာဘင်္ဂလားဒေ့ရှ်
အိန္ဒိယ
မြန်မာ
နီပေါ
အများဆုံးပြင်းအားVII (အလွန်ပြင်းထန်)
ထိခိုက်သေကြေမှုများ၁၁ ဦးသေ[၁]
~၂၀၀ ခန့် ဒဏ်ရာရ

၂၀၁၆ အင်ဖာငလျင် သည် ဇန်နဝါရီလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံမဏိပူရပြည်နယ် အရှေ့မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပမာဏ ၆.၇ ရှိသည့် ငလျင်တစ်ခု ဖြစ်သည်။ အမြင့်ဆုံး Mercalli ပြင်းအားသည် ၇ (အလွန်ပြင်းထန်) ဖြစ်သည်။[၂] ငလျင်ဗဟိုချက်သည် Tamenglong ခရိုင်၊ အင်ဖာမြို့၏ အနောက်ဘက် ၃၀ ကီလိုမီတာအကွာတွင် ဖြစ်သည်။[၃] လူအနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ကာ လူ ၂၀၀ သည်လည်း ထိခိုက်ဒဏ်ရာရခဲ့ကာ အဆောက်အဦများစွာသည် ပျက်စီးခဲ့ရသည်။[၁] ငလျင်လှုပ်ခတ်မှုကို ဘင်္ဂလားဒေ့ရှ်တွင်လည်း ပြင်းထန်စွာ ခံစားခဲ့ရသည်။[၄] အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။[၅] ငလျင်သည် ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ ရက် မနက် ၄ နာရီ ၃၅ မိနစ် (23:05 UTC, 3 January) တွင် လှုပ်ခတ်ခဲ့သည်။ သီးခြားနေရာတစ်ခုကို ဗဟိုပြုခဲ့သည်။ အင်ဖာသည် လူဦးရေ ၂၅၀၀၀၀ ဦးကျော် နေထိုင်လျက်ရှိသည်။[၆] ဤငလျင်သည် မဏိပူရပြည်နယ်တွင် ၁၈၈၀ မှ ၁၉၃၉ အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် ပျက်စီးမှုအများဆုံး ဖြစ်ခဲ့သည်။[၅]

နိုင်ငံအလိုက် ထိခိုက်သေဆုံးမှုများ
နိုင်ငံ သေဆုံး ဒဏ်ရာရ ကိုးကား
 အိန္ဒိယ ၂၀၀ [၁]
 ဘင်္ဂလားဒေ့ရှ်
စုစုပေါင်း ၁၁ ၂၀၀


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Das၊ Biswajyoti။ "Quake strikes northeast India, Bangladesh; 11 dead, nearly 200 hurt"၊ Reuters၊ 4 January 2016။ 23 October 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 18 September 2020။ 
  2. M6.7 - 29km W of Imphal, IndiaUnited States Geological Survey။ 3 January 2015 တွင် ပြန်စစ်ပြီး။
  3. Rai Durgesh C., Kaushik Hemant B. and Singha Vaibhav (2017) M 6.7, 4 January 2016 Imphal earthquake: dismal performance of publicly-funded buildings; CURRENT SCIENCE, VOL. 113, NO. 12
  4. Cardoz, Praveen (12 January 2016). "Improper Before, Inadequate After" Archived 7 October 2018 at the Wayback Machine., The Global Feed.
  5. ၅.၀ ၅.၁ Gahalaut, V. K. (2016-10-12). "Seismological, geodetic, macroseismic and historical context of the 2016 Mw 6.7 Tamenglong (Manipur) India earthquake". Tectonophysics 688: 36–48. doi:10.1016/j.tecto.2016.09.017. Bibcode2016Tectp.688...36G. 
  6. Bangladesh Earthquake Warning။ Atn24online။ 6 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]