ဝီကီပီးဒီးယား မှ

သည် မြန်မာဘာသာ၌ အခြေခံသရ (၁၁) လုံး[မှတ်စု ၁] နှင့် သင်ရိုးသရ (၁၂) လုံး [မှတ်စု ၂] ထဲမှ သရတစ်ခုဖြစ်သည်။ ထို့အပြင် အသံပိုင်းဆိုင်ရာအရ "ဦ" သရသည် "အာ၊ ဤ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ကဲ့သို့ သံရှည်သရတစ်မျိုးဖြစ်သည်။ ဒီဃသရ ဟူ၍ ခေါ်ဆိုသည်။[၁]

"ဦ" သည် လုံးချင်းသရတစ်ခုဖြစ်၏။ ထို့ကြောင့် သရအက္ခရာ သုံးလုံးဖြစ်သော "ဥ၊ ဦ၊ ဦး" တို့သည် သီးသန့်စကားလုံးများဖြစ်ကြသည်။ "ဦ"သည် "ဥ" ကို လုံးကြီးတင် (ီ) ၍ ဖြစ်လာသည် မဟုတ်သကဲ့သို့ "ဦး"သည်လည်း "ဦ" ကို ဝစ္စပေါက် (း) ထည့်ထားခြင်းမဟုတ်ပါ။ သို့ဖြစ်၍ ဤသရအက္ခရာသုံးလုံးသည် အချင်းချင်း မှီခိုပြီးမှ တည်ဆောက်ထားသော စကားလုံးများ မဟုတ်ကြပေ ။[၂]


မှတ်စု[ပြင်ဆင်ရန်]

  1. အခြေခံသရ (၁၁) လုံးမှာ : အ ၊ အာ ၊ ဣ ၊ ဤ ၊ ဥ ၊ ဦ ၊ ဧ ၊ အဲ ၊ ဩ ၊ ဩော် ၊ အို
  2. သင်ရိုးသရ (၁၂) လုံးမှာ : အ ၊ အာ ၊ ဣ ၊ ဤ ၊ ဥ ၊ ဦ ၊ ဧ ၊ အဲ ၊ ဩ ၊ ဩော် ၊ အံ ၊ အား

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်လှဝင်း (ပညာရေး)၊ သူငယ်တန်းမြန်မာစာသင်ပြမှုနည်းပညာ (ဗျည်းအက္ခရာနှင့် သရအက္ခရာများ)။ 14 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 October 2020 တွင် ပြန်စစ်ပြီး။
  2. ကိုသိမ်းမြတ် (အလင်္ကာပုလဲပန်း)၊ ဘီဘီစီ၊ အလင်္ကာပုလဲပန်း၊ ၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ