အေမီ ဝိုင်းဟောက်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အေမီ ဝိုင်းဟောက်စ်
Amy Winehouse
အချက်အလက်များ
အမည်ရင်း Amy Jade Winehouse
မွေးဖွား 14 September 1983(1983-09-14)
Southgate, London, England
ကွယ်လွန် 23 July 2011 (aged 27)
Camden, London, England
အလုပ်အကိုင် Singer, songwriter
Years active 1993, 2003–2011


အေမီ ဝိုင်းဟောက်စ် (Amy Winehouse) (၁၄ စက်တင်ဘာ ၁၉၈၃ - ၂၃ ဇူလိုင် ၂၀၁၁) သည် R&B၊ soul၊ jazz စသည့် ဂီတဟန်များဖြင့် သီဆိုလေ့ရှိသည့် ဗြိတိသျှ တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။ အားမာန်အပြည့်နှင့် အသံနိမ့်ကို ပိုင်ဆိုင်သူအဖြစ် လူသိများသည်။

သူမ၏ ဗွေဆော်ဦး တေးအယ်လ်ဘမ် Frank ကို ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဖြန့်ချိသည့် ဒုတိယ အယ်လ်ဘမ် Back to Black ဖြင့် သူမသည် ဂရမ်မီဆုကြီး ၅ ခုကို ဆွတ်ခူးခဲ့ရာ ဆု ၅ ခုရသည့် ပထမဦးဆုံးသော ဗြိတိသျှ အမျိုးသမီး တေးသံရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဂီတအပိုင်းတွင် ပါရမီရှိကာ အောင်မြင်သော်လည်း အေမီ ဝိုင်းဟောက်စ်သည် မိမိ၏ လက်တွေ့ဘဝ အပိုင်းတွင်မူ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။ သူမသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လန်ဒန်မြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၇ နှစ်သာ ရှိသေးသည်။ [၁]

ကိုးကား [ပြင်​ဆင်​ရန်​]