အသုံးပြုသူ:HtetPyae/Xcode

ဝီကီပီးဒီးယား မှ

Xcode[ပြင်ဆင်ရန်]

Xcode
Xcode Running on Mac
ဆော့ဖ်ဝဲလ်ရေးသူ(များ)Apple Inc.
တည်ငြိမ်သောထုတ်ပြန်မှု
11.6
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
macOS
ဆော့ဖ်ဝဲလ် အမျိုးအစားIntegrated development environment (IDE)
လိုင်စင်Freeware with open-source components
ဝက်ဘ်ဆိုဒ်developer.apple.com/xcode/

Xcode သည် Integrated Development Environment (IDE)  အမျိူးအစား ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပီး MacOs အတွက် ထုတ်လုပိထားပါသည်။ Xcode တွင် ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေး အတွက် များစွာသော ကိရိယာများ ပါဝငိပီးMacOS, iOS, iPadOS, watchOS နှင့် tvOS များတွင် ဆော့ဖ်ဝဲ များ ရေးသားနိုင်ရန်ရည်ရွယ်ပါသည်။ ပထမဆုံး ဖြန့်ချိမှုကို ၂၀၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နောက်ဆုံးဖြန့်ချိထားသော ဗားရှင်းကတော့ ၁၁.၆ ဖြစ်ပါသည်။ Xcode ကို Mac App Store တွင် MacOS Catalina အသုံးပြုသူတွေ အခမဲ့ ဒေါင်းလုဒ် (download) ရယူနိုင်ပါသည်။[၁] စာရင်းသွင်းထားသော ဆော့ဖ်ဝဲရေးသားသူများ အနေဖြင့် အကြိုဖြန့်ချိမှုများ နှင့် အရင်ကိရိယာ ဗားရှင်း အဟောင်းများကို Apple Developer ဝဘ်ဆိုက် ကနေ တစ်ဆင့် ရယူနိုင်ပါသည်။[၂] Xcode တွင် ကွန်မန်းလိုင်း ကိရိယာ (Comman Line Tools) ပါဝင်ပြီးMacOs တွင်ပါဝင်သော Terminal အက်ပ် ကနေ တစ်ဆင့် UNIX ပုံစံ ဆော့ဖ်ဝဲရေးသားမှုကို ဖြစ်မြောက်စေပါသည်။ သူတို့ကို အဓိက IDE မရှိပဲလည်း ဒေါင်းလုဒ်(download) ပြုလုပ်ပြီး အင်းစတော(install) ပြုလုပ်နိုင်ပါသည်။

အဓိကလုပ်ဆောင်ချက်များ (Major Features)[ပြင်ဆင်ရန်]

Xcode ဟာ ပရိုဂရမ်းမင်း ဘာသာများဖြစ်သော  C, C++, Objective-C, Objective-C++, Java, AppleScript, Python, Ruby, ResEdit (Rez) နှင့် Swift တို့ရဲ့ ဆို့စ်ကုဒ် များကို သူတို့ရဲ့ ပရိုဂရမ်းမင်း မော်ဒယ် များနှင့်အတူထောက်ပံ့ပေးပါသည်။ ထိုထဲ တွင် Cocoa, Carbon နှင့် Java တို့ပါဝင်ပြီး တစ်ခြား ဟာများလဲပါဝင်နိုင်ပါသည်။ Third Parties များကတော့ GNU Pascal[၃], Free Pascal[၄], Ada, C#[၅], Go, Perl[၆], နှင့် D[၇] တို့အတွက် အထောက်အပံ့ ပေးထားပါသည်။

Xcode ဟာ မတူညီသော ကွန်ပြူတာတည်ဆောက်ပုံများအတွက် ကွန်ပြူတာကုဒ် များပါဝင်သော fat binary ဖိုင်များကို တည်ဆောက်နိုင်ပြီး execute လုပ်နိုင်သော Mach-O ပုံစံဖြင့် ထုတ်ပေးပါသည်။  ထိုအရာများကို universal binary files ဟုခေါ်ပြီး ဆော့ဖ်ဝဲ များကို PowerPC နှင့် Intel ​၏ (x86) platform များတွင် အသုံးပြုနိုင်အောင်ဆောင်ရွက်ထားပါသည်။ ထိုအထဲ တွင် 32 bit နှင့် 64 bit ကုဒ်များပါဝင်ပြီး ထိုကွန်ပြူတာတည်ဆောက်ပုံ နှစ်မျိူးလုံး အတွက်ဖြစ်ပါသည်။ Xcode ကို ARM ​၏ ကွန်ပြူတာတည် ဆောက်ပုံကိုအသုံးပြုထားသော processors များတွင် အသုံးပြုနိုင်သော iOS applications များအား compile နှင့် debug ဆောင်ရွက်ချက်များကိူ iOS SDK ကိုအသုံးပြူ ပြီး ပြုလူက်နိုင်ပါသည်။

Xcode တွင် GUI ကိရိယာ တစ်ခုဖြစ်သော Instruments ပါဝင်ပြီး Dynamic tracing framework တစ်ခုဖြစ်သည့် DTrace ပေါ်မှာ လည်ပတ်ပါသည်။ DTrace ကို Sun Microsystems ကို ရေးသားထားပြီး OpenSolaris ပရောဂျက်​၏ အစိတ်အပိုင်းအဖြစ်ဖြန့်ချိခဲ့ပါသည်။

ဖွဲ့စည်းပုံ (Composition)[ပြင်ဆင်ရန်]

ဒီ ဆော့ဖ်ဝဲ အစုရဲ့ အဓိက application ဟာ Integrated Development Environment (IDE) ဖြစ်ပြီး Xcode နာမည်နဲ့ ဖြစ်ပါသည်။ ဒီ Xcode ဆော့ဖ်ဝဲအစုမှာ အက်ပယ်လ် မှဆော့ဖ်ဝဲရေးသားသူအများစုရဲ့ စာရွက်စာတမ်း ( documentation) များပါဝင်ယုံသာမက interface builder လဲ built-in အဖြစ်ပါဝင်ပါသည်။ ထိုapplication ကို သုံး ၍graphical user interface များကို ဖန်တီးနိုင်ပါသည်။ Xcode ဆော့ဖ်ဝဲ အစုရဲ့ ဗားရှင်း4.1 အထိ တွင် GNU compiler collection ရဲ့ ပြုပြင်ထားသော ဗားရှင်းပါဝင်ပါသည်။သို့သော် ဗားရှင်း 3.1 မှ 4.6.3 အထိတွင် LLVM-GCC compiler ပါဝင်ပြီး front end ကိုGNU compiler မှ သုံးထားပြီး code generator ကို LLVM ပေါ်မှာအခြေခံထားပါသည်။[၈] ဗားရှင်း 3.2 နဲ့ နောက်ပိုင်းဗားရှင်းများတွင် Clang C/C++/Objective C compiler များပါဝင်လာပြီး အသစ်ပြန်လည် ရေးသားထားသော front end နှင့် LLVM အပေါ်အခြေခံထားသော code generator နှင့်အတူ Clang Static Analyzer ပါ ပါရှိပါသည်။[၉] ဗားရှင်း 4.2 ကစ၍ Clang compiler ဟာ အဓိက ဖြစ်လာပြီး[၁၀] ဗားရှင်း 5.0 မှာတော့ Clang တစ်ခုတည်းသာ ထောက်ပံ့ပေးပါသည်။

ဗားရှင်း 4.6.3 အထိ Xcode ဆော့ဖ်ဝဲ အစုဟာ GNU debugger(GDB) ကို သာ IDE debubbger ရဲ့ back-end  အနေနဲ့သုံးခဲ့တာဖြစ်ပြီး ဗားရှင်း 4.3 က စပြီး LLDB debugger ကိုပါ ထောက်ပံ့ပေးခဲ့ပါသည်။ ဗားရှင်း 4.5 တွင် LLDB ဟာ GDB ကိုအစားထိုးလိုက်ပြီး IDE debugger ရဲ့ အဓိက back-end ဖြစ်လာခဲ့ပါသည်။[၁၀] ဗားရှင်း 5.0 မှစပြီး GDB ကိုလုံးဝ မထောက်ပံ့တော့ပါ။[၁၁]



  1. Xcode on Mac App Store။ Apple Inc.။ Aug 05,2020 တွင် ပြန်စစ်ပြီး။
  2. Downloads။ Apple Developer။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  3. Adriaan van Os။ GNU Pascal and Xcode။ Microbizz.nl။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  4. Using Free Pascal with Xcode။ Pascal-central.com။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  5. CSharp Plugin - Google Code။ cocoa-sharp-dev - CSharpPlugin.wiki။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  6. CamelBones -An Objective-C/Perl Bridge။ Sherm Pendley။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  7. D For Xcode။ Aug 05, 2020 တွင် ပြန်စစ်ပြီး။
  8. Prince McLean (June 20, 2008)။ Apple's other open secret: the LLVM Compiler။ Aug 6, 2020 တွင် ပြန်စစ်ပြီး။
  9. Xcode 3.2: teh awesome edition။ Aug 06, 2020 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ Xcode 4.0။ Apple (Sept 16, 2015)။ Aug 06, 2020 တွင် ပြန်စစ်ပြီး။
  11. New Features in Xcode 5.0။ Apple (Sep 16, 2015)။ Aug 06, 2020 တွင် ပြန်စစ်ပြီး။

[[ကဏ္ဍ:Category:IOS (Apple)]] [[ကဏ္ဍ:Category:MacOS]] [[ကဏ္ဍ:Category:IOS Development Software]] [[ကဏ္ဍ:Category:Integrated Development Environments]] [[ကဏ္ဍ:Category:Freeware]]