ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆော့ဖ်ဝဲ ဖွံ့ဖြိုးမှု ဆိုသည်မှာ ဆော့ဖ်ဝဲ ထုပ်လုပ်ခြင်း၊ရေးသားခြင်းများဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းကို ခေါ်ဆိုသည်။ဆော့ဖ်ဝဲ ဖွံ့ဖြိုးမှု ကို ကွန်ပြူတာ ပရိုဂရမ်းမင်း တွင် ဆို့စ်ကုတ်ဒ်များ ရေးသားခြင်း၊ထိန်းသိမ်းခြင်း လုပ်ဆောင်ချက်များကို ရည်ညွှန်းသည်။ထို့ပြင် ဆော့ဖ်ဝဲ ဖွံ့ဖြိုးမှုတွင် သုတေသနပြုခြင်း၊အသစ်အသစ်များ တိုးတက်စေခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ပြုပြင်မွန်းမံခြင်း၊ထိန်းသိမ်းခြင်းနှင့် အခြားအချက်များစွာပါဝင်သည်။ဆော့ဖ်ဝဲများ ဖွံ့ဖြိုးရန် ရည်ရွယ်ချက်မျိုးစုံရှိနိုင်သော်လည်း အဓိကအချက် (၃)ရပ်မှာ စီးပွားရေးလုပ်ငန်းများ၏ အဓိကလိုအပ်ချက်များကို ဖြည့်စည်းရန်၊အလားအလာကောင်းသော လေ့လာနေဆဲ အသုံးပြုသူများ၏လိုအပ်ချက်များရရှိနိုင်စေရန်၊ ကိုယ်ရေးကိုယ်တာ အသုံးပြုရန်တို့အတွက် ဖြစ်သည်။

ဆော့ဖ်ဝဲ ဖွံ့ဖြိုးရန် ချဉ်းကပ်နည်းများစွာရှိသော်လည်း အင်ဂျင်နီယာနှင့်သက်ဆိုင်သောမူကိုအခြေခံထားသောပုံစံများသည် စီးပွားရေးနှင့်ဆိုင်သော အဖြများရရှိရန်ရည်ရွယ်သည်။အချို့ကမူ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေရန်ရည်ရွယ်ကြသည်။အချို့ နည်းနာများတွင် ပေါင်းစပ်ထားသော အောက်ပါအခြေအနေများ ကို ဆော့ဖ်ဝဲ ဖွံ့ဖြိုးရန် စုစည်းထားသည်။

  • ပြဿနာများကို စိစစ်ပိုင်းခြားနိုင်ရန်
  • ဈေးကွက်သုသေတနပြုရန်
  • စီးပွားရေးပြဿနာများဖြေရှင်းခြင်းအတွက် လိုအပ်ချက်များကို စုစည်းရန်
  • ဆော့ဖ်ဝဲအခြေခံထားသောပြဿနာဖြေရှင်းခြင်းအတွက် ဒီဇိုင်း(သို့)စီစဉ်မှု ဖန်တီးရန်
  • ဆော့ဖ်ဝဲ၏(coding)များ ပြီးမြောက်လုပ်ဆောင်နိုင်စေရန်
  • ဆော့ဖ်ဝဲများစမ်းသပ်ရန် ဖွံ့ဖြိုးစေရန်

အထက်ပါအချက်များသည် ဆော့ဖ်ဝဲ ဖွံ့ဖြိုးမှု လှည့်လည်ပုံ software development lifecycle, orSDLC [[၁]] ကိုညွှန်းဆိုသည်။