အရင်းလဲ အဖျား ထင်းဖြစ်

ဝီကီပီးဒီးယား မှ

အရင်းလဲ အဖျား ထင်းဖြစ် သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သစ်ပင်၏အရင်းပိုင်း ပြိုလဲသည့်အခါ အဖျားပိုင်းသည် အလိုအလျောက် ထင်းဖြစ်ရသကဲ့သို့ မူလအရင်းခံပျက်စီးလျှင် အဆွယ်အပွားတို့သည် အလိုအလျောက် ပျက်စီးကြသည်။

မူရင်းအသုံး[ပြင်ဆင်ရန်]

"တဏှာတစ်ခုကို ဖြုတ်နိုင်တဲ့ အတွင်းမှာဖြစ် အရင်းလဲ၊ အဖျားထင်းဖြစ် ဆိုတာလို အပိုအမို ကိလေသာတွေဟာ တစ်ခါတည်း ကွာကျပါလိမ့်မယ်။"