| အင်တီဂွါနှင့် ဘာဘူဒါ |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - Each Endeavouring, All Achieving |
| နိုင်ငံတော်သီချင်း - Fair Antigua, We Salute Thee |
ပထဝီ
|
 |
| မြို့တော် |
စိန့်ဂျွန်မြို့ |
| အကြီးဆုံးမြို့ |
မြို့တော် |
ဧရိယာ
- ဧရိယာ - ၁၇၀ စတုရန်းမိုင် ( ၄၄၀ km² ) (အဆင့်: ၁၉၅)
- ရေဖုံးလွှမ်းမှု - မပြောပလောက်%
|
| စံတော်ချိန်ဇုန် |
UTC -၄ |
| လူနေမှု |
| လူဦးရေ
|
| နိုင်ငံရေး |
| အမျိုးအစား |
စည်းမျဉ်းခံဘုရင်စနစ် နှင့် ပါလီမန်ဒီမိုကရေစီ |
အစိုးရခေါင်းဆောင်များ
- နိုင်ငံတော် အကြီးအကဲ - အဲလိဇဘက် ၂
- ဘုရင်ခံချုပ် - ဒိန်း လူးဝစ် လိတ်ခ် တက်
- ဝန်ကြီးချုပ် - ဘောဒွင် စပင်ဆာ
|
ထူထောင်မှု
- လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ) - နိုဝင်ဘာ ၁၊ ၁၉၈၁
|
| စီးပွားရေး |
| GDP(PPP) |
၁.၄၂၅ ဘီလီယံ[၁] (အဆင့် - ) |
| GDP(PPP) |
US $၁၆,၅၇၃ [၁] (အဆင့် - ) |
| HDI |
▲ ၀.၈၆၈ (အမြင့်) (အဆင့် - ၄၇) |
| ငွေ |
အရှေ့ ကာရစ်ဘီယံ ဒေါ်လာ |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.ag |
| Calling code |
+၁-၂၆၈ |
အင်တီဂွါနှင့်ဘာဘူဒါသည် ကာရစ်ဘီယံပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာကြားရှိ စပိန်စကားပြောများနေထိုင်သော အမြွာကျွန်း နှစ်ကျွန်းဖြစ်သည်။ အင်တီဂွါကျွန်း နှင့် ဘာဘူဒါကျွန်း တို့သည် အကြီးဆုံးကျွန်းများဖြစ်ပြီး Great Bird, Green, Guinea, Long, Maiden and York Islands စသောကျွန်းငယ်အမြောက်အမြားပါဝင်ဖွဲ့စည်းထားသည်။ မြောက်လတ္တီကျု ၁၇ ဒီဂရီ ခန့်တွင်တည်ရှိပြီး အီကွေတာနှင့်နီးသော အင်တီဂွါနှင့်ဘာဘူဒါကို ကမ်းခြေ(၃၆၅)ခုရှိသောတိုင်းပြည် (Land of 365 Beaches) ဟုခေါ်သည်။ ယင်းတိုင်းပြည်တွင် အပန်းဖြေကမ်းခြေပေါင်း မြောက်မြားစွာရှိသည်။ ယခင်ကဗြိတိသျှ ကိုလိုနီဖြစ်ခဲ့သောကြောင့် အုပ်ချုပ်ရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့တွင် အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုများ လွှမ်းမိုးနေသည်။