အက္ခရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Caslon-schriftmusterblatt.jpeg

အက္ခရာ ဆိုသည်မှာ အရေး နှင့် အဖတ် အသုံးပြုသည့် ဘာသာစကားတိုင်း၊ စာပေတိုင်းအတွက် အသုံးပြုသော ဗျဉ်း၊ သရ အစရှိသည့် အသံအနှိမ့်အမြင့်များကို ကိုယ်စားပြုဖော်ပြသည့် အရေးပုံစံ စံစာလုံးများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းတွင် အက္ခရာပုံစံများ မူပိုင်ထားရှိသည်။

ကမ္ဘာပေါ်ရှိ ဘာသာစကားအတော်များများသည် ထိုသဘောကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်ပြီး ကြပြီဖြစ်သည် နှုတ်ဖြင့် ပြောသောစကားသံများကို မြင်သာသောအမှတ်အသားဖြင့် တစ်ဆင့်မှတ်တမ်းတင်ကာ “စာအရေးအသား”ကို တီထွင်ခဲ့ကြပြီးဖြစ်သည်။ ဘာသာစကား အတော်များများတွင် ကိုယ်ပိုင်စာ အရေးအသား စနစ်များရှိကြပြီးဖြစ်သည်။

စာအရေးအသားပေါ်ပေါက်လာသည့်အတွက် များစွာ အကျိုးရှိသည်ကား အမှန်ပင်ဖြစ်သည်။ စာအရေးအသားဖြင့် ထိန်းသိမ်းမှတ်တမ်းတင်နိုင်ခြင်းကြောင့် ဘာသာစကားဆိုသော စကားသံများသည် လေထဲမှာ ချက်ချင်းပျောက်မသွားတော့ဘဲ အချိန်ကြာကြာခံသည့် အခြေအနေသို့ ရောက်လာသည်။ နေရာဝေးဝေး ပျံ့နှံ့အောင် လုပ်နိုင်သော အခြေအနေသို့ ရောက်လာသည်။ စာအရေးအသား၏ ကျေးဇူးကြောင့် ရှေးလူတို့၏ ဆောင်ရွက်ချက်များကို နှောင်းလူတို့က ဆက်ခံပြီး ဆက်လက်တိုးတက်အောင် ဖန်တီးနိုင်လာကြသည်။ ဤသို့ဖြင့် လူ့ယဉ်ကျေးမှုသည် ပို၍ပို၍ ဖွံ့ဖြိုးလာရသည်။

“နှစ်ပေါင်း ရာထောင်မကသော အချိန်က ပုဂ္ဂိုလ်အမျိုးမျိုး၏ အဆိုအမိန့်များ ဆောင်ရွက်ချက်များကို ယနေ့တိုင် သိနိုင်ခြင်းမှာ စာအရေးအသား၏ ကျေးဇူးကြောင့်ဖြစ်သည်။ စာအရေးအသားသည် သိစရာမှတ်စရာ ဗဟုသုတ အမျိုးမျိုးကို သိုမှီးထိန်းသိမ်းပေးနိုင်သည်။ ထို့ကြောင့် မှတ်သားစရာများကို အားလုံးဦးခေါင်းထဲမှာ ထည့်ထားစရာမလိုတော့ပဲ စာဖြင့် မှတ်ထားနိုင်သည်။ ဤမျဆိုလျင် စာအရေးအသား၏ အရေးပါပုံမှာ ထင်ရှားလောက်ပါပြီ...”

မြန်မာဘာသာစကားတွင်လည်း ကိုယ်ပိုင်စာအရေးအသား စနစ် အခိုင်အမာရှိနေပြီးဖြစ်သည်။ စာအရေးအသားစနစ်တွင် အသုံးပြုသော ကောက်ကောက်ကွေ့ကွေ့ အမှတ်သင်္ကေတများကို “အက္ခရာ”ဟုခေါ်သည်။ [၁]



မြန်မာ အက္ခရာများ[ပြင်​ဆင်​ရန်​]

ကကြီး
ခကွေး
ဂငယ်
ဂကြီး
င
စလုံး
ဆလိမ်
ဇကွဲ
ဇမျဉ်ဆွဲ
ည
တတလင်းဂျပ်
ထဝမ်းဘဲ
ဒရင်ကောက်
ဒရင်မှုတ်
နကြီး
တဝမ်းပူ
ထစဉ်ထူး
ဒဒွေး
ဒဦးချိုက်
နငယ်
ပစောက်
ဖဦးထုပ်
ဘလချိုက်
ဘကုန်း
မ
ယပလက်
ရကောက်
လ
၀
သ
Transparent2.png
ဟ
လကြီး
အ
Transparent2.png

မြန်မာအက္ခရာသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ ခန့်မှ အေဒီ ၃၀၀ ကျော်အထိ အိန္ဒိယဒေသတွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံကြသည်။

မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်ကဲ့သို့ပင် ဗျည်းအက္ခရာများ၊ ဗျည်းတွဲသင်္ကေတများ၊ သရအက္ခရာများ၊ သရသင်္ကေတများ၊ နိဂ္ဂဟိတ် (သေးသေးတင်)၊ ဝိသဇ္ဇနီ (ဝစ္စပေါက်) သင်္ကေတများဟူသော ပစ္စည်းအဆောက်အဦများဖြင့် တည်ဆောက်သည့် အရေးအသားစနစ်ဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အသုံးပြုသည့် အခြားစကားများနှင့် မြန်မာစကားတို့၏ ခြားနားမှုများကြောင့် ဗျည်းအရေအတွက်၊ သရအရေအတွက်၊ သင်္ကေတအမျိုးအမည်နှင့် အရေအတွက် အနည်းငယ်ကွာခြားမှု ရှိစေကာမူ မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်နှင့် အခြေခံအားဖြင့် တူညီသည်။

ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။

မြန်မာအက္ခရာများကို ပါဠိနှင့် သက္ကတဘာသာ ရေးသားရာတွင်လည်း အသုံးပြုသည်။ မြန်မာ အက္ခရာများသည် စက်ဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှေးအခါက ပေရွက်ပေါ်တွင် စာရေးရာ၌ မျဉ်းဖြောင့်များ ရေးသားရာတွင် ပေရွက်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။

မွန် အက္ခရာများ အခဝ်မန်[ပြင်​ဆင်​ရန်​]

မွန် အက္ခရာများ

တလပညာမန်တအ် ကေတ်ဂိုအ်နင် အခဝ်မန် နူကု ပဒေသ အေန်ဒိအာ သကုတ်သလုင်ကျာ က္လာ ခရေတ်ဟဂိုအ် ကတိုဝ်ဒဟ်ဏိမ်ရ၊၊ လိက်တ္မအ်တိုင် စကာအခရ်မန်တုယ် ချူ က္လုင်လဝ် နူကု သတဝဟ် century ၄ ခရေတ်တေအ်ရ၊ အခဝ်မန်တအ် ဂိုအ်ဆိုဝ်ကေတ် ပဍဲရာၑ်မန်တရေမ် ဒွာရဝတိ၊ ဟရိဘုဉ်ၛ၊ သုဝဏ်ဏဘုမ်၊ ဟံင်သာဝတိ၊ ပိုင်ၜဳ ဨရာဝတိ၊ ပုကာမ်၊ ကျာက်ဇြာ၊ တအ်အလုမ်ဒေသအိုတ်ရ၊၊ နူကု အခဝ်မန် က္လာယ် ဗဒဟ်က္လုင် အခဝ်ဗမာ၊ သေမ်တာယ်ယာယ်၊ ပအိုဝ်၊ ကရေင်မန်(ပိုဝ်) ကရေင်ဗမာ (စကော)၊ နာနာတအ်အိုတ်ရ၊၊ အခဝ်မန်တမ်လာတေအ် မစကာမံင် ကပဍဲလိက်တ္မအ်နာနာတအ် ဂဟ် ကဝေန်ကဝံက်၊ ဂ္လိင်ဇာဝ် မံင်တုယ် လက်ကရာဝ်ဏအ် ချူတိုန် မအခဝ်မင်ဂ္လန်၊ နူဂဟ် သဂိုအ်ကေဟ်ချူ အခဝ်မင်ဂ္လန်လတူ သ္လရိုတ် သ္လတာ စာက်ထောင်လောယ်တုယ် ကေဟ်က္လုင်အခဝ်ခဍမ်ခဍမ်ရ၊၊

ရှမ်း အက္ခရာများ[ပြင်​ဆင်​ရန်​]

ကရင် အက္ခရာများ[ပြင်​ဆင်​ရန်​]

ရခိုင် အက္ခရာများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁၉၉ဝ ပြည့်နှစ်တွင် ပထမအကြိမ်ထုတ်သော မြန်မာစာကျမ်းပြုဆရာကြီး မောင်ခင်မင်{ဦးခင်အေး}(ဓနုဖြူ)၏ ၁၉၈၇ခုနှစ်၊ စာပေဗိမာန် စာမူဆုရ သုတပဒေသာ(ဝိဇ္ဇာပညာရပ်) “မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ”