အက

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အကဆိုသည်မှာ သံစဉ်များကို လိုက်၍ ကိုယ်ခန္ဓာယိမ်းနွဲ့လှုပ်ရှားမှု တစ်မျိုးကို ဆိုလိုပါသည်။ အက အမျိုးအစား အများအပြားရှိသည့် အပြင် jazz (အမေရိကန်လူမျိုးများ စတင်တီထွင်ခဲ့သည့် အပြင်းစားအက), ballet(ဘဲလေးအက), tap(စည်းချက်လိုက်အက), waltz(သာယာညိမ့်ညောင်းသော စုံတွဲအက), hip hop(အမေရိကန်လူမည်းများ စတင်ခဲ့သည့် အက)ဟူ၍ ရှိပါသည်။

အကသည် အနုပညာအမျိုးအစားတစ်ရပ် ဖြစ်ပြီး လူတစ်ဦးချင်းသော်လည်းကောင်း၊ လူအများအပြားဖြင့် သော်လည်း အကကို ဖန်တီးနိုင်သည်။ အက ပညာရှင်အများစုသည် ၎င်းတို့၏ ခံစားချက်တို့ကို အကဖြင့် သရုပ်ဖော်ပြသလာသည်ကို တွေ့ရမည်။


သမိုင်း[ပြင်​ဆင်​ရန်​]

ပထမဆုံးသော အကပညာသင်ကျောင်းကို ၁၆၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကျောင်းအား ၁၉၆၁ ခုနှစ်အထိ အကပညာရှင် အမျိုးသားများကသာ အုပ်ချုပ်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်းမှ သာ အမျိုးသမီးများ အုပ်ချုပ်လာခဲ့ သည်။

ကာလရွေ့လျားသည်နှင့်အမျှ အနောက်တိုင်း စုံတွဲအကများ ပေါ်ထွက်လာခဲ့ပါသည်။ အနောက်တိုင်းစုံတွဲအကများထဲတွင် အမျိုးသားနှင့် အမျိုးသမီး တွဲဖက်ကရသော စုံတွဲအက ဝေါ့ဇ် အကမှာ ထင်ရှားလာခဲ့သည်။

အကပညာရပ်အား စတင်စိတ်ဝင်စားသူများသည် အကပညာသင်ကျောင်းများသို့ သွားရောက် ပညာသင်ကြားရသည်။ ထို ပညာသင်ကျောင်းများမှ အကပညာရပ်အား အခြေခံစည်းချက်မှ စတင်သင်ကြားပေးပြီး ကျွမ်းကျင်တတ်မြောက်သည့် ပညာရှင်များ ဖြစ်သည်အထိ သင်ကြားပေးလေ့ ရှိသည်။

အကပုံစံများ[ပြင်​ဆင်​ရန်​]

အကပုံစံမှာ အများအပြားရှိသည်။ ၎င်းတို့မှာ-

Ballet (ဘဲလေးအက)

Ballroom dancing (အနောက်တိုင်း အစဉ်အလာ စုံတွဲအက)

Belly dancing (ဗိုက်သားလှုပ်အက)

Breakdancing (အမေရိကန်လူငယ်များအကြား မြူးကြွသည့် အပြိုင်ကသည့် အက)

Classical (ရှေးရိုးအက)

Contemporary (ခေတ်ပေါ်အက)

Funk (လူမည်း ခေတ်ပေါ် စည်းချက်အက)

Hip hop (အမေရိကန်လူမည်းများ စတင်ခဲ့သည့် အက)

Jazz (အမေရိကန်လူမျိုးများ စတင်တီထွင်ခဲ့သည့် အပြင်းစားအက)

Lyrical (ခံစားမှုပြ အက)

Modern (ခေတ်သစ် အက)

R n’ B

Salsa (တောင်အာဖရိက အက)

Song and dance

Swing (မြူးမြူးကြွကြွ အက)

Tango (တောင်အာဖရိက စည်းချက် အက)

Tap dance (စည်းချက်လိုက်အက)