ဟိုလွန်ဒီဇိုင်းပြတိုက်

ဝီကီပီးဒီးယား မှ
ဟိုလွန်ဒီဇိုင်းပြတိုက်
တည်ထောင်ခြင်း၂၀၁၀
တည်နေရာဟိုလွန်မြို့အစ္စရေးနိုင်ငံ
ဝက်ဘ်ဆိုဒ်http://www.dmh.org.il/default.aspx

ဟိုလွန်ဒီဇိုင်းပြတိုက် (အင်္ဂလိပ်: Design Museum Holon) သည် အစ္စရေးနိုင်ငံရှိ ဒီဇိုင်းဆိုင်ရာ ပထမဆုံး ပြတိုက် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပြတိုက်၏ အဆောက်အအုံအား အစ္စရေးဗိသုကာပညာရှင်နှင့် စက်မှုဒီဇိုင်နာ ရွန်အာရက်က ဘရူနိုအာဆာနှင့် အတူ ဒီဇိုင်းထုတ်ခဲ့သည်။[၁][၂] ပြတိုက်သည် ဟိုလွန်မြို့ရှိ ယဉ်ကျေးမှုဧရိယာအသစ်၏ အရှေ့ပိုင်းတွင် တည်ရှိပြီး အနီးနားတွင် ဟိုလွန်နည်းပညာသိပ္ပံတည်ရှိသည်။

ပြတိုက်အား ၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ခရီးသွားမဂ္ဂဇင်း Conde Nast Travelerက ပြတိုက်သည် ကမ္ဘာ့အံ့ဖွယ်အသစ်တစ်ခုဟု ရည်ညွှန်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 32°0′39.46″N 34°46′39.39″E / 32.0109611°N 34.7776083°E / 32.0109611; 34.7776083