သံမဏိလူသား (ရုပ်ရှင်)
Wikipedia မှ
| သံမဏိလူသား (Iron Man) | |
ရုပ်ရှင်ပိုစတာ |
|
| ဒါရိုက်တာ | Jon Favreau |
|---|---|
| ထုတ်လုပ်သူ | Avi Arad Kevin Feige |
| ဇာတ်ညွှန်း | Mark Fergus Hawk Ostby Art Marcum Matt Holloway John August |
| သရုပ်ဆောင် | Robert Downey Jr. Terrence Howard Jeff Bridges Gwyneth Paltrow Leslie Bibb Faran Tahir Shaun Toub |
| ဂီတမှူး | Ramin Djawadi |
| ဓာတ်ပုံ | Matthew Libatique |
| တည်းဖြတ် | Dan Lebental |
| စတူဒီယို | Marvel Studios |
| ထုတ်ဝေသူ | Paramount Pictures |
| ဖြန့်ချိသည့်နေ့ | ၂၀၀၈ မေလ ၂ ရက် |
| ကြာမြင့်ချိန် | ၁၂၅ မိနစ် |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
| ဘာသာစကား | အင်္ဂလိပ် |
| ကုန်ကျငွေ | $140 million |
| ရောင်းရငွေ | $585,133,287 |
| Followed by | သံမဏိလူသား ၂ (ရုပ်ရှင်) |
သံမဏိလူသား ရုပ်ရှင်ဇာတ်ကားသည် အမည်တူ ရုပ်ပြကာတွန်းကို အခြေခံ ရိုက်ကူးထားသည့် သိပ္ပံခေတ်လွန် အမေရိကန် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ဒါရိုက်တာ ဂျွန် ဖာရိုး (Jon Favreau) ၏ လက်ရာဖြစ်ပြီး ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr.) က သံမဏိလူသား၏ သံချပ်ဝတ်စုံကို တီထွင်သူ စက်မှုလုပ်ငန်းရှင် တိုနီ စတာ့ခ် (Tony Stark) အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ တိုနီ စတာ့ခ်သည် ရာဇဝတ်မှုများကို လိုက်လံနိမ်နင်းသည့် မဟာ သူရဲကောင်း ‘သံမဏိလူသား’ ဖြစ်လာသည်။
သံမဏိလူသား ရုပ်ရှင်ဇာတ်ကားအား လူကြိုက်များသောကြောင့် နောက်ဆက်တွဲများကိုလဲ ဆက်လက်ရိုက်ကူးခဲ့သည်။ သံမဏိလူသား ၂ ဗွေဆော်ဦး ပြပွဲကို ၂၀၁၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပခဲ့ပြီး အတွဲ ၃ ကို ဆက်လက်ရိုက်ကူးလျက် ရှိကာ ၂၀၁၂ ခုနှစ်တွင် ရုံတင်ရန် စီစဉ်ထားသည်။