ဝေဠုဝန်နိကာယဂိုဏ်း

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိ ဝါးကျောင်း၌နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာများကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့်ပေါင်းသင်းဆက်ဆံသဖြင့် 'ဝေဠုဝန်ဒွါရဂိုဏ်း'ဟုလည်း ခေါ်ဆိုကြသည်။