ဝီလီယံ ဟာဗေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါက်တာ ဝီလီယံ ဟာဗေး (၁၅၇၈-၁၆၅၇)

ဝီလျံဟားဗေးသည် လူ၏ကိုယ်ခန္ဓာအတွင်း၌ စနစ် တကျသွေးလှည့်ပတ်ပုံကို စတင်တွေ့ရှိခဲ့သော အင်္ဂလိပ်အမျိုးသားဆရာဝန်ကြီးဖြစ်သည်။ ထိုအချက်ကို တွေ့ရှိရခြင်းဖြင့် အာဟာရဓာတ်ကို သွေးအားဖြင့် ကိုယ်ခန္ဓာရှိတစ်ရှူးများသို့ပို့ဆောင်ပေးကြောင်း သိရလေသည်။ တစ်ဖန် အာဟာရနှင့်လည်းကောင်း၊ သွေးနှင့် လည်းကောင်း စပ်ဆိုင်သော ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းသစ် များလည်း ပေါ်ထွန်းလာလေသည်။

သွေးလှည့်ပတ်ခြင်းနှင့် နှလုံး၏ အလုပ်လုပ်ပုံများကို တိကျစွာဖေါ်ထုတ် ပြသခဲ့သည့် ဒေါက်တာဝီလီယံ ဟာဗေးကို အင်္ဂလန်နိုင်ငံ ၊ ဖော့ခ်စတုန်းတွင် ၁၊ ဧပြီ၊၁၅၇၈ က ဖွားမြင်သည်။ ၁၀ကျော်သက်ဘဝကပင် ထူးချွန်စွာဖြင့် ကိန်းဘရစ်ချ် တက္ကသိုလ်၏ ကိုင်းရပ်စ် ကောလိပ်တွင် ပညာသင်ကြားခွင့်ရခဲ့ပြီးနောက် ၁၆၀၀ပြည့်နှစ်မှစကာ အီတလီနိုင်ငံ ပါဒွါးတက္ကသိုလ်တွင် ဆေးပညာကို သင်ယူခဲ့သည်။ ထိုအချိန်က ပါဒွါးတက္ကသိုလ်တွင် ဂယ်လီလီယို ပါမောက္ခအဖြစ် တာဝန်ယူနေချိန်(ဆေးပညာတွင်တော့ ဟုတ်မည်မထင်ပါ။) လည်းဖြစ်ပြီး ဥရောပတစ်လွှားတွင် ပါဒွါးတက္ကသိုလ်မှာ ဆေးပညာအရာတွင်လည်း ထိပ်တန်းအဖြစ် ရပ်တည်နေချိန်လည်း ဖြစ်သည်။ နှစ်နှစ်အကြာ ၁၆ဝ၂ ခုနှစ်၌ ဆေးပညာဘွဲ့ရပြီး အင်္ဂလန်သို့ပြန်ရောက်လာပြီး သမားတော်အဖြစ် အောင်မြင်စွာနေထိုင်ခဲ့သည်။ ၁၆ဝရ ခုနှစ်တွင် သမားတော်တက္ကသိုလ် အဖွဲ့ဝင်တစ်ဦးဖြစ်လာ၍ လန်ဒန်မြို့၊ စိန်ဗာသောလမျူးဆေးရုံ၌ သမားတော်အဖြစ်ခန့်အပ်ခြင်း ခံရသည်။

၁၆၁၆ခုနှစ်တွင်ဟားဗေးသည် သမားတော်တက္ကသိုလ်၌ ဆေးပညာကိုသင်ကြားပို့ချစဉ်က လူ၏ကိုယ်ခန္ဓာအတွင်း၌ နှလုံးသွေးလှည့်လည်ပုံကို သင်ကြားခဲ့လေသည်။ ထိုခေတ်က ကာယဗေဒကို လေ့လာသူတို့သည်လက်တွေ့အားဖြင့်မဟုတ်ဘဲ ရှေးဟောင်းစာပေအရသာလျှင်ကိုယ်ခန္ဓာအတွင်း၌ သွေးပျံ့နှံ့ကြောင်း ယေဘုယျအားဖြင့် လက်ခံထားကြသည်။ မည်သို့မည်ပုံလှည့်လည်ကြောင်းကိုမူကား အတိအကျ မသိကြချေ။ ဝီလျံဟားဗေးက နှလုံးသွေးချက်မှန်မှန် ခုန်ခြင်းကြောင့် သွေးသည် သွေးလွှတ်ကြော၊ သွေးလွှတ်ကြော သိမ်၊ သွေးပြန်ကြောသိမ်၊ သွေးပြန်ကြောတို့အားဖြင့်ကိုယ်ခန္ဓာ အတွင်း၌စံနစ်တကျ လှည့်လည်ပုံကိုထုတ်ဖေါ်ခဲ့လေသည်။ အခြားဆရာဝန်များက ဟားဗေး၏တွေ့ရှိချက်ကိုရုတ်တရက် လက်မခံကြပေ။ သို့ရာတွင် ဟားဗေးမကွယ်လွန်မီအတွင်း ဆေးပညာလောက၌ သွေးလှည့်ပုံနှင့်စပ်လျဉ်း၍ သူ၏အယူအဆကို ယုံကြည်လက်ခံလာကြလေသည်။ ထိုသို့အားဖြင့်ဝီ လျံဟားဗေးသည် နာမည်ကျော် ဆရာဝန်ကြီးအဖြစ် ထင်ရှားလာလေသည်။

ဒေါက်တာ ဝီလီယံ ဟာဗေးတစ်ယောက် ထိုကဲ့သို့ သွေးလှည့်ပတ်စီးဆင်းခြင်းကို မဖော်ထုတ်မှီက အများလက်ခံခဲ့သည်မှာ ယနေ့အမြင်နှင့် ကွာခြားလှပေသည်။ နှလုံး၏ အလုပ်လုပ်ပုံကိုလည်း ကောင်းစွာနားမလည်ကြသေးပေ။

ဟာဗေးအနေဖြင့် သွေးလှည့်ပတ်ခြင်းအကြောင်းကို သာမန်သင်္ချာတွက်နည်းဖြင့် လွယ်ကူစွာစဉ်းစား ဖော်ထုတ်နိုင်သည်ဟု သိရသည်။ နှလုံးတစ်ကြိမ်ခုန်လျှင် သွေးနှစ်အောင်စလွတ်လျှင် တစ်မိနစ်နှလုံးခုန်ကြိမ် ၇၂ကြိမ်တွင် သွေး၅၄၀ပေါင် လွတ်နိုင်ရမည်။ ထိုအလေးချိန်မှာ လူ့ကိုယ်တွင်းရှိ သွေး၏အလေးချိန်ထက်ပိုနေသည်သည်သာမက လူ့ခန္ဓာကိုယ်၏ အလေးချိန်ထက်ပင် များစွာပိုနေသေးသည်။ ထို့ကြောင့်သွေးမှာ အသေမဟုတ်၊လှည့်ပတ်စီးဆင်းနေခြင်းသာ ဖြစ်ရမည်ဟု စဉ်းစားမိခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ထိုအတွေးစိတ်ကူးကို ၉နှစ်ကြာ လေ့လာစမ်းသပ်ပြီးနောက် မှန်ကန်ကြောင်းအသိအမှတ်ပြုကာ ကျမ်းတစ်စောင်ရေးသားကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုအချိန်က အဏုကြည့်မှန်ပြောင်းများ မပေါ်သေးသဖြင့် ဆံခြည်မျှင်သွေးကြော များကိုမရှာဖွေနိုင်သေးသော်လည်း ဟာဗေးအနေဖြင့် ထိုကဲ့သို့သွေးကြောလေးများ ရှိရမည်ဟု မှန်းဆနိုင်ခဲ့ပြီးဖြစ်သည်။ (ဟာဗေးကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာမှသာ အီတလီ ဇီဝဗေဒပညာရှင် တစ်ဦးက အဏုကြည့်မှန်ပြောင်း ကိုတီထွင်ကာ သက်သေပြနိုင်ခဲ့သည်။)

နှလုံးနှင့် ပတ်သက်၍လည်း နှလုံး၏ တွန်းကန်အလုပ်လုပ်ပုံကို သီအိုရီများဖြင့် သက်သေပြခဲ့ပြီး အစဦးတွင် ေဝဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရသော်လည်း ၄င်းမကွယ်လွန်မှီပင် လူအများက လက်ခံခဲ့ကြသည်။

ဟာဗေးသည် ကိုယ်ဝန်ဆောင်ခြင်း နှင့် သန္ဓေဗေသ ပိုင်းတွင် သုတေသနများ ဆောင်ရွက်ခဲ့သေးသည်။ အရစ္စတိုတယ်ပြဆိုခဲ့သည့် သန္ဓေသားလောင်းတွင် ကိုယ်ခန္ဓာအပြည့်အစုံပါဝင်လာပြီးဖြစ်သည် ဟူသောအယူအဆကို ဆန့်ကျင်ပြီး သန္ဓေသားအရွယ်ရောက်လာသည့် အချိန်နှင့်အမျှ ကိုယ်လက်အင်္ဂါများ ထင်ရှားလာကြောင်း ရှင်းလင်းခဲ့သည်။ ထိုအကြောင်းကို ၁၆၅၁က ထုတေ်၀ခဲ့သည့် တိရိစ္ဆာန်မျိုးပွားပုံကျမ်း တွင်ထည့်သွင်းရေးသားခဲ့သည်။

ဟားဗေးသည် မျိုးပွားခြင်းနှင့် အသက်ရှူမှုနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို ရေးခဲ့သည်။ ပထမဂျိမ်းဘုရင်နှင့် ပထမချားဘုရင်တို့အတွက် ဘုရင့်သမားတော်အဖြစ်ဖြင့်လည်း အမှုထမ်းခဲ့သည်။ ဝီလျံဟားဗေးသည် [၁]

လန်ဒန်တွင် နေထိုင်နေရင်း ၁၆၅ရ ခုနှစ် ဇွန်လသုံးရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ကင့်နယ်ရှိ ဖုတ်စတုန်းမြို့၌ အထိမ်းအမှတ်ရုပ်တုကို ထုလုပ်စိုက်ထူ ထားကြလေသည်။


ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)