ဝီလီယံ ဟာဗေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါက်တာ ဝီလီယံ ဟာဗေး (၁၅၇၈-၁၆၅၇)

သွေးလှည့်ပတ်ခြင်းနှင့် နှလုံး၏ အလုပ်လုပ်ပုံများကို တိကျစွာဖေါ်ထုတ် ပြသခဲ့သည့် ဒေါက်တာဝီလီယံ ဟာဗေးကို အင်္ဂလန်နိုင်ငံ ၊ ဖော့ခ်စတုန်းတွင် ၁၊ ဧပြီ၊၁၅၇၈ က ဖွားမြင်သည်။ ၁၀ကျော်သက်ဘဝကပင် ထူးချွန်စွာဖြင့် ကိန်းဘရစ်ချ် တက္ကသိုလ်၏ ကိုင်းရပ်စ် ကောလိပ်တွင် ပညာသင်ကြားခွင့်ရခဲ့ပြီးနောက် ၁၆၀၀ပြည့်နှစ်မှစကာ အီတလီနိုင်ငံ ပါဒွါးတက္ကသိုလ်တွင် ဆေးပညာကို သင်ယူခဲ့သည်။ ထိုအချိန်က ပါဒွါးတက္ကသိုလ်တွင် ဂယ်လီလီယို ပါမောက္ခအဖြစ် တာဝန်ယူနေချိန်(ဆေးပညာတွင်တော့ ဟုတ်မည်မထင်ပါ။) လည်းဖြစ်ပြီး ဥရောပတစ်လွှားတွင် ပါဒွါးတက္ကသိုလ်မှာ ဆေးပညာအရာတွင်လည်း ထိပ်တန်းအဖြစ် ရပ်တည်နေချိန်လည်း ဖြစ်သည်။ နှစ်နှစ်အကြာတွင် ဆေးပညာဘွဲ့ရပြီး အင်္ဂလန်သို့ပြန်ရောက်လာပြီး သမားတော်အဖြစ် အောင်မြင်စွာနေထိုင်ခဲ့သည်။

ဒေါက်တာ ဝီလီယံ ဟာဗေးတစ်ယောက် ထိုကဲ့သို့ သွေးလှည့်ပတ်စီးဆင်းခြင်းကို မဖော်ထုတ်မှီက အများလက်ခံခဲ့သည်မှာ ယနေ့အမြင်နှင့် ကွာခြားလှပေသည်။ နှလုံး၏ အလုပ်လုပ်ပုံကိုလည်း ကောင်းစွာနားမလည်ကြသေးပေ။

ဟာဗေးအနေဖြင့် သွေးလှည့်ပတ်ခြင်းအကြောင်းကို သာမန်သင်္ချာတွက်နည်းဖြင့် လွယ်ကူစွာစဉ်းစား ဖော်ထုတ်နိုင်သည်ဟု သိရသည်။ နှလုံးတစ်ကြိမ်ခုန်လျှင် သွေးနှစ်အောင်စလွတ်လျှင် တစ်မိနစ်နှလုံးခုန်ကြိမ် ၇၂ကြိမ်တွင် သွေး၅၄၀ပေါင် လွတ်နိုင်ရမည်။ ထိုအလေးချိန်မှာ လူ့ကိုယ်တွင်းရှိ သွေး၏အလေးချိန်ထက်ပိုနေသည်သည်သာမက လူ့ခန္ဓာကိုယ်၏ အလေးချိန်ထက်ပင် များစွာပိုနေသေးသည်။ ထို့ကြောင့်သွေးမှာ အသေမဟုတ်၊လှည့်ပတ်စီးဆင်းနေခြင်းသာ ဖြစ်ရမည်ဟု စဉ်းစားမိခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ထိုအတွေးစိတ်ကူးကို ၉နှစ်ကြာ လေ့လာစမ်းသပ်ပြီးနောက် မှန်ကန်ကြောင်းအသိအမှတ်ပြုကာ ကျမ်းတစ်စောင်ရေးသားကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုအချိန်က အဏုကြည့်မှန်ပြောင်းများ မပေါ်သေးသဖြင့် ဆံခြည်မျှင်သွေးကြော များကိုမရှာဖွေနိုင်သေးသော်လည်း ဟာဗေးအနေဖြင့် ထိုကဲ့သို့သွေးကြောလေးများ ရှိရမည်ဟု မှန်းဆနိုင်ခဲ့ပြီးဖြစ်သည်။ (ဟာဗေးကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာမှသာ အီတလီ ဇီဝဗေဒပညာရှင် တစ်ဦးက အဏုကြည့်မှန်ပြောင်း ကိုတီထွင်ကာ သက်သေပြနိုင်ခဲ့သည်။)

နှလုံးနှင့် ပတ်သက်၍လည်း နှလုံး၏ တွန်းကန်အလုပ်လုပ်ပုံကို သီအိုရီများဖြင့် သက်သေပြခဲ့ပြီး အစဦးတွင် ေဝဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရသော်လည်း ၄င်းမကွယ်လွန်မှီပင် လူအများက လက်ခံခဲ့ကြသည်။

ဟာဗေးသည် ကိုယ်ဝန်ဆောင်ခြင်း နှင့် သန္ဓေဗေသ ပိုင်းတွင် သုတေသနများ ဆောင်ရွက်ခဲ့သေးသည်။ အရစ္စတိုတယ်ပြဆိုခဲ့သည့် သန္ဓေသားလောင်းတွင် ကိုယ်ခန္ဓာအပြည့်အစုံပါဝင်လာပြီးဖြစ်သည် ဟူသောအယူအဆကို ဆန့်ကျင်ပြီး သန္ဓေသားအရွယ်ရောက်လာသည့် အချိန်နှင့်အမျှ ကိုယ်လက်အင်္ဂါများ ထင်ရှားလာကြောင်း ရှင်းလင်းခဲ့သည်။ ထိုအကြောင်းကို ၁၆၅၁က ထုတေ်၀ခဲ့သည့် တိရိစ္ဆာန်မျိုးပွားပုံကျမ်း တွင်ထည့်သွင်းရေးသားခဲ့သည်။

လန်ဒန်တွင် နေထိုင်နေရင်း ၁၆၅၇တွင် ကွယ်လွန်သည်။

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်