ဝါဆောမြို့

ဝီကီပီးဒီးယား မှ
ဝါဆောမြို့
Warszawa  (ပိုလန်)
နိုင်ငံမြို့တော် နှင့် ကောင်တီ
ဝါဆောနိုင်ငံ၏ မြို့တော်
ပိုလန်: miasto stołeczne Warszawa
ဝါဆောမြို့၏ အလံတော်
အလံတော်
ဝါဆောမြို့၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
ဝါဆောမြို့၏ တရားဝင်လိုဂို
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): ဖီးနစ်မြို့တော်[၁]
ဆောင်ပုဒ်: Semper invicta  (Latin "ထာဝရ ကျရှုံးခြင်းမရှိ")
Page တမ်းပလိတ်:Maplink/styles-multi.css has no content.
Map
Map
Map
Map
ကိုဩဒိနိတ်: 52°13′48″N 21°00′40″E / 52.23000°N 21.01111°E / 52.23000; 21.01111ကိုဩဒိနိတ်: 52°13′48″N 21°00′40″E / 52.23000°N 21.01111°E / 52.23000; 21.01111
နိုင်ငံ ပိုလန်
VoivodeshipMasovian Voivodeship
ကောင်တီမြို့တော် ကောင်တီ
တည်ထောင်၁၃ ရာစု
City rights၁၃၂၃
မြို့တော်ခန်းမCommission Palace
Districts18 districts
အစိုးရ
 • အမျိုးအစားမြို့တော်-ကောင်စီ အစိုးရ
 • အစိုးရအဖွဲ့ဝါဆောမြို့တော်ကောင်စီ
 • မြို့တော်ဝန်Rafał Trzaskowski
 • Sejm of Poland20 members
 • ဥရောပ ပါလီမန်ဝါဆော အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ
ဧရိယာ
 • နိုင်ငံမြို့တော် နှင့် ကောင်တီ၅၁၇.၂၄ စတုရန်းကီလိုမီတာ (၁၉၉.၇၁ စတုရန်းမိုင်)
 • မြို့ပြကြီး၆,၁၀၀.၄၃ စတုရန်းကီလိုမီတာ (၂၃၅၅.၃၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၈–၁၁၆ မီတာ (၃၂၈ ပေ)
လူဦးရေ (၂၀၂၂)
 • နိုင်ငံမြို့တော် နှင့် ကောင်တီ၁,၈၆၃,၀၅၆ (ပထမ)[၂]
 • အဆင့်ပိုလန်နိုင်ငံတွင် ပထမ
ဥရောပသမဂ္ဂတွင် ဆဌမ
 • သိပ်သည်းမှု၃၆၀၁/km (၉၃၃၀/sq mi)
 • မြို့ပြကြီး၃၁၀၀၈၄၄[၃]
 • မြို့ပြကြီး သိပ်သည်းမှု၅၀၉.၁/km (၁၃၁၉/sq mi)
Demonym(s)Varsovian
အချိန်ဇုန်CET (UTC+1)
 • နွေရာသီ (DST)CEST (UTC+2)
Postal code00-001 to 04-999
ဧရိယာကုဒ်(များ)+48 22
မြို့တော်ရံပုံငွေzł 24.368 billion
(€5.4 billion)[၄]
အပြည်ပြည်ဆိုင်ရာလေဆိပ်များChopin (WAW)
Modlin (WMI)
Rapid transit systemMetro
ဝက်ဘ်ဆိုဒ်warszawa.pl
တရားဝင်အမည်ဝါဆောမြို့ သမိုင်းဝင်နေရာ
အမျိုးအစားCultural
ရွေးချယ်သည့်စံနှုန်းii, vi
ရွေးချယ်ခြင်း1980 (4th session)
ရည်ညွှန်းနံပါတ်30
ယူနက်စကို ဒေသဥရောပ
Varsovian Trumpet Call

ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏မြို့တော်ဖြစ်၍ ဗစ္စတျူလာ မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြေဩဇာကောင်းသော နယ်မြေ၏ အလယ်ဗဟို၌ ရှိ၍လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတို့ဖြင့် လွယ်ကူစွာ ဆက်သွယ်နိုင်သောကြောင့်လည်းကောင်း၊ ဥရောပ တိုက် အရှေ့ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်း၌ ထင်ရှားသောမြို့ဖြစ်သည်။ စက်ကိရိယာ၊ သတ္တုထည်၊ ရထားတွဲ၊ အိမ်ထောင်ပရိဘောဂနှင့် အထည်အလိပ်တို့ကို ထုတ်လုပ်သည်။ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း ကိုလည်း အကြီးအကျယ်လုပ်ကိုင်သည်။

ဝါဆောမြို့သည် ယခင်အခါက ရှေးဟောင်း နန်းတော်ကြီးများ၊ ဘုရားရှိခိုးကျောင်းများ၊ ပြတိုက်နှင့် စာကြည့်တိုက်များ၊ ပြည်သူ့ပန်းခြံများ ဖြင့် စည်ပင်သာယာသော မြို့ကြီးဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၃ ရာစုနှစ် တည်ဆောက်ခဲ့သော စိန်ဂျွန်းကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ထင်ရှား ၏။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဝါဆောမြို့သည် စစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသဖြင့် တစ်မြို့လုံးနီးပါးမျှ ပျက်စီးခဲ့လေသည်။ စစ်ပြီးခေတ်တွင် ပြန်လည်တည်ဆောက်သော အဆောက်အအုံများအနက် ကမ္ဘာကျော် ရူပဗေဒပါရဂူ ပိုလန်အမျိုးသမီး မာရီကျူးရီး အထိမ်းအမှတ် ဆေးရုံမှာ ထင်ရှားသည်။

ဝါဆောမြို့သည် ၁၆၅၅ ခုနှစ်မှစ၍ နိုင်ငံခြားမင်းတစ်လက်မှ အခြားတစ်လက်အောက်သို့ ပြောင်းလဲကျရောက်ခဲ့ရသည်။ ဆွီဒင်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ရုရှနိုင်ငံတို့က တစ်လှည့်စီအုပ်စိုးခဲ့ကြပြီးလျှင် ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် လွတ်လပ်သော ပိုလန်နိုင်ငံ၏ မြို့တော်အဖြစ်ကို ပြန်လည်ရရှိလေသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြင်းထန်စွာခံခဲ့ရသည်။ ဂျာမန်တို့သည် ဝါဆောမြို့ကို ငါးနှစ်မျှသိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလသို့ရောက်ခါမှ ရုရှားတပ်များက တိုက်ခိုက်အောင်မြင်သဖြင့် ဂျာမန်တို့သည် မြို့ကို လက်လွှတ်ခဲ့ကြလေသည်။ ထို့နောက် ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏ မြို့တော်ဖြစ်လာပြန်သည်။ လူဦးရေမှာ ၁၉၆၄ ခုနှစ် ခန့်မှန်းခြေအရ ၁၂၄၁ဝဝဝ ယောက်ရှိလေသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. The city of phoenix – War*saw everything (in pl)။ 27 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2009 တွင် ပြန်စစ်ပြီး။
  2. GUS - Bank Danych Lokalnych
  3. Population on 1 January by age groups and sex - functional urban areasEurostat။ 3 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 February 2017 တွင် ပြန်စစ်ပြီး။
  4. EXPENDITURE OF THE CAPITAL CITY OF WARSAW BUDGET BY TYPE။ 22 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2023 တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၂)။ "ဝါဆောမြို့"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၂ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်