လေဒီဂါဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်ေစရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.
လေဒီဂါဂါ
Lady Gaga
Portrait of a young, pale-skinned Caucasian female with blond hair
Gaga performing on The Monster Ball Tour in 2010
အချက်အလက်များ
အမည်ရင်း Stefani Joanne Angelina Germanotta
မွေးဖွား ၁၉၈၆ မတ်လ ၂၈
နယူးယောက်မြို့၊ အမေရိကန် ပြည်ထောင်စု
ဂီတဟန် Pop, dance
အလုပ်အကိုင် Singer-songwriter, performance artist,[၁] record producer, dancer, businesswoman, activist
တူရိယာ Vocals, piano, synthesizer, keytar
Years active 2005–present
တေးသံသွင်း ကုမ္ပဏီ Def Jam, Cherrytree, Streamline, Kon Live, Interscope
ဝက်ဘ်ဆိုက် ladygaga.com


လေဒီဂါဂါ (Lady Gaga) သည် နာမည်ကျော် အမေရိကန် ပေါ့ပ်တေးရေး၊ တေးဆိုတစ်ဦးဖြစ်ပြီး သူမ၏ အမည်ရင်းမှာ Stefani Joanne Angelina Germanotta ဖြစ်သည်။ ၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က မွေးဖွားသူဖြစ်သည်။ အီတလီ-ဂျာမနီ မိဘတွေက ဆင်းသက်တဲ့ကပြားပါ။ မွေးတာကတော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မှာပါ။ ငွေကြေးအသင့်အတင့်ရှိသည့် လူလတ်တန်းစား မိသားစု တစ်ခုမှ ဖွားမြင်လာသူတစ်ဦး ဖြစ်သည်။ လေဒီဂါဂါသည် ၂၀၀၃ ခုနှစ်အတွင်း နယူးယောက်မြို့ ဖက်ရှင်ရပ်ကွက် ရော့ခ်တေးလောကတွင် စတင်ကျင်လည်ခဲ့ပြီး များမကြာမီတွင် အင်တာစကုပ် တေးသံသွင်း (Interscope Records) တွင် တေးရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူမသည် "Radio Ga Ga" သီချင်းအား Queen(ဘုရင်မ) ရော့ခ်တီးဝိုင်းနှင့် တွဲဖက်သီဆိုစဉ် Lady Gaga ဟူသော အမည် ရရှိခဲ့လေသည်။ ထိုစဉ်ကာလအတွင်း ရက်ပါ(ရပ် အဆိုတော်) Akon က လေဒီဂါဂါ အဆိုပိုင်ကြောင်း တွေ့ရှိကာ သူ့ ကုမ္ပဏီ Kon Live Distribution တွင် လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သူမ၏ ဗွေဆော်ဦး တေးအယ်လ်ဘမ် The Fame ကို ထုတ်ဝေခဲပြီးနောက် လေဒီဂါဂါကို အများက သတိပြုမိလာကြသည်။ ယင်းအယ်လ်ဘမ်မှ Just Dance နှင့် Poker Face စသည့် သီချင်းများဖြင့် နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားလာသည်။ ၂၀၀၉ ခုနှစ်တွင် The Fame မှ သီချင်းတချို့နှင့် သီချင်းသစ်တချို့ ပါဝင်သည့် The Fame Monster ကို ထုတ်ဝေခဲ့ပြီး Bad Romance နှင့် Telephone သီချင်းနှစ်ပုဒ်မှာ အလားတူပဲ အောင်မြင်ခဲ့ရာ ကမ္ဘာတလွှား နယ်လှည့်သီဆို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

သူမ၏ ဒုတိယ တေးအယ်လ်ဘမ် Born This Way ကို ၂၀၁၁ မေ ၂၃ တွင် ထုတ်ဝေခဲ့သည်။ လူကြိုက်အများဆုံး Born This Way သီချင်းကိုမူ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် ပထမဦးဆုံး ပွဲထုတ်ခဲ့သည်။


ငယ်ငယ်က နယူးယောက်က Convent of the Sacred Heart မှာ ကျောင်းတက်ခဲ့တယ်။ တက္ကသိုလ် ကတော့ နယူးယောက်တက္ကသိုလ်ပါပဲ။ အဲ့ဒီမှာ Tisch School of the Arts ဆိုတာကို တက်တာပါ။ နယူးယောက်တက္ကသိုလ် အနုပညာ ကျောင်းခွဲပေါ့။ ၂ဝဝ၃ ခုနှစ်က ဒီလိုတက္ကသိုလ်မှာ ဝင်ရောက်ခဲ့ပြီးနောက် နယူး ယောက် Lower East Side မှာ ရော့ခ်သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တယ်။ သူမဟာ သီချင်းတွေဆို၊ သီချင်းတွေရေး၊ အဖွဲ ့တွေနဲ့ လုပ်ကိုင်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူမဟာ ၁၇ နှစ်နဲ့ တက္ကသိုလ်က လက်ခံခဲ့ သူတစ်ယောက်ဖြစ်လို့ ဖခင်ကြီးက အင်မတန်အထင်ကြီးခဲ့တယ်။ ဒါပေမဲ့ ဂီတလောကမှာ ကျက်စားရင်း မူးယစ်ဆေးစွဲခဲ့ပါတယ်။ ဖခင်ကြီးဟာ သမီးဒီလိုဖြစ်တော့ အတော်လေး အံ့ဩသွားတယ်။

မာတိကာ

[ပြင်​ဆင်​ရန်​] အနုပညာလောက

သူမဟာ ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်တယ်။ အနုပညာ လောကထဲကို ဝင်တယ်။ ဒါပေမဲ့ သူမရဲ့အောင်မြင်မှုအတိုင်းအတာ ဟာ အင်မတန်နည်းတယ်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့ပေမယ့် သုံးလနဲ့ ပျက်ပြယ်သွားတယ်။ ဒါကြောင့် သူမ ဆေးစွဲတာပဲတဲ့။ အဲဒီနောက် Streamline Records ဆိုတဲ့ ဓာတ်ပြား ကုမ္ပဏီတစ်ခုနဲ့ ကန်ထရိုက်လက်မှတ်ထိုးခဲ့တယ်။ အဲဒီမှာ ဂါဂါဟာ နာမည်ရပြီးသားဖြစ်တဲ့အဆိုတော်တွေအတွက် သီချင်းရေးပေးခဲ့ရ တယ်။ သူမရေးပေးတဲ့သူတွေထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နဲ့ Pussycat Doll တို့တစ်တွေ လည်း ပါဝင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်မှာပဲ Akon ဆိုတဲ့ အဆိုကျော်က သူမရဲ့ဆိုပေါက်ကို သဘောကျတယ်။ ဒီအတွက် Akon ဟာ သူရဲ့ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်တယ်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမဟာ အရင်ကုမ္ပဏီက Redone ဆိုတဲ့အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီမှာ သီချင်းအချိုရေးတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ တယ်။

[ပြင်​ဆင်​ရန်​] ၂ဝဝ၈ က စအောင်မြင်

တကယ်တော့ ၂ဝဝ၈ ရောက်တဲ့အခါကစပြီး သူမရဲ့ အမည်ကျော် ကြားမှုစတယ်လို့ ဆိုရမယ်။ ၂ဝဝ၈ မှာ သူမဟာ လော့စ်အန်ဂျလိစ် ကို ပြောင်းသွားခဲ့တယ်။ အဲ့ဒီမှာ သူမရဲ့ဓာတ်ပြားအယ်လဘမ် The Fame ကို ကြိုးစားထုတ်လုပ်ခဲ့တယ်။ The Fame ဟာ ယူကေ၊ ကနေဒါ၊ ဩစထရီးယား၊ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့မှာ နံပါတ်တစ် စွဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံ ၁၅ နိုင်ငံမှာတော့ ပဉ္စမ ရတယ်။ စုစုပေါင်း အချပ်ရေ ၁၄ သန်းရောင်းရတယ်။ နောက်တစ် ချပ်။ ဒါကတော့ တစ်ပုဒ်တည်းပေါ့။ Single ပါ။ ခြောက်နိုင်ငံမှာ နံပါတ်တစ်ရတယ်။ နောက် ဂရမ်မီဆုအတွက် စာရင်းတို့ခြင်းခံရတယ်။

နောက်တော့ နောက်တော့ သီချင်းတွေ၊ ဖက်ရှင်တွေ၊ ပါဖောမင်း (Performance) တွေနဲ့ သီချင်းဗီဒီယို (Music Video တွေဟာ အလျှိုအလျှိုထွက်လာလေတယ်။ ထွက်လာတိုင်း ကောင်းနေတယ်။ လူတွေ သူ့ကိုသဘောကျလာကြတယ်။ ထူးထူးခြားခြားဂရမ်မီဆု Grammy Awards ငါးခုကို ရတယ်။ ဒီအတွက် သူမဟာ ကမ္ဘာ့စံချိန် စံညွှန်း Guinness World Records မှာ နှစ်ကြိမ်ပါဝင်သွားတယ်။ သူမရဲ့ အယ်လ်ဘမ် ၁၃ သန်းရောင်းရပြီး Single ကတော့ ၅၁ သန်း ရောင်းရတယ်။ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းထဲ ဝင်သွားပါတယ်။ သူမဟာ ၂ဝဝဝ ပြည့်နှစ်ရဲ့ ဆယ်စုထဲမှာ ၇၃ ယောက်မြောက်အဆို တော်ဖြစ်တယ်။ Time ရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူသားတစ်ရာထဲမှာ ပါဝင်လာပြီး Forbes မဂ္ဂဇင်းထဲမှာ စာရင်းဝင်လာတယ်။

[ပြင်​ဆင်​ရန်​] ချစ်ခင်အားကျသူများ

သူမဟာ ရော့ခ်သီချင်းဆိုသူတွေကို ချစ်ခင်လေးစားသဘောကျ ပါတယ်။ ဒေးဗစ်ဘောင်ဝီ၊ ဖရက်ဒီမာကျူရီတို့ကို အားကျတယ်။ မက်ဒေါနားနဲ့ မိုက်ကယ်ဂျက်ဆင်တို့ကို အတုယူတယ်။ သူမရဲ့ ဟန်ပန်တွေဟာ မက်ဒေါနားနဲ့ အတော်လေးတူတယ်။ ”ကျွန်မဟာ မက်ဒေါနားရဲ့ Fan အစစ်”လို့ သူမက ပြောပါတယ်။ အဆိုကျော် Queen ရဲ့ သီချင်းဖြစ်တဲ့ Radio Gaga ကနေသူမဟာ Lady Gaga ဖြစ်လာတာပါ။ သူချစ်ခင်တဲ့ အခြားသူတွေကတော့ Whitney Houston.Brithey Spears, Grace Jones နဲ ့Debbie Harry တို့ပါပဲ။

[ပြင်​ဆင်​ရန်​] စေတနာရှင်

သူမရဲ့ အောင်မြင်မှုတွေကြားမှာ ထူးခြားတဲ့အချက်တစ်ခုကတော့ သူမဟာ ပရဟိတအလှူရှင်တစ်ဦး Philanthropist ဖြစ်ပြီး လူငယ် တွေကို အားပေးစကားပြောတတ်သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ လေဒီဂါဂါဟာ လူငယ်တွေအကြိုက်အများဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အော်ပရာဝင်းဖရီးဆီ က စကားတွေ ငှားသုံးတယ်လို့ဆိုရင်မမှားပါဘူး။ အပြောအဟော ကောင်းတဲ့အော်ပရာဟာ ၂ဝ၁ဝ ပြည့် မှာ အနားယူသွားတယ်။ သူမကို တီဗီဖန်သားပေါ်မှာ အပတ်စဉ်လူသန်းချီကြည့်ကြတယ်။ သူမဟာ ဟောပြောတာတစ်ခုတည်းနဲ့ သန်း ကြွယ်သူဌေးကြီးဖြစ်ခဲ့ပါတယ်။ အော်ပရာရဲ့စကားတွေဟာ Heart ထိတဲ့စကားတွေဖြစ်တယ်။ ဒါပေမဲ့ ပြောရုံသက်သက်နဲ့တော့ ဘယ်ရမလဲ။ လုပ်လည်း လုပ်ပြရပါ တယ်။ ဒီတော့ လေဒီဂါဂါဟာ သူပြောတဲ့အတိုင်းလုပ်ပြတာကို လေလာတွေ ့ရှိနိုင်တယ်။ မတ်လ ၁၁ ရက်နေ့က ဂျပန်ပြည်မှာ ငလျင်လှုပ် ကာ ဆူနာမီဝင်တာကိုကြားတော့ နာရီပိုင်းအတွင်း မှာ လေဒီဂါဂါဟာ လက်ပတ်ကြိုး (Bracelet) အလှူရန်ပုံငွေအတွက် ရောင်းပွဲကိုကျင်းပ တယ်။ ဒီအတွက် ရောင်းရငွေ ဒေါ်လာ ၁ ဒသမ ၁၅ သန်းကို ဂျပန် ကို လှူခဲ့တယ်။ ဇွန်လမှာ ဂျပန်ရဲ့ ကြက်ခြေနီအဖွဲ ့အတွက် စတိတ် ရှိုးပွဲကို သွားရောက်ဖျော်ဖြေခဲ့တယ်။ ၂ဝ၁ဝ ပြည့်နှစ်က ဟေတီ ငလျင်အတွက် နယူးယောက်က Radiocity Music Hall က ပွဲ တစ်ခုလုပ်ခဲ့တယ်။ နောက်သူမနဲ့ပတ်သက်တဲ့ပစ္စည်း (ဓာတ်ပုံ၊ တီရှပ် စသည်) တစ်နေ့ တာရောင်းရငွေကိုပါပေါင်းပြီး အလှူပြုလုပ်ခဲ့တယ်။ ရန်ပုံငွေဒေါ်လာငါးသိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့တယ်။ သူမ HIV, AIDSအတွက်လည်း အကူအညီများစွာ ပေးခဲ့ပါတယ်။

[ပြင်​ဆင်​ရန်​] ကိုယ်ပိုင်လားအငှားလား

လေဒီဂါဂါကို အများက ပြောနေကြတယ်။ မက်ဒေါနားရဲ့ ဟန်ပန်တွေအားလုံး ဆိုပေါက်တွေအားလုံး ယူထားတယ်။ မက်ဒေါနား ကတောင် သာသေးတယ်တဲ့။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပြားတွေကတော့ အရောင်းစွံနေဆဲပါပဲ။ သူမက နံပါတ်တစ်လေ။ ဘာကြောင့် ဒီ လောက်တောင်အောင်မြင်ရတာလဲလို့ Newsweek မဂ္ဂဇင်းက ဝေဖန် ထားတာကတော့ သူမဟာ သူ့ကိုယ်သူလက်ခံပြီး သူများကိုဆွဲတင် တဲ့ကလေးမဖြစ်လို့ပဲတဲ့။ အသက် ၂၅ နှစ်သာရှိသေးတဲ့ သူမကို လူငယ်တွေက နတ်သမီးလေးလို တင်စားမြင်ထားကြသတဲ့။ ‘ရုပ်ဆိုး လား၊ ဘာမှစိတ်ပျက်စရာမရှိဘူး။ ကျွန်မငယ်ငယ်က ကျောင်းမှာ အရမ်းရုပ်ဆိုးတယ်လို့ ပြောခံထိတယ်။ ကြည့်စမ်းပါ။ ကျွန်မနှာခေါင်း က အကြီးကြီး၊ သွားကလည်း ခေါသေး။ နောက် ပါးရိုးက ငေါထွက် နေတယ်။ အဲဒါဘာဖြစ်လဲ။ အမေပေးတဲ့အတိုင်းပေါ့။ ကျွန်မဟာ ကျွန်မပဲ။

နောက်ကျွန်မနဲ့တူတဲ့ လူအစစ်အမှန်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးလေ။ လူငယ်တွေလည်း ဒီလိုပဲ။ ကိုယ်ရထားတာကို လက်ခံလိုက်ပါ’ ”ရထားတာကို လက်ခံတယ်ဆိုပြီးမှ ပလတ်စတစ် ဆာဂျရီ (Plastic Surgery) မလုပ်ပါဘူး။ ကျွန်မဟာ ကျွန်မပဲပေါ့” ဒါမျိုးတွေကို သူမ စတိတ်ချ် စင်တွေပေါ်ကပြောတော့ လူငယ်တွေ အားပေးလိုက်တာ အရမ်းကို အရမ်းကိုပါပဲ။ ‘အားလုံးကိုမှာချင်တာ မိမိကိုယ်မိမိ လုံခြုံမှုမရှိဘူးဆိုတာမျိုး ဘယ်တော့မှ မခံစားပါနဲ့’ ‘မင်းကို လက်မခံတဲ့လူတွေရှိတယ်ဆိုတာကို စာရင်းကနေ ပယ်လိုက် ပါ။ သူတို့ လက်မခံတာ သူတို့ မင်းကိုနားမလည်လို့ပါ”(ဒေါက်တာခင်မောင်ညို)

[ပြင်​ဆင်​ရန်​] စတူဒီယို တေးစုစည်းမှုများ

Year Album details Peak chart positions Sales Certifications
(sales thresholds)
US
[၂]
AUS
[၃]
CAN
[၂]
FRA
[၄]
GER
[၅]
IRE
[၆]
NL
[၇]
NZ
[၈]
SWE
[၉]
UK
[၁၀]
2008 The Fame 2 3 1 2 1 1 12 2 15 1
2009 The Fame Monster
  • Released: November 23, 2009
  • Label: Interscope Records
  • Formats: CD, LP, digital download
5 3 2

6

12 7

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Lady Gaga Profile. Forbes. Retrieved on 2010-10-08
  2. ၂.၀ ၂.၁ allmusic ((( Lady GaGa > Charts & Awards > Billboard Albums ))). 'Allmusic'. Rovi Corporation. Retrieved on 2009-03-16
  3. Cite error: Invalid <ref> tag; no text was provided for refs named aus
  4. Cite error: Invalid <ref> tag; no text was provided for refs named fra
  5. Cite error: Invalid <ref> tag; no text was provided for refs named ger
  6. Cite error: Invalid <ref> tag; no text was provided for refs named ire
  7. Cite error: Invalid <ref> tag; no text was provided for refs named nl
  8. Cite error: Invalid <ref> tag; no text was provided for refs named nz
  9. Cite error: Invalid <ref> tag; no text was provided for refs named swe
  10. Cite error: Invalid <ref> tag; no text was provided for refs named chartstats
  11. Reporter, Daily Mail. "Lady Waa Waa: Eccentric singer breaks down when presented with plaque for selling 8 million records worldwide", Daily Mail, Associated Newspapers, 2009-12-25. Retrieved on 2009-12-31. 
  12. ၁၂.၀ ၁၂.၁ Grein, Paul. "Week Ending Jan. 17, 2010: 21 Million Lady Gaga Fans Can't Be Wrong", Yahoo!, 2010-01-20. Retrieved on 2009-12-31. 
  13. ၁၃.၀ ၁၃.၁ Lady Gaga - The Fame RIAA certification. 'Recording Industry Association of America' (2009-05-07). Retrieved on 2009-05-11
  14. 2009 Album Accreditations. ''Australian Recording Industry Association. Retrieved on 2009-03-04
  15. Cite error: Invalid <ref> tag; no text was provided for refs named criasales
  16. Platinum Europe Awards 2009. 'International Federation of the Phonographic Industry'. Retrieved on 2009-08-12
  17. BPI - Lady Gaga certifications. British Phonographic Industry (2009-12-31). Retrieved on 2010-01-08
  18. ARIA Top 50 Albums Chart. Australian Recording Industry Association. Retrieved on 28 December 2009
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်